louiismiro commited on
Commit
f0f91c8
1 Parent(s): c818c4f

Upload 12 files

Browse files
Astrology/Aquarius.txt ADDED
@@ -0,0 +1,20 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကုမ်ရရာသီဖွား (Aquarius) များဟု သတ်မှတ်နိုင်သည်။
2
+ ကုမ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး စနေဂြိုလ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။
3
+ ကုမ်ရာသီဖွားများသည် စိတ်ထားမြင့်မြတ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းကြသည်။ တိုးတက်ကြီးပွားအောင် အမြဲကြံစည်တွေးတောတတ်သူတွေ ဖြစ်ကြပါတယ်။
4
+ ကုမ်ရာသီဖွားများသည် တစ်ပါးသူကို ကူညီဖေးမတတ်ပြီး အသိပညာဗဟုသုတနဲ့ ပြည့်စုံကာ အများရဲ့ချစ်ကြည်လေးစားခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။
5
+ ကုမ်ရာသီဖွားများသည် သဒ္ဓါတရားနဲ့ ပြည့်စုံပြီး အလှူအတန်းမှာ ရက်ရောကြသူတွေ ဖြစ်ကြပါတယ်။
6
+ ကုမ်ရာသီဖွားများသည် အပေါင်းအသင်းမိတ်ဆွေများအပေါ် အနစ်နာခံပြီး မိတ်ဆွေမဖြစ်ခင်က ဘာသိဘာသာနေတတ်ပေမယ့် မိတ်ဆွေဖြစ်သွားချိန်မှာတော့ အကောင်းဆုံးသူငယ်ချင်းမိတ်ဆွေကောင်းတွေဖြစ်လာကြပါတယ်။
7
+ ကုမ်ရာသီဖွားတွေဟာ ငယ်စဉ်ထဲက အရှက်အကြောက်ကြီးပြီး နူးညံ့သိမ်မွေ့သူတွေဖြစ်ပြီး အများနဲ့မတူတဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ရှိကြပါတယ်။
8
+ ကုမ်ရာသီဖွားများသည် ပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေစွာ နေတတ်ပြီး သူတစ်ပါးကို မှီခိုအားကိုးခြင်းထက် ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။
9
+ ကုမ်ရာသီဖွားများသည် ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး လူမူရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ကူညီတက်ပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်၊ ရိုင်းပင်းကူညီလိုစိတ် အပြည့်အဝရှိကြပါတယ်။
10
+ ကုမ်ရာသီဖွားတွေဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ကြပြီး ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ အလွန်စိုးရိမ်တတ်သူတွေ ဖြစ်ကြပါတယ်။
11
+ ကုမ်ရာသီဖွားများသည် လွတ်လပ်စွာ ဘဝကို ဖြတ်သန်းလိုပြီး ချုပ်ချယ်မှုကိုတော့ မနှစ်သက်ကြပါဘူး။ တစ်ယောက်တည်းသီးသန့်နေရတာကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။
12
+ ကုမ်ရာသီဖွားအများစုဟာ ကျက်သရေရှိတဲ့ မျက်နှာသွင်ပြင်ရှိကာ ဗဟုသုတကြွယ်ဝပြီး စကားပြောကောင်းတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။
13
