Question
stringlengths
15
160
Answer
stringlengths
4
3k
Metadata
stringclasses
15 values
မျောက်ကျောက်ရောဂါဆိုတာဘာလဲ?
မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါကို ဘယ်နေရာတွေမှာ တွေ့နိုင်သလဲ?
မျောက်ကျောက်ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင်ထားတဲ့တိရစ္ဆာန်များ ကျက်စားရာ အပူပိုင်း မိုးသစ်တော ရာသီဥတုရှိသည့် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတွေမှာ ၎င်းရောဂါကို အတွေ့များပါသည်။ အခြားသောနိုင်ငံများမှ မျောက်ကျောက်ရောဂါဖြစ်ပွားသူများသည် ၎င်းရောဂါ အဖြစ်များသော အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသ‌များသို့ သွားရောက်ခဲ့ခြင်းရှိသည်ကို တွေ့ရှိရတတ်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါ လက္ခဏာတွေက ဘာတွေလဲ?
ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။ အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူပါ။ သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးပါ။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား?
လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။ မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။ လတ်တလောကာလတွင် ရောဂါဖြစ်ပွားမှုများသော တိုင်းပြည်များ၏ သတင်းပို့လူနာများအနက် (၃-၆) ရာခိုင်နှုန်းအထိ သေဆုံးနေပြီး ရောဂါအခံရှိသူများနှင့် ကလေးငယ်များ သေဆုံးခြင်းကို မကြာခဏတွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားမှုများသည့်တိုင်းပြည်များ၏ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်သည် လိုအပ်ချက် အကန့်အသတ်ရှိသည့်အတွက် ယခုဖြစ်ပွားနှုန်းများသည် ပိုမိုတွက်ချက်ခန့်မှန်းထားခြင်းလည်း ဖြစ်နိုင်သည်ကို သတိပြုထားသင့်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ဘယ်လိုကူးစက်စေတာလဲ?
မျောက်ကျောက်ရောဂါသည် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ ကူးစက်စေပါသည်။ ရှဉ့်၊ ကြွက်စသည့် ရှေ့သွားဖြင့်ကိုက်ဖြတ်တတ်သော တိရိစ္ဆာန်များနှင့် အဆင့်မြင့်နို့တိုက် သတ္တဝါများ (လူ၊ လူဝံ၊ မျောက်စသည်) တို့သည် ရောဂါပိုး လက်ခံသယ်ဆောင်သူများဖြစ်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားခံရမှုမှ လျော့ချနိုင်ရန်အတွက် သေဆုံးနေသော တိရစ္ဆာန်များ (၎င်းတို့၏ အသွေးအသား အပါအဝင်) နှင့် ဖျားနာနေသော တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများသည့် တိုင်းပြည်များတွင် တိရစ္ဆာန်များ၏ အသား သို့မဟုတ် အခြားအစိတ်အပိုင်းများကို သေချာစွာ ကျက်အောင်ချက်ပြုတ် စားသောက်သင့်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ မည်သို့ကူးစက်ပျံ့နှံ့ သနည်း?
မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် လူတစ်ဦးသည် ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်ပါသည်။ ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော ဗိုင်းရပ်စ်ကပ်ညိနေသည့် အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။ ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။ ဆိုလိုသည်မှာ ရောဂါပိုးသည် တံတွေးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့ လေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် ၎င်း၏ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။ ရောဂါလက္ခဏာ ပြသခြင်းမရှိသည့်သူများမှ ကူးစက်စေခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။
https://www.who.int/myanmar/emergencies/mpox
ဘယ်သူတွေမှာ မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်ခြေပိုများပါသလဲ?
မည်သူမဆို မျောက်ကျောက်ရောဂါ လက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်ပါသည်။ ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်ပါသည်။ ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ် နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိမနေပါ။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမှ အကာအကွယ်အချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ပါသည်။ မွေးကင်းစကလေးများ၊ ကလေးသူငယ်များနှင့် ခုခံအားကျဆင်းနေသူများတွင် မျောက်ကျောက်ရောဂါကြောင့် ပြင်းထန်သည့် ရောဂါလက္ခဏာများခံစားရနိုင်ပြီး သေဆုံးနိုင်ချေပိုများပါသည်။ ကျန်းမာရေးဝန်ထမ်းများသည်လည်း ရောဂါပိုးနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နိုင်သည့်အတွက်ကြောင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုမို မြင့်မားပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ မိမိကိုယ်တိုင်နှင့် အခြားသူများကို ဘယ်လို ကာကွယ်မလဲ?
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။ အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့် ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း (ဥပမာ- အဖုအပိန့်များကို ဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း) တို့ကို လုပ်ဆောင်ရန် အားပေးပါ။ ချောင်းဆိုးနေသော သို့မဟုတ် ပါးစပ်တွင် အနာရှိသော လူနာများနှင့် နီးကပ်စွာရှိနေပါက ၎င်းတို့ကို ဆေးရုံသုံးနှာခေါင်းစည်း (Mask) တပ်ဆင်ထားစေပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်း တပ်ဆင်ထားပါ။ သင့်အနေဖြင့် ဖြစ်နိုင်ပါက အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး အကယ်၍ အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုပြီး ကိုင်တွယ်ပါ။ လူနာများကိုယ်တိုင် အဝတ်အစားဝတ်ခြင်း သို့မဟုတ် အိပ်ယာခင်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို မလုပ်ဆောင်နိုင်၍ မိမိက ကိုင်တွယ်ပေးရမည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။ ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- စားသောက်ခန်းသုံးပစ္စည်းများ၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။
https://www.who.int/myanmar/emergencies/mpox
ကလေးငယ်များ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်လား?
ကလေးငယ်များသည် လူငယ်လူရွယ်များနှင့် လူကြီးများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။ ရောဂါပိုးသည် သန္ဓေသား သို့မဟုတ် မွေးကင်းစ ကလေးငယ်မွေးဖွားသည့်အချိန် သို့မဟုတ် မွေးကင်းစကလေးငယ်များအား ကနဦး ကိုင်တွယ်ထိတွေ့ခြင်းစသည်တို့မှ ကူးစက်နိုင်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မိမိကိုယ်တိုင် မျောက်ကျောက်ရောဂါခံစားနေရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်ပါသလဲ?
သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးကြောပြီး အခြားသူများကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်ရန် အထက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ပါ။ ကျန်းမာရေးဝန်ထမ်းက သင့်ထံမှ ဓါတ်ခွဲစမ်းသပ်ရန်အတွက် နမူနာယူမည်ဖြစ်သောကြောင့် သင့်အနေဖြင့် လိုအပ်သော ကုသမှု၊ ခံယူမှု ရရှိနိုင်မည်ဖြစ်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရှိသလား?
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသူများမှာ မျောက်ကျောက်ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်မှု တချို့ရနိုင်ပါသည်။ မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့သလို၊ ကမ္ဘာပေါ်တွင် ပထမဆုံးပပျောက်သွားသည့် ရောဂါဖြစ်သည့်အလျောက်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်သည့်အတွက်၊ အသက် (၄၀-၅၀) နှစ်အောက် လူများတွင်လည်း ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ခြင်းမရှိပါ။ ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါကုသနိုင်သည့် ဆေးရှိသလား?
မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုဖို့ ထောက်ခံချက်ပေးထားပါသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ပါသည်။
https://www.who.int/myanmar/emergencies/mpox
လက်ရှိကမ္ဘာမှာ မျောက်ကျောက်ရောဂါ အန္တရာယ်ရှိနိုင်သည့်နေရာက ဘယ်မှာလဲ?
၁၉၇၀ ခုနှစ်မှစ၍ ဖော်ပြပါ အာဖရိကနိုင်ငံ (၁၁) နိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုရှိသည်ကို အချက်အလက်များအရ သိရှိခဲ့ပါသည်။ ၎င်းတို့မှာ (ဘီနင်၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဂါဘွန်၊ ကော့ဒီအိုင်ဗွိုင်ယာ၊ လိုက်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဆီရာရာလီယွန် နှင့် တောင်ဆူဒန်) တို့ဖြစ်သည်။ မျောက်ကျောက်‌ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင်လည်း ရံဖန်ရံခါ ၎င်းရောဂါဖြစ်ပွားလေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ ၎င်းတို့သည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားရောက်ခဲ့ခြင်းရှိသည်ကို ပုံမှန်အားဖြင့်တွေ့ရလေ့ရှိသည်။ ယခင်ကဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက်ရောဂါဖြစ်ပွားမှုတစ်ခုမှာ ပြည်ပမှတင်သွင်းလာသော နို့တိုက်သတ္တဝါငယ်များမှတစ်ဆင့် ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလမှစ၍ ရောဂါဖြစ်ပွားမှုနည်းသည့် နိုင်ငံအများအပြားတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများလာသည်ကို တွေ့ရှိခဲ့ပါသည်။ ယခုဖြစ်ပွားမှုသည် မျောက်ကျောက်ရောဂါ၏ ယခင်ဖြစ်ပွားလေ့ရှိသည့်ပုံစံနှင့် မတူသည်ကိုတွေ့ရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ရောဂါဖြစ်ပွားနေသည့် နိုင်ငံများနှင့်ပူးပေါင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန်နှင့် ရောဂါပိုးရှိသူအား မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည့် လမ်းညွှန်ချက်များကို ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။
https://www.who.int/myanmar/emergencies/mpox
နိုင်ငံအများအပြားတွင် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ တွေ့ရှိသော မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘာတွေသိထားလဲ?
ယခင်က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုနည်းသည့်နိုင်ငံ အများအပြားသည် ၂၀၂၂ ခုနှစ် မေလမှ စတင်၍ ရောဂါဖြစ်ပွားမှုများကို စတင်သတင်းပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ရောဂါဖြစ်ပွားမှုနည်းသည့် (၁၀) နိုင်ငံနှင့်အထက်သည် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေမှုအား ဆက်လက် သတင်းပေးပို့ခဲ့ပါသည်။ ထပ်မံဖြစ်ပွားသူများကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိပါသည်။ ယခင်က မျောက်ကျောက်ရောဂါဖြစ်ပွားမှုနည်းသည့်နိုင်ငံများတွင် ၎င်းရောဂါ ကူးစက်ခံရသူများသည် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံများသို့ ခရီးသွားထားသည့် ရာဇဝင်နှင့် အမြဲလိုလို ဆက်စပ်မှုရှိပါသည်။ လက်ရှိအချိန် ၂၀၂၂ ခုနှစ်တွင် ရောဂါကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားမှုများသည့်နိုင်ငံသို့ ခရီးသွားလာခြင်းတို့မှာ သိသာရှင်းလင်းသော ဆက်စပ်မှုမရှိသကဲ့သို့ ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့်လည်း ဆက်စပ်မှုမရှိပါ။ ဤရောဂါဖြစ်ပွားမှုကြောင့် လူအများ (အထူးသဖြင့် မိမိတို့၏ ချစ်ခင်ရသူများထဲတွင် ရောဂါခံစားနေရသူတို့) သည် စိုးရိမ်မကင်းဖြစ်ပေါ်နေကြသည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ ယခုအချိန်တွင် အရေးကြီးဆုံး လုပ်ဆောင်ရမည့်အချက်မှာ ကူးစက်နိုင်ခြေ အများဆုံးရှိသူများအား မျောက်ကျောက်ရောဂါအကြောင်းကို ပိုမိုသိရှိလာစေရန် အသိပညာပေးခြင်းနှင့် လူများကြားတွင် နောက်ထပ် ပြန့်ပွားမှုအား မည်သို့လျော့ချရမည်ကို အကြံဉာဏ်များ ပေးရန်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ လူနာသစ်များကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းသည် အရေးကြီးပါသည်။ ဤမျောက်ကျောက်ရောဂါကြောင့် ထိခိုက်နစ်နာသူ မည်သူကိုမျှ နှိမ့်ချဆက်ဆံ၊ ကဲ့ရဲ့ပြစ်တင်ခြင်း မပြုရန် မဖြစ်မနေ အရေးကြီးပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအား ပံ့ပိုးကူညီရန် လုပ်ဆောင်လျက်ရှိသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါသည် ပိုမိုကျယ်ပြန့်ကြီးမားတဲ့ အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွားနိုင်သော အန္တရာယ်ရှိပါသလား?
မျောက်ကျောက်ရောဂါသည် လူတို့အကြားတွင် ကူးစက်ပျံ့နှံ့ရန်အတွက် ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် လိုအပ်သောကြောင့် (ဥပမာ-အရေပြားခြင်းထိတွေ့ခြင်း လိုအပ်သောကြောင့်) ကူးစက်နိုင်ခြေ အလွန်မြင့်မားသည်ဟု မယူဆပါ။ အများပြည်သူအတွက် ကူးစက်နိုင်သောအန္တရာယ် နည်းပါးပါသည်။ မျောက်ကျောက်ရောဂါကို ဦးစားပေးရောဂါပိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ထားပြီး ယခုဖြစ်ပေါ်နေသော ကူးစက်ပြန့်ပွားမှုကိုလည်း အရေးကြီး ဦးစားပေး အခြေအနေအဖြစ် တုံ့ပြန်ဆောင်ရွက်နေပါသည်။ နောက်ထပ် ဆက်လက်ပြန့်ပွားမှုမရှိစေရန်လည်း လုပ်ဆောင်လျှက်ရှိပါသည်။ ယခုတွေ့မြင်နေရသည့် မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုများမှာ ရောဂါဖြစ်ပွားမှုများသော နိုင်ငံများသို့ ခရီးသွားလာမှု သို့မဟုတ် အဆိုပါနိုင်ငံများမှ တိရစ္ဆာန်များ တင်သွင်းမှု စသည့်အခြေအနေများ မရှိခြင်းကြောင့် မျောက်ကျောက်ရောဂါ၏ ပုံမှန်ဖြစ်ပေါ်နေကျ ကူးစက်ပြန့်ပွားမှု အခြေအနေမဟုတ်ပါ။ ဗိုင်းရပ်စ်ပိုး မည်ကဲ့သို့ ပြန့်ပွားလာခြင်းနှင့် လူအများပိုမိုကူးစက်ခြင်းမှ ကာကွယ်ရန်တို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် ဦးစားပေးဖြစ်ပါသည်။ ဤအခြေအနေအသစ်နှင့်ပတ်သက်၍ လူထုအားအသိပညာပေးခြင်းသည် နောက်ထပ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်ရောဂါပိုးသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ပါသလား?
မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုအပါအဝင် လူတစ်ဦးမှတစ်ဦး အနီးကပ် ထိတွေ့ဆက်ဆံခြင်းမှ ကူးစက်နိုင်ပါသည်။ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုလမ်းကြောင်း (သုတ်ရည် သို့မဟုတ် မိန်းမကိုယ်အရည်) မှတစ်ဆင့် ကူးစက်နိုင်ခြင်း ရှိ/မရှိ ဆိုသည်ကို လတ်တလောအချိန်တွင် မသိနိုင်သေးသော်လည်း လိင်ဆက်ဆံစဉ်အတွင်း ခန္ဓာကိုယ်ရှိအနာနှင့် အရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကို ကူးစက်စေနိုင်ပါသည်။ မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပေါ်သော အနီကွက်များသည် လိင်အင်္ဂါနှင့် ပါးစပ်တို့တွင် တစ်ခါတစ်ရံ တွေ့ရတတ်ပြီး ၎င်းမှတစ်ဆင့် လိင်ဆက်ဆံစဉ်အတွင်း ကူးစက်စေသည်ဟု ယူဆရသည်။ ထို့ကြောင့် ပါးစပ် သို့မဟုတ် အရေပြားအနာများရှိသောနေရာတွင် ပါးစပ်နှင့်အရေပြားထိတွေ့မှုသည် ရောဂါကို ကူးစက်ပျံ့ပွား စေပါသည်။ မျောက်ကျောက်အဖုအပိန့်များသည် ရေယုန်၊ ဆစ်ဖလစ်အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါအချို့နှင့် ဆင်တူနိုင်သည်။ ထို့ကြောင့် လတ်တလောဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ဝေဒနာရှင် အတော်များများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် ကုသမှုလာရောက်ခံယူသော အမျိုးသားများကြားတွင် တွေ့ရှိနေရခြင်းဖြစ်သည်။ လိင်မှုပိုင်းဆိုင်ရာတက်ကြွသူများ သို့မဟုတ် လိင်တူချင်းဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်နိုင်သော အခြေအနေရှိသည် မဟုတ်ပါ။ မည်သူမဆို ရောဂါပိုးရှိသူနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံမိသူတိုင်း ရောဂါဖြစ်နိုင်ခြေရှိပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာခံစားရသော မည်သူမဆို ကျန်းမာရေးဝန်ထမ်းများထံတွင် အလျင်အမြန် အကြံဉာဏ်ရယူပါ။
https://www.who.int/myanmar/emergencies/mpox
အမျိုးသားခြင်း လိင်တူဆက်ဆံပါက မျောက်ကျောက်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများသပါလား?
မျောက်ကျောက်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လိင်မှုပိုင်းဆိုင်ရာ တက်ကြွနေသူများ သို့မဟုတ် လိင်တူဆက်ဆံသော အမျိုးသားများတွင်သာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပေါနိုင်ခြေရှိသည် မဟုတ်ပါ။ ရောဂါပိုးရှိသူနှင့်ထိတွေ့မိသူတိုင်း ရောဂါဖြစ် ပွားနိုင်သော အန္တရာယ်ရှိပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်နိုင်ချေရှိသော ရောဂါလက္ခဏာရှိသူတိုင်း ကျန်းမာရေးဝန်ထမ်းများထံမှ ချက်ချင်း အကြံဉာဏ်ရယူသင့်ပါသည်။ မျောက်ကျောက်ရောဂါ ဖြစ်ပွားသောရပ်ရွာနှင့်အဆက်အစပ်ရှိသော လူများအနေဖြင့်လည်း အလားတူပင် ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူသင့်ပါသည်။ ရောဂါဖြစ်ပွားမှု များပြားခြင်းမရှိသော နိုင်ငံများတွင် ရောဂါခံစားရသူအမြောက်အမြားသည် လိင်တူဆက်ဆံသော အမျိုးသားများဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ကို လိင်မှုဆိုင်ရာကျန်းမာရေး ဆေးပေးခန်းများတွင် တွေ့ရှိရခြင်းဖြစ်ပါသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားနေမှုများကို လိင်တူဆက်ဆံသော အမျိုးသားများအသိုင်းအဝိုင်းတွင် ပိုမိုကြားသိနေရသည့်ဖြစ်နိုင်သော အကြောင်းရင်းတစ်ခုမှာ အဆိုပါလူအုပ်စုတွင် ရောဂါဖြစ်ပါက ကျန်းမာရေးဝန်ဆောင်မှု ရှာဖွေရယူတတ်သည့် ကောင်းမွန်သော အပြုအမူရှိခြင်းကြောင့်ဖြစ်နိုင်ပါသည်။ မျောက်ကျောက်ရောဂါကြောင့်ဖြစ်ပွားသော အနီကွက်အဖုများသည် ရေယုန်နှင့် ကာလသားရောဂါ အပါအဝင် လိင်မှတစ်ဆင့် ကူးစက်သောရောဂါအချို့နှင့် ဆင်တူနိုင်ပါသည်။ ထို့ကြောင့် မျောက်ကျောက်ရောဂါများကို လိင်မှုဆိုင်ရာကျန်းမာရေးဆေးခန်းများတွင် တွေ့ရှိနေကြခြင်းလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤရောဂါအကြောင်းကို ပိုမိုလေ့လာသိရှိလာမည်ဆိုလျှင် အများပြည်သူကြားတွင် ထိုရောဂါဖြစ်ပွားမှုများကို ပိုမို ဖော်ထုတ်နိုင်ဖွယ်ရှိပါသည်။
https://www.who.int/myanmar/emergencies/mpox
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်သော ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံသည့်သတင်းများကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့မှ မည်သို့တုံ့ပြန်လိုပါသလဲ?
မျောက်ကျောက်ရောဂါ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ လူအုပ်စုတစ်ချို့တို့ကို နှိမ်ချ ဆက်ဆံသည့်သတင်းများ၊ ပြောဆိုမှုများကို မြင်တွေ့နေရပါသည်။ ထိုသတင်းများသည် မှန်ကန်မှု လုံးဝ မရှိပါ။ ပထမဆုံးအချက်အနေနှင့် မျောက်ကျောက်ရောဂါရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူတိုင်းသည် ရောဂါကူးစက်နိုင်ခြေရှိပါသည်။ ထိုသူက မည်သူမည်ဝါဖြစ်သည်၊ ဘာလုပ်ကိုင်သည်၊ မည်သူနှင့်လိင်ဆက်ဆံသူဖြစ်သည် စသည့်အချက်အလက်များနှင့် ရောဂါဖြစ်ခြင်းတို့မှာ ဆက်စပ်ခြင်း လုံးဝ မရှိပါ။ ဒုတိယအနေနှင့် မကျန်းမာသောအခြေအနေတစ်ခုကြောင့် သို့မဟုတ် ရောဂါတစ်ခုခုကြောင့် လူများကို ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံခြင်း၊ ပစ်ပါယ်ထားခြင်းများသည် လက်သင့်ခံထိုက်သော အခြေအနေမဟုတ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ရောဂါပျံ့ပွားမှု အမြန်အဆုံးသတ်ရန်ကိုလည်း အဆီးအတားဖြစ်စေပါသည်။ ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် ရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေသော မည်သူကိုမဆို ပံ့ပိုးကူညီရန် ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤရောဂါကို မည်သို့တားဆီးရမည်၊ မိမိကိုယ်နှင့် အခြားသူများကို ရောဂါကူးစက်ခြင်းမှ မည်သို့ကာကွယ်ရမည်ကို ကျွန်ုပ်တို့ သိရှိပြီးဖြစ်ပါသည်။ ကဲ့ရဲ့အပြစ်တင်၍ နှိမ်ချဆက်ဆံခြင်း၊ ပစ်ပါယ်ထားခြင်းများသည် မည်သည့်အခါမျှ အဆင်မပြေသကဲ့သို့ ဤရောဂါဖြစ်ပွားပျံ့နှံ့မှုတွင်လည်း အဆင်ပြေစေမည်မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။
https://www.who.int/myanmar/emergencies/mpox
ဤရောဂါကို ဘာကြောင့် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုတာပါလဲ?
၁၉၅၈ ခုနှစ်တွင် သုတေသနပြုလုပ်ရန် သိမ်းဆည်းထားသည့် မျောက်အုပ်စုများတွင် ပထမဆုံးတွေ့ရှိခဲ့သည့်အတွက် မျောက်ကျောက်ရောဂါဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ၎င်းကို ၁၉၇၀ ပြည့်နှစ်များတွင် လူသားများ၌ စတင်တွေ့ရှိခဲ့ပါသည်။
https://www.who.int/myanmar/emergencies/mpox
မျောက်ကျောက်‌ရောဂါ သတိပြုပါ
အာဖရိကဒေသတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုများကြောင့် ပိုမိုကူးစက်မြန်ပြီး ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲထွက်ပေါ်နေသဖြင့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လ ၁၃ ရက်နေ့တွင် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆၀၀ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦး အထိ ရှိခဲ့သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့နေပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
https://www.moi.gov.mm/article/60581
WHO အထူးအလေးထားရသော မျောက်ကျောက်ရောဂါ
အာဖရိကတိုက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင်ကြေညာခဲ့သည်။ အာဖရိကကို ကျော်လွန်ကာ ရောဂါကူးစက်လာနိုင်ခြေသည် အလွန်စိုးရိမ်စရာဖြစ်ပြီး ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ကာ လူ့အသက်များကို ကယ်တင်ရန်ပူးပေါင်းညှိနှိုင်းမှုရှိသည့် နိုင်ငံတကာတုံ့ပြန်မှု မဖြစ်မနေလိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲတက်ဒရို့စ်က ဆိုပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အဆိုပါရောဂါနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်ကလည်း အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တစ်နှစ်မပြည့်မီ အဆုံးသတ်ခဲ့ကာ ယခုကြေညာချက်သည် ဒုတိယအကြိမ်ဖြစ်သည်။ အာဖရိကအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အဓိကဖြစ်ပွားနေသော ရောဂါကူးစက်မှုများသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် သေဆုံးမှုမြင့်တက်လာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
https://www.moi.gov.mm/article/60582
Monkey ကနေ mpox လို့ ဘာလို့ခေါ်တာလဲ
မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုအစောပိုင်းကာလတွင် အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ ယခင်ကဖြစ်ပွားခဲ့ခြင်းမရှိသော နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိသည်။ ကူးစက်မှုသိသိသာသာမြင့်တက်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သော်လည်း ယမန်နှစ် မေလ ၁၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ မူလကမျောက်ကျောက် (Monkey Pox) ရောဂါဟု ခေါ်ဆိုနေကြသော်လည်း ယင်းဗိုင်းရပ်စ်ပိုး အမည်မှည့်ရာတွင်ခွဲခြားမှုနှင့် မနှစ်မြို့စရာများရှိနေကြောင်း စောဒကတက်မှုများကြောင့် ၂၀၂၂ ခုနှစ် အကုန်တွင် Mpox သို့ ပြောင်းလဲခေါ်ဆိုရန် WHO က ကြေညာခဲ့သည်။
https://www.moi.gov.mm/article/60583
မျောက်ကျောက်ရာဇဝင်
၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းက မျောက်များတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သဖြင့် Monkeypox (မျောက်ကျောက်ရောဂါ)ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရှားပါးကူးစက် ရောဂါတစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်ကွန်ဂိုနိုင်ငံ ၎င်းဒေသအလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ပျောက်ကွယ်သွားသည်။ တစ်ဖန် မျောက်ကျောက်ရောဂါသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန် ပြည်ထောင်စုဝစ္စကိုဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စု၌ဖြစ်ပွားခဲ့သော ယင်းကူးစက်ရောဂါသည် ဂါနာနိုင်ငံမှ တင်သွင်းသောကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင်ဖြစ်ပွားသည်ဟုလည်း ဆိုကြသည်။
https://www.moi.gov.mm/article/60584
၂၀၂၂ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါ
၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့ လာပြီဖြစ်သည်။ မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်သည်။ ထိုကာလများ၌ လူအချင်းချင်းကူးစက်မှုကို အနည်းငယ်သာတွေ့ရှိရ‌သော်လည်း ၂၀၂၂ ခုနှစ် မေလအတွင်းကပ်ရောဂါအသွင် ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ကြောင်းနှင့် မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်မှန်းထားသည်ထက် ၁၂ ဆ ပိုမိုမြန်ဆန်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ အကယ်၍ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအားနည်းသူများတွင် အဆိုပါရောဂါပိုး ကူးစက်ခံရပါက ပိုမိုပြင်းထန်သော လက္ခဏာများဖြစ်နိုင်ခြေရှိပြီး ရှားရှားပါးပါးအခြေအနေတွင် သေဆုံးနိုင်ကြောင်း သိရသည်။
https://www.moi.gov.mm/article/60585
မျောက်ကျောက်ရောဂါ၏ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။ ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ဆင်တူသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့သည် အရည်ကြည်ဖုပေါက်ခြင်းက တူသယောင်ထင်ရသော်လည်း ရေကျောက်ဖုများသည် ပေါက်သည်က ပေါက်၊ ပျောက်သည်က ပျောက်၊ ညှိုးသည်က ညှိုးအမျိုးမျိုးရှိကြသည်။ သို့သော် မျောက်ကျောက်အရည်ကြည်ဖုများက တစ်လုံးနှင့်တစ်လုံး ဘယ်အချိန်ကြည့်ကြည့် အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။ ယင်းအဖုအကွက်များသည် ကိုယ်လုံးပေါ်တွင်ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပိုထွက်တတ်သည်။ နှိုင်းယှဉ်ကြည့်ရာ၌ ရောဂါကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊ ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ် (ခံတွင်း)၊ ၃၀ ရာခိုင်နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိပေါ်တွင် ပေါက်တတ်ကြောင်း သိရသည်။ ၎င်းအရည်ကြည်ဖုသည် ဆက်လက်၍ အဝါရောင်အနှစ် ပြည်ဖုများဖြစ်လာပြီးနောက် ခန္ဓာကိုယ်အနှံ့မှ အဖု၊ အရည်ကြည်ဖုများ ပေါင်းစက်သွား ပြီး ရောဂါပျောက်ခါနီးတွင် အရေပြားအနာဖေးများ အလွှာလိုက်ကွာကျသွားသည်။
https://www.moi.gov.mm/article/60586
Mpox ရောဂါလက္ခဏာများ