+ ကုမ်ရာသီဖွားတွေဟာ ပညာရေးမှာလည်းထူးချွန်ကြပေမဲ့ ပညာမာန်မာနမရှိသူတွေဖြစ်သည်။ မှတ်ဉာဏ်ကောင်းတာကြောင့် သင်ကြားရမှာ အချိန်အများကြီးပေးစရာမလိုဘဲ သင်လွယ်တတ်လွယ်ကြပါတယ်။
14
+ ကုမ်ရာသီဖွားများသည် တစ်ခါတစ်လေ ပျင်းစိတ်ဝင်တတ်တာလေးကိုတော့ သတိပြုသင့်ပါတယ်။
15
+ ဒါ့အပြင် ကုမ်ရာသီဖွားများသည် တစ်ပါးသူအပေါ် ယုံကြည်လွယ်လွန်းတတ်တာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့တွေ့ရတတ်ပါတယ်။
16
+ ကုမ်ရာသီဖွားတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ထူးခြားတဲ့စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ စွန့်စားစွာလုပ်ကိုင်တတ်ပြီး စာ‌ပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မြေအရောင်းအဝယ်လုပ်ငန်း၊ ကျောင်းဆရာအလုပ်နဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။
17
+ ကုမ်ရာသီဖွားများသည် အချစ်ရေး (၁၂)လ ရာသီခွင်ထဲမှာ စန်းအပွင့်ဆုံးရာသီခွင်တွေဖြစ်ကြပြီး ချစ်သူရည်းစားလည်း များတတ်ပါတယ်။
18
+ ကုမ်ရာသီဖွားများသည် အိမ်ထောင်ရေးမှာတော့ ကံကောင်းတတ်ပြီး အိမ်ထောင်ရေးမပြိုကွဲအောင် ထိန်းသိမ်းနိုင်တဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။
19
+ သိဟ်ရာသီဖွားတွေနဲ့ ဓနုရာသီဖွားတွေက ကုမ်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။
20
+ ကုမ်ရာသီဖွားများအတွက် အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၇၊ ၁၁၊ ၂၂၊ ၂၉ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အပြာနုအရောင်နဲ့ ခဲရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ဥဒေါင်းကျောက် (Garnet)ကျောက်လေးပဲ ဖြစ်ပါတယ်။
Astrology/Aries.txt ADDED
@@ -0,0 +1,78 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်အတွင်း မွေးဖွားသူများကို မိဿရာသီဖွား (Aries)များလို့ သတ်မှတ်နိုင်ပါတယ်။
2
+ Aries လေးတွေဟာ ၁၂ လရာသီခွင်တွေအနက် ပထမဆုံးရာသီခွင် ဖြစ်ပါတယ်။ ဂြိုလ်အားဖြင့် အင်္ဂါဂြိုလ်စိုးမိုးပြီး တေဇောဓာတ် (မီးဓာတ်)ကြီးစိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် ဒေါသထွက်လွယ်ပြီး ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တဲ့အကျင့်ရှိပြီး အလွန်လည်း ခေါင်းမာကြပါတယ်။
3
+ Aries လေးတွေဟာ စိတ်မြန်လက်မြန်ရှိပြီး တဇွတ်ထိုးလည်းလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။
4
+ Aries လေးတွေဟာ ကိုယ်တိုင်လည်း လိမ်ညာခြင်းကို ရွံမုန်းပြီး အမှန်တိုင်းပြောတတ်ဆိုတတ်လုပ်ကိုင်တတ်ကြသည့်နည်းတူ ကိုယ့်ကိုလိမ်ညာသူများကိုလည်း ခွင့်မလွှတ်တတ်ကြပါဘူး။ ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းပြီးမှ အောင်မြင်မှုတွေ ရတတ်တဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။
5
+ Aries လေးတွေဟာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီးရတဲ့ အောင်မြင်မှုကို တန်ဖိုးထားတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ မိသားစု၊ အပေါင်းအသင်းမိတ်ဆွေများမှာ အခက်အခဲတွေ ရင်ဆိုင်ရင်လည်း ကိုယ်တိုင်ခေါင်းခံပြီး ဖြေရှင်းပေးတတ်ကြပါတယ်။ မိသားစုကို အလွန်ချစ်ပြီး မိဘအားကိုးရတဲ့သားသမီးတွေ ဖြစ်ကြပါတယ်။
6
+ Aries လေးတွေဟာ အစစအရာရာဦးဆောင်ရတာကို နှစ်သက်ပြီး လွတ်လပ်မှုကို အလွန်မြတ်နိုးကြပါတယ်။
7
+ Aries လေးတွေဟာ သူတစ်ပါးရဲ့ဩဇာလွှမ်းမိုးမှုကို မကြိုက်ပေမယ့် မိခင်ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှင်သန်ရလေ့ရှိပါတယ်။ မိဿရာသီဖွားတွေရဲ့ ဆွဲဆောင်မှုအရှိဆုံးမှာ စူးရှတောက်ပသည့် မျက်ဝန်းနှင့် အပြုံးပဲ ဖြစ်ပါတယ်။
8
+ Aries လေးတွေဟာ အချစ်ရေးမှာ အလွန်စန်းပွင့်ပြီး စိတ်အပြောင်းအလဲမြန်တတ်တာကြောင့် ဆုံးဖြတ်ချက်အမှားတွေ ချမှတ်တတ်ပါတယ်။ ကိုယ်တိုင် အေးတိအေးစက်နေတတ်တာကြောင့်လည်း အချစ်ရေးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။
9
+ မိဿရာသီဖွားတွေဟာ ကိုယ့်ကို ဝမ်းသာခြင်း ဝမ်းနည်းခြင်း စတဲ့ စိတ်ခံစားမှုအသစ်သစ်တွေ ပေးနိုင်တဲ့သူတွေကို တမ်းတမ်းစွဲချစ်တတ်ပြီး စိတ်လှုပ်ရှားမှုကို နှစ်သက်ကြပါတယ်။
10
+ Aries လေးတွေဟာ အရမ်းသနားတတ်တာကြောင့် ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။ မိဿရာသီဖွားများဟာ အသီးအရွက်ပိုမိုနှစ်သက်သဖြင့် ကျန်းမာရေးကောင်းမွန်ကြပြီး အသက်ရှည်ရှည်နေရမယ့် ရာသီခွင်တွေ ဖြစ်ကြပါတယ်။
11
+ မိဿရ���သီဖွားတွေဟာ စက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ာအကျိုးပေးပြီး အင်္ဂါနံအလုပ်အကိုင်များ လုပ်ကိုင်ပါက အောင်မြင်မည့် ရာသီဖွားများ ဖြစ်သည်။ သတိပြုရန်မှာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပြီး အမျိုးသားများ မိန်းမအဖျက်ကြုံရတတ်ပါတယ်။
12
+ Aries လေးတွေအတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဓာတ်စာအနေနဲ့စားသင့်ပြီး ငရုတ်ကောင်းကိုလည်း စားပေးသင့်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ (၃၊ ၆၊ ၉) စသည်တို့ ဖြစ်ပါတယ်။ Lucky Color ကတော့ အနီရောင်ဖြစ်ပြီး တစ်သက်တာဆောင်သွားသင့်တဲ့ ကျောက်မျက်ကတော့ စိန် Diamond ပဲဖြစ်ပါတယ်။ အကျိုးပေး ရာသီခွင်တွေကတော့ တူရာသီနဲ့ သိဟ်ရာသီဖြစ်ပါတယ်။
13
+ မိဿရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် ပထမဦးဆုံးသော ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် တောင်ဆိတ်တစ်ကောင် ပုံပေါ်ထွန်းနေသောရာသီဖြစ်သည်။ ဤရာသီခွင်ကိုအင်္ဂါဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ်(မီးဓါတ်)ကြီးစိုးသည်။