Mpox ရောဂါလက္ခဏာများအနေနှင့် ဖျားနာခြင်း ၆၂ ရာခိုင်နှုန်း၊ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ၅၂ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၄၂ ရာခိုင်နှုန်း၊ ကြွက်သားများနာကျင်ခြင်း ၃၁ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၂၇ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၂၁ ရာခိုင်နှုန်းဖြစ်ပေါ်ခံစားရတတ်ကြောင်း သိရသည်။ စအိုနှင့်စအိုဝရောင်ရမ်းမှုကိုလည်း ပျမ်းမျှ လူနာ ၇၅ ဦးလျှင် ၁၄ ရာခိုင်နှုန်း တွေ့ရကြောင်း လေ့လာသိရှိရပါသည်။ ရောဂါပျိုးရက်သည် ရောဂါပိုးစတင်ဝင်ရောက်ပြီး ပျမ်းမျှငါးရက်မှ ၂၁ ရက်အတွင်း အောက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရနိုင်ပါသည်။ အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သည့် ၂၁ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသူများတွင် တွေ့ရသော ရောဂါလက္ခဏာများမှာ(က) လတ်တလောဖျားနာခြင်း (၃၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည်)၊ (ခ) ချမ်းတုန်ခြင်း၊ (ဂ) အကျိတ်ထွက်ခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း၊ (ဃ) ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ (င) ခါးကိုက်ခြင်း၊ ခါးနာခြင်း၊ (စ) မောပန်းနွမ်းနယ်ခြင်း၊ နုံးချည့်ခြင်းတို့ဖြစ်ကြသည်။
https://www.moi.gov.mm/article/60587
Mpox သက်သာခြင်း
ဖျားပြီးနောက် တစ်ရက်မှ ငါးရက်ခန့်အကြာ ခန္ဓာကိုယ်၌ အနီစက် သို့မဟုတ် အနီပြင်များဖြစ်ပေါ်ခြင်း၊ အရည်ဖုများ၊ ပြည်ဖုများ စသည်ဖြင့် အဆင့်ဆင့်ဖြစ်ပေါ်ပြီးနောက် အနာများဖြစ်ပေါ်ကာ နောက်ဆုံးတွင် အနာများပျောက်ကင်းသွားပြီး အမာရွတ်အဖြစ် ကျန်ခဲ့နိုင်ပါသည်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၏ အဆိုအရ လူအများစုသည် Mpox ကူးစက်ခံရပြီးနောက် ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ ထို့ပြင် မျောက်ကျောက် ကူးစက်ရောဂါလက္ခဏာများကို လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါ(STDs)များ၏ ရောဂါလက္ခဏာများနှင့်မှားယွင်းတတ်ရာ Mpox ရောဂါကို စစ်ဆေးဖော်ထုတ်ရန် တစ်ခါတစ်ရံ အလွန်ခက်ခဲကြောင်း CDC က ဆိုပါသည်။ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ မပြင်းထန်တတ်သော်လည်း ကိုယ်ခံအားနည်းသူများတွင် ရောဂါပြင်းပြင်းထန်ထန်ခံစားရနိုင်သည်။
https://www.moi.gov.mm/article/60588
မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် တိရစ္ဆာန်မှ လူကိုကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားမှတစ်ဆင့် ကူးစက်ခြင်းအပြင် ရောဂါရှိသူနှင့် အနီးကပ်စကားပြောခြင်း၊ အနီးကပ်နေထိုင်ခြင်း၊ အနီးကပ်အသက်ရှူခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်တတ်သည်။ ထို့ပြင် ရောဂါပိုးရှိသော တိရစ္ဆာန်မှသော်လည်းကောင်း၊ လူမှသော်လည်းကောင်း ကူးစက်နိုင်သည်။ ထိုဗိုင်းရပ်စ်သည် အာဖရိကရှိ ကိုက်ဖြတ်တတ်သော တိရစ္ဆာန်အမျိုးအစားများဖြစ်ကြသည့် ကြွက်၊ ရှဉ့်၊ ပူးများကြားတွင် ပုံမှန်အားဖြင့် ပျံ့နှံ့တတ်သည်။ တိရစ္ဆာန်မှတစ်ဆင့်လူသို့ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန် တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။ ရောဂါရှိသော လူ သို့မဟုတ် တိရစ္ဆာန်၏ ပျက်စီးနေသော အရေပြား၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် အကျိအချွဲအမြှေးပါးများ (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်)မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်နိုင်သည်။ ထို့ပြင် ချုံပုတ်အရွက်များကို ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက်ဖြစ်ပွားနေသော လူ သို့မဟုတ် တိရစ္ဆာန်နှင့် အနီးကပ်ထိတွေ့ခြင်း၊ တိရစ္ဆာန်ကိုက်ခံရခြင်း သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေ သောအနာခွက်များကို ထိတွေ့ကိုင်မိခြင်း၊ ခန္ဓာကိုယ်မှထွက်ရှိသောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါ ထွက်သောအရည်)၊ အရေပြားပေါ်တွင် အနီအဖုအပိမ့်ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊ အိပ်ရာ၊ စောင် စသည့် အသုံးအဆောင်များမှတစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်ပါသည်။ လိင်တူချစ်သူများနှင့် လိင်တူ၊ လိင်ကွဲ စိတ်ဝင်စားသူများတွင် များသောအားဖြင့် Mpox ရောဂါတွေ့နိုင်သည်။ ထို့ကြောင့် အဆိုပါရောဂါနှင့် အမြင့်ဆုံးကူးစက်ထိတွေ့ခဲ့သူသည် ရက်သတ္တသုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဟု ဘယ်လ်ဂျီယံနိုင်ငံနှင့် အင်္ဂလန်ကျန်းမာရေး သုတေသီများက အကြံပြုချက်ထုတ်ပြန်ထားပါသည်။
https://www.moi.gov.mm/article/60589
မျောက်ကျောက်ရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ
မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးသည်။ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကို ကာကွယ်ရန် မခဲယဉ်းလှပေ။ (က) Mpox ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ (ခ) လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောပါ၊ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ပါ၊ (ဃ) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ (င)နှာချေ၊ ချောင်းဆိုးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ၊ (စ) အစားစိမ်းများကို ကျက်အောင်ချက်စားပါ၊ (ဆ) တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့် ၊ (ဇ)လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါရ၊ (ဈ) လူအများသုံး သန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်း လက်ရန်းများ၊ ဘတ်စ်ယာဉ်ထိုင်ခုံ စသည့် ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ၊ (ည)တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စေရန်ဆောင်ရွက်ပါ။
https://www.moi.gov.mm/article/60590
မျောက်ကျောက်ရောဂါ vaccine
မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံအများစု၌ ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီး ရောဂါကာကွယ်ဆေး (Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရှိရသည်။
https://www.moi.gov.mm/article/60591
မျောက်ကျောက်ရောဂါအနှစ်ချုပ်