14
+ မိဿရာသီဖွားအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်းကြည်လင် အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာ ပြောဆိုနေတတ်ကြသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည်။ ဟာသဉာဏ်ရွင်သည်။ အပေါ်ယံအားဖြင့် ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်သည်။ အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြံုသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းကြသည်။ ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ။ ပညာလက်သည်းဝှက် နေတတ်ကြသည်။
15
+ မိဿရာသီဖွားများသည် အငြိုးအတေးကြီးသည်။ ရင်တွင်းမာနကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။ အလွန်ခေါင်းမာစွာ အရွဲ့တိုက်လိုသည်။ လက်စားချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပြက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်းလေတော့သည်။ မည်သည့်အခါတွင်မှ ခွင့်လွှတ်တော့ခြင်းမရှိကာ သေတပန်သက်တဆုံး လက်တုံ့ပြန်လေသည်။
16
+ မိဿဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည်ကြီးသည်။ အပြောကောင်းသည်။ အပေါင်းအသင်းဆန့်သည်။ အသွားအလာလျှင်မြန်ဖြတ်လတ်သည်။ အသီးအရွက်ကို ပိုနှစ်သက်သည်။
17
+ မိဿရာသီဖွားတို့သည် ဘဝကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေး ကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင် သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်း၊ ဖိနှိပ်ချုပ်ချယ်မှုများကို တစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်သော ဘဝများကို ရောက်ကြသူများဖြစ်သည်။ ဘဝအစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကြပ်တည်းပြီးက နောက်ဆုံးမှာ အောင်မြင်တတ်သည်။
18
+ မိဿဖွားတို့သည် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။ အစစခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ်၊ ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်အေးဆေးသလောက် မံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။
19
+ မိဿရာသီဖွားတို့သည် မိခင်၊ အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရတတ်သည်။ ဥပမာ-ဘဝသက်တာတစ်လျှောက်လုံး မိခင်စိတ်ချမ်းသာအောင်နေထိုင်ပေးတတ်သည်။
20
+ မိဿရာသီဖွားတို့သည် မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ မိဿရာသီဖွားတို့သည် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွားတတ်ကြလေသည်။
21
+ မိဿရာသီဖွားတွေဟာ စက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာအကျိုးပေးပြီး အင်္ဂါနံအလုပ်အကိုင်များ လုပ်ကိုင်ပါက အောင်မြင်မည့် ရာသီဖွားများ ဖြစ်သည်။ သတိပြုရန်မှာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပြီး အမျိုးသားများ မိန်းမအဖျက်ကြုံရတတ်ပါတယ်။
22
+ သင့်လက်ကို ဖျတ်ခနဲ ဆွဲကိုင် ဖျစ်ညှစ်ပြီး ဖြုန်းခနဲကြီး ပြုံးပြသကဲ့သို့သော အတင်းအကျပ် လုပ်တတ်သည့် ထူးထူးခြားခြား ဖော်ရွေလှသည့် လူစားမျိုးကို မကြာမီကလေးကပင် သင် တွေ့ ခဲ့ရပါသလား။ မြန်မြန် ရှောင်ပြေးဖို့သာ ပြင်ပါလေ။ သင် ကြုံနေသူမှာ မိဿရာသီဖွား ဖြစ်နိုင်ပါသည်။ စကားပြောရာတွင်လည်း သူကပဲ စပြောခြင်း၊ သူကပဲ ဦးဆောင်၍ ပြောနေခြင်းများပါ လုပ်နေလျှင်မူ သာ၍ပင် သေချာလေပြီတည်း။
23
+ သင် ကြုံနေရသူသည် အကောင်းဆုံးများကိုသာ မှန်းတတ်ပြီး ဒုက္ခရောက်နေ သူများအတွက် ကာကွယ် ပြောဆိုရာမှာ ဒေါသကြီးတတ်လျှင်မူ မိဿရာသီဖွား ဖြစ်နေပါပြီ။
24
+ မိဿဖွားတို့သည် မတရားဘူးဟု ယူဆမိလျှင် ချက်ချင်းပင်လျှင် ရန်ထဖြစ်လိမ့်မည်။ သူတို့၏ ထင်မြင်ယူဆချက်တို့ကို ဖွင့်ဟပြောရန်လည်း ဝန်မလေးကြပါ။ အင်္ဂါဂြိုဟ် ကြီးစိုးသော ရာသီဖွား ဖြစ်သဖြင့် လိုရင်းကို တည့်တည့်သာ ပြောဆို လုပ်ကိုင်တတ် ကြလေ၏။
25
+ မိဿရာသီသည် မွေးဖွားခြင်းကို ကိုယ်စားပြု၏။ သူ့အလိုဆန္ဒကိုသာ ဦးစားပေးတတ်၏။
26
+ မိဿရာသီသည် (၁၂)ရာသီခွင်၏ ပထမဆုံးရာသီဖြစ်ပြီး (၁၂)ရာသီခွင်၏ မွေးကင်းစ ကလေးငယ်ဖြစ်သဖြင့် မိဘတွေ၊ ပတ်ဝန်းကျင်တွေကို ဂရုမစိုက်၊ သူလိုချင်တာကို အမြန်ဆုံးရမှ ဖြစ်မည်။
27
+ မိဿရာသီဖွားတစ်ယောက်သည် စိတ်ကူး တစ်စုံတစ်ရာ ရနေပါက နံနက် လင်းအားကြီးတွင်ပင်လျှင် သင့်ထံ လာပြောတတ်သည့် လူစားမျိုးတွေ ဖြစ်သည်။ အားနာလိမ့်မည် မဟုတ်။သို့ရာတွင် အတ္တကြီးမားသူများ မဟုတ်ကြပါ။ သူ့ဆန္ဒကို ဖြည့်စွမ်းသူများအား ပျူငှာစွာ ဖော်ရွေတတ်ပါသည်။
28
+ မိဿရာသီဖွားတို့သည် ကလေးငယ်တို့၏ သဘာဝအရ ရိုးသားစွာ နွဲ့ဆိုး ဆိုးသကဲ့သို့ပင်တည်း။ အပြစ်ကင်းစွာ မသိနားမလည်တတ်ခြင်းပင် ဖြစ်ပါသည်။ အနီ ရိုးသားမှုကြောင့်ပင်လျှင် မိဿဖွားတို့သည် မကြောက်တတ်ကြပါ။ မီး တောက်ကို လက်နှင့် ထိုးကြည့်၍ ပူမှသာလျှင် ငြိမ်သွားပေလိမ့်မည်။ သို့သော် မေ့လောက်လျှင် ထပ်လုပ်လိမ့်ဦးမည်။ အစဉ်ပင် ပုံ၍ ယုံစားတတ်၏။
29
+ မိဿရာသီဖွားတို့သည် ထို့ကြောင့် မကြာခဏပင်လျှင် ပုံ၍ လဲကျတတ်၏။ သို့သော် အစဉ်ပင် ပြန်ထ၍ ထပ်ကြိုးစားပြန်သည်။ သူ့စိတ်ထဲက မသင်္ကာမှုတွေသည် သူ့အား လတ် တလော ကောင်းတတ်သူတစ်ဦးနှင့် တွေ့လျှင် ပျောက်ကုန်ပြန်၏။
30