အချုပ်ဆိုရသော် ကမ္ဘာကြီးသည် အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် နိုင်ငံအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့သည်။ လက်ရှိတွင်လည်း ကိုဗစ်ကပ်ရောဂါနှင့် အသားကျနေပြီဖြစ်သော ကမ္ဘာကြီးသည် မျောက်ကျောက်ရောဂါကို အလိုက်သင့် ခုခံနိုင်မည်သာဖြစ်သည်။ သို့သော် ယခု တစ်ကျော့ပြန် အလေးထားနေရသော ရောဂါအခြေအနေကို ထိန်းချုပ်ရန် အခွင့်အလမ်းများရှိနေသဖြင့် စိုးရိမ်စရာမရှိဟု WHO က ဆိုထားသော်လည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအချို့က အဆိုပါဗိုင်းရပ်စ်သည် ယခင်ကမတွေ့ရှိခဲ့သော နိုင်ငံများ၌ အမြစ်တွယ်သွားမည်ကို စိုးရိမ်နေကြသည်။ သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မျောက်ကျောက် ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို အလေးထားလိုက်နာ၍ သတိပြုရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
https://www.moi.gov.mm/article/60592
နိုင်ငံတကာကျန်းမာရေး အရေးပေါ်အခြအနေဖြစ်လာသည့် မျောက်ကျောက် အကြောင်းပြောပြပါ။
မျောက်ကျောက်ရောဂါသည် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာများ ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ကြေညာလိုက်သည်။ ၂၀၂၂ ခုနှစ်အတွင်းကလည်း မျောက်ကျောက်ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ပြီးဆုံးသွားခဲ့သော်လည်း ယခုအကြိမ်တွင် မျောက်ကျောက်ရောဂါသည် ပိုမိုပြင်းထန်သည့်ပုံစံဖြင့် တစ်ကျော့ပြန်ပေါ်ထွက်လာခြင်းဖြစ်သည်။ မျောက်များတွင် စတင်တွေ့ရှိခြင်းကြောင့် မျောက်ကျောက်ရောဂါဟု အမည်တွင်ခဲ့သည့် အဆိုပါရောဂါသည် မည်သူမဆို ဖြစ်ပွားနိုင်သလို အခြားသူကိုလည်း ကူးစက်နိုင်သည်။ ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်း၊ ပါးစပ်မှတစ်ဆင့် အရေပြားကို ထိတွေ့ခြင်း၊ ရောဂါပိုးကပ်ငြိနေသည့်အိပ်ရာ၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အစား သို့မဟုတ် အရာဝတ္ထုများကို ထိတွေ့ခြင်းစသော အနီးကပ်ထိတွေ့မှုများက မျောက်ကျောက်ရောဂါကူးစက်ခံရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မျောက်ကျောက်ရောဂါ နှစ်မျိုးနှစ်စားရှိရာတွင် ၂၀၂၂ ခုနှစ်က နိုင်ငံ တကာအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည့် မျောက်ကျောက်ရောဂါသည် အပြင်းစားမဟုတ်သည့်အမျိုးအစားဖြစ်ပြီး ယခုဖြစ်သည့်အမျိုးအစားမှာ ပိုမိုပြင်းထန်ကြောင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲမှုလည်း ဖြစ်ပေါ်နေပြီး ကူးစက်မှုလည်း မြန်ဆန်ကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရှိရသည်။ မျောက်ကျောက်ရောဂါလက္ခဏာများမှာ မျက်နှာ၊ လက်၊ ခြေ၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည် ကြည်ဖုများ ပေါက်ခြင်း၊ ဖျားခြင်း၊ ပြန်ရည်အိတ် (Lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် နောက်ကျောနာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းတို့ဖြစ်ပြီး ကူးစက်မှု၏ ၄ ရာခိုင်နှုန်း သေဆုံးနိုင်ခြေရှိနေသည်ဟု သိရသည်။ ယခုနှစ်စပိုင်းအတွင်း အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ကွန်ဂိုသမ္မတနိုင်ငံတွင် မျောက်ကျောက်ကူးစက်မှု ၁၃၇၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူမှာလည်း အနည်းဆုံး ၄၅၀ ခန့်ရှိခဲ့ကြောင်း၊ ဗဟိုအာဖရိက၊ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် အခြားအာဖရိကနိုင်ငံ များတွင်လည်း မျောက်ကျောက်ကူးစက်မှုတွေ့ရကြောင်း သတင်းများအရ သိရှိရသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ဥရောပနှင့် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ခန့်တွင် မျောက်ကျောက်ရောဂါ ကူးစက်မှုပေါင်း ၈၇၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၄၀ ရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်လျော့ကျသွားပြီး တစ်ကမ္ဘာလုံး၌ ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိချိန်တွင် ယခုမျောက်ကျောက်ရောဂါကို နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ကူးသန်းသွားလာမှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာချိန်ဖြစ်သည့်အတွက် နိုင်ငံအဝင်အထွက် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် စစ်ဆေးမှုများ အလေးထားပြုလုပ်ဆောင်ရွက်ပြီး မိမိနိုင်ငံအတွင်း ရောဂါဝင်ရောက်ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်မလာစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်လာကြမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဆောင်ရွက်လာရမည့်အနေ အထားပင် ဖြစ်သည်။ မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေသည့်အတွက် ရောဂါဆိုင်ရာအချက်အလက်များမှာ ပြောင်းလဲနေမည်ဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်မူ မျောက်ကျောက်ရောဂါ၏ သဘောသဘာဝကို သိနားလည်ပြီး အနီးကပ်ထိတွေ့မှုမှ ကူးစက်ခြင်းကို ကာကွယ်နိုင်မည့်နည်းလမ်းများဖြင့် တစ်ကိုယ်ရေကျန်းမာရေးကို စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။
https://myanmar.gov.mm/en/news-media/-/asset_publisher/Jb7SCMXVsWI1/content/%25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%2584%25E1%2580%25B6%25E1%2580%2590%25E1%2580%2580%25E1%2580%25AC%25E1%2580%2580%25E1%2580%25BB%25E1%2580%2594%25E1%2580%25BA%25E1%2580%25B8%25E1%2580%2599%25E1%2580?_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_redirect=https%3A%2F%2Fmyanmar.gov.mm%2Fen%2Fnews-media%3Fp_p_id%3Dcom_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1%26p_p_lifecycle%3D0%26p_p_state%3Dnormal%26p_p_mode%3Dview%26_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_cur%3D0%26p_r_p_resetCur%3Dfalse%26_com_liferay_asset_publisher_web_portlet_AssetPublisherPortlet_INSTANCE_Jb7SCMXVsWI1_assetEntryId%3D363364888
မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြေကို ဘယ်လိုလျှော့ချနိုင်သလဲ?
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ရာတွင် ဘာတွေလုပ်ဆောင်သင့်သလဲ?
ရောဂါဖြစ်ပွားနေသူကို သီးခြားနေထိုင်စေခြင်း၊ အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း၊ အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း၊ လိုအပ်ပါက တစ်ခါသုံး လက်အိတ်များ အသုံးပြုခြင်းတို့ကို လုပ်ဆောင်သင့်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါလူနာနှင့် ထိတွေ့ပြီးနောက် လက်ကို ဘယ်လိုသန့်စင်သင့်သလဲ?
လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောသင့်သည်။
Annotated by Min Si Thu
လူနာ၏ အသုံးအဆောင်ပစ္စည်းများကို ဘယ်လိုသန့်ရှင်းရမလဲ?
လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်သင့်သည်။
Annotated by Min Si Thu
ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ဘာလုပ်သင့်သလဲ?
ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားသင့်သည်။
Annotated by Min Si Thu
ရောဂါပိုးကပ်ညှိနေနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ဘယ်လိုကိုင်တွယ်သင့်သလဲ?
ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကို စနစ်တကျ စွန့်ပစ်သင့်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကို ဘယ်နှစ်မှာ စတင်တွေ့ရှိခဲ့သလဲ?
မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကို ဘယ်နေရာမှာ စတင်တွေ့ရှိခဲ့သလဲ?
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းတွင် စတင်တွေ့ရှိခဲ့သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကို လူသားများတွင် ဘယ်နှစ်မှာ စတင်တွေ့ရှိခဲ့သလဲ?
လူသားများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက စတင်တွေ့ရှိခဲ့သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ လူသားများတွင် စတင်ဖြစ်ပွားခဲ့သော နေရာဒေသက ဘယ်နေရာတွေလဲ?
အာဖရိကတိုက် ကွန်ဂိုနိုင်ငံ၏ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် စတင်ဖြစ်ပွားခဲ့သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ပြန်လည်ပေါ်ထွန်းလာခဲ့သော နှစ်နှင့် နေရာများကို ဖော်ပြပါ။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။
Annotated by Min Si Thu
အမေရိကန်ပြည်ထောင်စုတွင် မျောက်ကျောက်ရောဂါ စတင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ဖော်ပြပါ။
၂၀၀၃ ခုနှစ် မေလတွင် အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီးနောက် ထိုရောဂါကူးစက်ခံခဲ့ရသည်။
Annotated by Min Si Thu
အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော မျောက်ကျောက်ရောဂါ၏ ဇစ်မြစ်က ဘာလဲ?
ဂါနာနိုင်ငံမှ တင်သွင်းသောကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင်ဖြစ်ပွားသည်ဟု ဆိုကြသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ၏ အဓိကလက္ခဏာများမှာ အဘယ်နည်း?
ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ ဖြစ်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အရေပြားပေါ်တွင် အနီကွက်များ ဘယ်အချိန်မှာ စတင်တွေ့ရတတ်သလဲ?
အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အရေပြားပေါ်တွင် ဘယ်လိုပုံစံများ တွေ့ရတတ်သလဲ?
အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အဖုအပိန့်များ ဘယ်လိုပြောင်းလဲသွားတတ်သလဲ?
အရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါဖြစ်နေစဉ် အဖုအပိန့်များကို အများဆုံး ဘယ်နေရာတွေမှာ တွေ့ရတတ်သလဲ?
အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါဖြစ်နေစဉ် ရောဂါလက္ခဏာများ ပျံ့နှံ့နေသည့် ကာလက ဘယ်လောက်ကြာတတ်သလဲ?
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ သံသယရှိပါက ဘာလုပ်သင့်သလဲ?
သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူသင့်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါလူနာနှင့် ထိတွေ့ခဲ့ပါက ဘာလုပ်သင့်သလဲ?
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့်လူနာနှင့် အနီးကပ်ထိတွေ့ခဲ့ပါက ကျန်းမာရေးဝန်ထမ်းများကို အသိပေးသင့်ပါသည်။
Annotated by Min Si Thu
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးများသည် မျောက်ကျောက်ရောဂါကို မည်သို့ကာကွယ်နိုင်သနည်း?
ကျောက်ကြီးရောဂါ ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါအတွက် ခွင့်ပြုချက်ရရှိထားသော ကာကွယ်ဆေးအသစ်၏ အမည်က ဘာလဲ?
MVA-BN, Imvamune, Imvanex of Jyynneo ဟုခေါ်သော ကာကွယ်ဆေးအသစ်တစ်မျိုးသည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးအသစ်၏ လက်ရှိအသုံးပြုမှုအခြေအနေက ဘယ်လိုရှိသလဲ?
2024 ခုနှစ်တွင် ကာကွယ်ဆေးအသစ်သည် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။
Annotated by Min Si Thu
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် မျောက်ကျောက်ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသနည်း?
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Annotated by Min Si Thu
မူလကျောက်ကြီးရောဂါကာကွယ်ဆေးကို လက်ရှိအချိန်တွင် အသုံးပြုနိုင်ပါသလား?
မူလပထမ ကျောက်ကြီးရောဂါကာကွယ်ဆေးသည် ယခုအချိန်တွင် ပြည်သူများအား ထိုးနှံနိုင်မှုမရှိတော့ပါ။
Annotated by Min Si Thu
ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဘယ်အချိန်က ရပ်နားခဲ့သလဲ?
ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်နောက်ပိုင်း အချိန်မှစ၍ ရပ်နားလိုက်ပါသည်။
Annotated by Min Si Thu
လက်ရှိအချိန်တွင် မည်သူတို့က ကျောက်ကြီးရောဂါကာကွယ်ဆေးအသစ်ကို ထိုးနှံထားပြီးဖြစ်သနည်း?
ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်ပါသည်။
Annotated by Min Si Thu
မျောက်ကျောက်လူနာအများစုတွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားရန် မည်မျှကြာတတ်သနည်း?
ရက်သတ္တပါတ်အနည်းငယ်အတွင်း
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများခံစားရနိုင်သူများမှာ မည်သူတို့ဖြစ်သနည်း?
မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများ
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ အဘယ်နည်း?
အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်း
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသူတစ်ဦးသည် ဘယ်လောက်ကြာ အခြားသူကို ကူးစက်စေနိုင်သလဲ?
ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် ၂ ပတ်မှ ၄ ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်နိုင်သလဲ?
ရောဂါလက္ခဏာခံစားနေသူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ကူးစက်နိုင်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ကူးစက်နိုင်သော နည်းလမ်းများကို ဖော်ပြပါ
အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ၊ အနာဖေးများ၊ ရောဂါဖြစ်ပွားသူ ထိတွေ့ထားသော ပစ္စည်းများ၊ တံတွေး စသည်တို့မှ ကူးစက်နိုင်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ အများဆုံးဖြစ်သူတွေက ဘယ်သူတွေလဲ?
ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် လိင်ဆက်ဆံဖက်တို့သည် ကူးစက်ခံရနိုင်ခြေ ပိုများသည်။
Annotated by Min Si Thu
ကိုယ်ဝန်ဆောင်မိခင်များမှ သန္ဓေသားသို့ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ပါသလား?
ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ ကူးစက်နိုင်ပြီး၊ မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင်လည်း ကူးစက်နိုင်သည်
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ဘာလဲ?
ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါလက္ခဏာများသည် ဘာနှင့် ဆင်တူသနည်း?
ရေကျောက်ရောဂါနှင့် ဆင်တူသည်။
Annotated by Min Si Thu
ရေကျောက်ဖုများနှင့် မျောက်ကျောက်ဖုများ၏ ကွာခြားချက်က ဘာလဲ?
ရေကျောက်ဖုများသည် အမျိုးမျိုးရှိကြပြီး မျောက်ကျောက်ဖုများက အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ၏ အဖုအကွက်များ ဘယ်နေရာတွေမှာ ပိုထွက်လေ့ရှိသလဲ?
မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပိုထွက်တတ်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ ဘယ်နှရာခိုင်နှုန်းက မျက်နှာပေါ်တွင် အဖုထွက်လေ့ရှိသလဲ?
၉၅ ရာခိုင်နှုန်း
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ လက်ဖဝါး၊ ခြေဖဝါးပေါ်တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ?
၇၅ ရာခိုင်နှုန်း
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ ပါးစပ် (ခံတွင်း)တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ?
၇၀ ရာခိုင်နှုန်း
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကူးစက်ခံရသူများ၏ လိင်အင်္ဂါပေါ်တွင် အဖုထွက်လေ့ရှိသူ ရာခိုင်နှုန်းက ဘယ်လောက်လဲ?
၃၀ ရာခိုင်နှုန်း
Annotated by Min Si Thu
၂၀၂၂ ခုနှစ်တွင် မျောက်ကျောက်ရောဂါ မည်သည့်နေရာများတွင် ပျံ့နှံ့လာသနည်း?
အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်း၊ ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြား
Annotated by Min Si Thu
မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် မည်သို့ ကူးစက်နိုင်သနည်း?
ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်သည်
Annotated by Min Si Thu
၂၀၂၂ ခုနှစ် မေလတွင် မျောက်ကျောက်ရောဂါ မည်သို့ ကူးစက်ပျံ့နှံ့လာသနည်း?
အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်လာသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်မှန်းထားသည်ထက် မည်မျှ ပိုမိုမြန်ဆန်သနည်း?
၁၂ ဆ
Annotated by Min Si Thu
မည်သူများတွင် မျောက်ကျောက်ရောဂါ ပိုမိုပြင်းထန်သော လက္ခဏာများ ဖြစ်နိုင်သနည်း?
မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအားနည်းသူများ
Annotated by Min Si Thu
မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်ခြေ ရှိပါသလား?
ရှားရှားပါးပါးအခြေအနေတွင် သေဆုံးနိုင်ကြောင်း သိရသည်
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ အလွန်မြင့်မားသလား?
မမြင့်မားပါ။ အများပြည်သူအတွက် ကူးစက်နိုင်သောအန္တရာယ် နည်းပါးပါသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ကူးစက်ရန် မည်သို့သော ထိတွေ့မှု လိုအပ်သနည်း?
ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ဆက်ဆံရန် လိုအပ်သည်။ ဥပမာ အရေပြားခြင်း ထိတွေ့ခြင်း။
Annotated by Min Si Thu
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို မည်သို့ သတ်မှတ်ထားသနည်း?
ဦးစားပေးရောဂါပိုးတစ်ခုအဖြစ် နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ထားသည်။
Annotated by Min Si Thu
လက်ရှိ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ပုံမှန်ဖြစ်ပေါ်နေကျ အခြေအနေ ဟုတ်ပါသလား?
မဟုတ်ပါ။ ပုံမှန်ဖြစ်ပေါ်နေကျ ကူးစက်ပြန့်ပွားမှု အခြေအနေ မဟုတ်ပါ။
Annotated by Min Si Thu
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် မျောက်ကျောက်နှင့်ပတ်သတ်ပြီး မည်သည့်အရာက ဦးစားပေးဖြစ်သနည်း?
ဗိုင်းရပ်စ်ပိုး မည်ကဲ့သို့ ပြန့်ပွားလာခြင်းနှင့် လူအများပိုမိုကူးစက်ခြင်းမှ ကာကွယ်ရန်တို့ ဖြစ်သည်။
Annotated by Min Si Thu
နောက်ထပ်မျောက်ကျောက်ကူးစက်မှုကို ရပ်တန့်ရန် မည်သည့်အရာက အထောက်အကူဖြစ်စေမည်နည်း?
လူထုအား အသိပညာပေးခြင်းသည် နောက်ထပ်ကူးစက်မှုကို ရပ်တန့်ရန်အတွက် အထောက်အကူဖြစ်စေမည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ မည်သို့သော သတင်းများကို မြင်တွေ့နေရသနည်း?
လူအုပ်စုတစ်ချို့တို့ကို နှိမ်ချ ဆက်ဆံသည့်သတင်းများ၊ ပြောဆိုမှုများကို မြင်တွေ့နေရပါသည်။
Annotated by Min Si Thu
မည်သူတို့သည် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသနည်း?
မျောက်ကျောက်ရောဂါရှိသူနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူတိုင်းသည် ရောဂါကူးစက်နိုင်ခြေရှိပါသည်။
Annotated by Min Si Thu
ရောဂါဖြစ်ခြင်းသည် လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဆက်စပ်မှုရှိပါသလား?
ထိုသူက မည်သူမည်ဝါဖြစ်သည်၊ ဘာလုပ်ကိုင်သည်၊ မည်သူနှင့်လိင်ဆက်ဆံသူဖြစ်သည် စသည့်အချက်အလက်များနှင့် ရောဂါဖြစ်ခြင်းတို့မှာ ဆက်စပ်ခြင်း လုံးဝ မရှိပါ။
Annotated by Min Si Thu
မကျန်းမာသူများအပေါ် နှိမ်ချဆက်ဆံခြင်းသည် မည်သို့သော အကျိုးဆက်များ ဖြစ်စေသနည်း?
အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ ရောဂါပျံ့ပွားမှု အမြန်အဆုံးသတ်ရန်ကိုလည်း အဆီးအတားဖြစ်စေပါသည်။
Annotated by Min Si Thu
ရောဂါပိုးကူးစက်ခံရသူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ဆောင်ရွက်သင့်သနည်း?
ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် ရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေသော မည်သူကိုမဆို ပံ့ပိုးကူညီရန်
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ဘာကြောင့်ဖြစ်ပွားသလဲ?
မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက်သလဲ?
တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်နိုင်သလို လူအချင်းချင်းလည်း ကူးစက်ပြန့်ပွားနိုင်သည်။
Annotated by Min Si Thu
မျောက်ကျောက်ရောဂါ ဘယ်နေရာတွေမှာ အတွေ့များသလဲ?
အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတွေမှာ အတွေ့များသည်။
Annotated by Min Si Thu
မျောက်ကျောက်ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော တိရစ္ဆာန်များ ဘယ်လိုနေရာမျိုးမှာ ကျက်စားသလဲ?
အပူပိုင်း မိုးသစ်တော ရာသီဥတုရှိသည့် နေရာများတွင် ကျက်စားသည်။
Annotated by Min Si Thu
အခြားနိုင်ငံများမှ မျောက်ကျောက်ရောဂါဖြစ်ပွားသူများနှင့် ပတ်သက်၍ ဘာကို တွေ့ရှိရတတ်သလဲ?
အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ သွားရောက်ခဲ့ခြင်းရှိသည်ကို တွေ့ရှိရတတ်သည်။
Annotated by Min Si Thu
MyanmarGPT Movement ဆိုတာဘာလဲ။
MyanmarGPT Movement ဆိုတာ မြန်မာ့အေအိုင်လှုပ်ရှားမှုတခုဖြစ်ပါတယ်။ ယခု dataset ကလည်း MyanmarGPT Movement တခုဖြစ်ပါတယ်။
Annotated by Min Si Thu