+ မိဿရာသီဖွားတို့သည် စိတ်ကူးယဉ်တတ်သော်လည်း မလိမ်တတ်ကြ။ လိမ်နိုင်စွမ်း မရှိကြ။ လျှို့ဝှက် ဖုံးကွယ်ထားခြင်း မရှိကြ။ သူ့အား အနိုင်အထက်ပြုသူများအား မနိုင်လျှင် ကလေး ငယ်တစ်ဦးကဲ့သို့ပင်လျှင် အသံကုန် အော်ဟစ်တတ်လေရာ နားမခံသာသူများက သူ့အား အလျော့ပေးကြရပါလိမ့်မည်။
31
+ မိဿရာသီဖွားတို့၏ မျက်ခုံးများသည် နှာခေါင်းထိပ်ပိုင်းနှင့် ဆက်၍ မိဿ ရာသီ၏ သရုပ်သင်္ကေတ( Y)သဏ္ဌာန် ဖြစ်နေတတ်၏။ သူ့အား အနိုင်ကျင့်မည့် သူတွေကို ဝှေ့နိုင်သည့် ဦးချိုပါသော သိုးထီးသရုပ်ပင်တည်း။ ဦးခေါင်း (သို့မဟုတ်) မျက်နှာတွင် မှဲ့ (သို့မဟုတ်) အမာရွတ် တွေ့ရနိုင်ပြီး သူတို့၏ ဆံပင်မှာနေရောင်အောက်တွင် အနီရောင်သန်းပါသည်။ အသား ညိုတတ်၏။
32
+ မိဿရာသီဖွားတို့၏ ကိုယ်လှုပ်ရှားမှုများမှာ စိတ်နောက်သို့ အမီလိုက်နေရသဖြင့် မြန်ဆန် သွက်လက်လှသည်။ ပခုံးကျယ်တတ်ကြသည်။ လမ်းလျောက်ပါက ခန္ဓာကိုယ် အပေါ်ပိုင်းက ရှေ့ သို့ အလောတကြီး ကိုင်းနေပြီး ခြေထောက်ပိုင်းက ကျန်နေရစ် တတ်ပါသည်။ သို့သော် အရေးပေါ်ကိစ္စများကို ညင်သာစွာ ဖြေရှင်းတတ်ကြ၏။ လွန်စွာဝဖိုင့်မည်မဟုတ်။ ကျဆုံးမှုကို မကြောက်။ တတ်နိုင်သရွေ့တော့ သူတို့ ဝမ်းနည်း သည်ကို လူသိမခံတတ်ကြ။ သူတို့ကို ပျော့ညံ့သည်ဟု ထင်ကြခြင်းကို ရှက်သည်။ ပတ်ဝန်းကျင်ကို တုန်လှုပ်စွာ မကြည့်တတ်ကြ။ ထိုသို့ ကြည့်လျှင်မူ သင်နှင့် စကားပြောရမည်ကို စိတ်မဝင်စားတော့၍ပင် ဖြစ်သည်။
33
+ မိဿရာသီဖွားတို့သည် ကိုယ်ပိုင်လုပ် ငန်းကိုပင် ဦးစီးလုပ်ကိုင်လိုသူများ ဖြစ်၏။ မတတ်သာ၍သာ သူတစ်ပါး လက် အောက်ခံ လုပ်ချင်လုပ်နေရမည်။ ဖြစ်ချင်တာကတော့ ခေါင်းဆောင်သာလျှင်ဖြစ်၏။
34
+ မိဿရာသီဖွားတို့သည် အားလုံးကို လွတ်လပ်သော သဘောထားနှင့်သာ ရှုမြင်တတ်၏။ သိမ်မွေ့မှု၊ ပရိယာယ်ကြွယ်မှု၊ နှိမ့်ချမှုတို့ မရှိတတ်ကြ။ အင်္ဂါဂြိုဟ် စိုးမိုးသော ရာသီဖွားများ ဖြစ်သဖြင့် တဲ့တိုးသာ ပြောတတ်ကြပါသည်။ နာကျင်မှာ ကြောက်ကြသည်။ သွား စိုက်ဆရာသည် သူမနှစ်သက်သူများအနက် တစ်ဦး ဖြစ်လေ၏။
35
+ မိဿရာသီဖွားတို့သည် ဦးခေါင်း (သို့မဟုတ်) မျက်နှာတွင် ထိခိုက်မှု ဖြစ် တတ်ကြသည်။ ထိရှခြင်း၊ အပူလောင်ခြင်းများလည်း ဖြစ်တတ်ကြသည်။ ကျောက် ကပ်ရောဂါ၊ ခေါင်းကိုက်ရောဂါတို့ကိုလည်း ခံစားတတ်ကြရ၏။
36
+ မိဿရာသီဖွားတို့သည် အရက်ကို ရှောင်သင့်သည်။ အရက်သည် ကျောက်ကပ်အတွက် မကောင်းသလို အင်္ဂါဂြိ��ဟ်၏ သဘာဝနှင့် ပူးပေါင်းမိလျှင် ပေါက်ကွဲသွားနိုင်လေ၏။ မတ်လနှောင်းပိုင်း (သို့မဟုတ်) ဧပြီလတွင် မွေးဖွားခဲ့သော် အင်ပျဉ်နာ၊ ဒူးနာ၊ အစာအိမ်ရောဂါ၊ ပလိပ်ရောဂါ စသည်တို့ကို သတိပြုသင့်သည်။ ပင်ကိုဗီဇဖြစ်သည့် ဒေါသကြီးခြင်း၊ စိတ်တိုခြင်း စသည်တို့က သူတို့အား ဒုက္ခပေးတတ်ကြ၏။ သည်းခံမှုကို ပျိုးထောင်ပေးပြီး ဇွတ်လုပ်တတ်မှုကို ထိန်းပေး ခြင်းဖြင့် အနာရောဂါ ကင်းနိုင်လေသည်။မူးယစ်ဆေးစွဲမည့်သူများတော့ မဟုတ်ကြ။ အိပ်ဆေးသောက်မည့်အစား မအိပ် ဘဲ နေတတ်ကြမည့်သူများပေတည်း။ တေဇောရာသီဖွားများ ဖြစ်ကြသောကြောင့် နာတာရှည်ရောဂါများ ဖြစ်တတ်လိမ့်မည် မဟုတ်။
37
+ မိဿရာသီဖွားတို့သည် စိတ်ဓာတ်ကျခြင်း အလျင်းမရှိ။ သို့ရာတွင် မိမိလောက် ထက်မြက်စွာ လုပ် ကိုင်နိုင်သူ မရှိနိုင်ဟူသည့် ယူဆချက်ကြောင့် မိမိကိုယ်မိမိ ဒုက္ခပေးတတ်ကြ၏။ မိမိကိုယ်မိမိ စိတ်ချယုံကြည်စွာ လုပ်ကိုင်ခြင်းကြောင့် မနိုင်မနင်း လုပ်မိနေပြီကို မသိတော့ကာ စိတ်ချုံးချုံးကျမှုကြောင့် အနာများ ပေါက်တတ်ကြပါသည်။
38
+ ထူးခြားသည်မှာ မိဿရာသီဖွားတို့သည် မိမိကိုယ်မိမိထက် သူတစ်ပါးတို့ ကြွယ်ဝစေမှုကိုသာဆောင်ရွက်ပေးတတ်ကြသည် ဖြစ်လေရာ များသောအားဖြင့် အိုးပိုင်အိမ်ပိုင် နေကြရသူ နည်းပါသည်။
39
+ မိဿရာသီဖွားတို့သည် မိမိကိုယ်မိမိ ထင်တစ်လုံး ရှိတတ်ကြသော်လည်း (၁၂)ရာသီဖွားများအနက် သဘောအကောင်းဆုံး ရာသီဖွားများ ဖြစ်၏။
40
+ မိဿရာသီဖွားတို့သည် မရက်စက်တတ်ကြပါ။ သူများတွေ စမ်းတဝါးဝါး လုပ်နေသည်ကို ထိုင်ကြည့်မနေတတ်ကြဘဲ ကိုယ်တိုင် ဝင်ပါတတ်သည်။ ငွေထက် ဂုဏ်သိက္ခာကို အလေးထား၏။ အများက ချီးကျူးမှုကို ပိုမက်မော၏။
41
+ မိဿရာသီဖွားတို့သည် အထက်ကို မတင်ပြဘဲ (သူ့တွင် လုပ်ကိုင်ခွင့် မရှိသော်လည်း) ဆုံးဖြတ်ပေးတတ်ကြသည်။
42
+ မိဿရာသီဖွားတို့သည် အထေ့အငေါ့ကလေးတွေလည်း ပြောတတ်၏။
43
+ မိဿရာသီဖွားတို့သည် ဒေါသ အထွက်မြန်သလို အပြေးလည်း မြန်သည်။
44
+ မိဿရာသီဖွားတို့သည် ဒေါသအထွက်ခံရသူက ဘာမှန်း မသိခင်တွင်ပင် သူ့ဒေါသတွေ ပြေသွားပြီး ပြုံးပြုံးရယ်ရယ် ပြန်ဖြစ်လာတတ်၏။
45
+ ရုရှားခေါင်းဆောင်ကြီး နီကီတာခရုရှက်(ဗ်)သည် ကုလသမဂ္ဂ အစည်းအဝေးကြီး၌ စားပွဲခုံအား ဖိနပ်ဖြင့် ခေါက်ခဲ့ဖူးသည်။ သူသည် မိဿရာသီဖွားပင်တည်း။
46
+ မိဿရာသီဖွားတို့ လိမ်ပြောလျှင်လည်း ပေါ်သွားသည်ချည်း ဖြစ်လေရာ တဲ့တိုး ပြောချ လိုက်ခြင်းသာလျှင် သူတို့အတွက် ပိုထိရောက်ပါသည်။
47
+ မိဿရာသီဖွားတို့သည် ကိုယ့်အလုပ် ကိုယ်စိတ်ဝင် စား နစ်မြုပ်တတ်သူများ ဖြစ်သဖြင့် သူများ အတင်းအဖျင်းတွေကို စပ်စုချိန်ပင်မရလေရာ စပ်စုတတ်ခြင်းလည်း မရှိတော့ချေ။
48
+ မိဿရာသီဖွားတို့သည်အဆင့်အတန်းမရွေး ညီတူ ပေါင်းသင်း ဆက်ဆံတတ်ပါသည်။
49
+ မိဿရာသီဖွားတို့သည် ပတ်ဝန်းကျင်အား မိတ်ဆွေနှင့်ရန်သူဟူ၍သာ ခွဲခြားတတ်ကြပေရာ သင့်အကြောင်း ကို အတော်လေး သိသွားပါက သင့်အား အုပ်စုတစ်ခုခုထဲသို့ ထည့်ထားမည်က တော့ သေချာပါသည်။
50
+ မိဿရာသီဖွားတို့သည် ပေါင်းသင်းဆက်ဆံရေး ကောင်း၏။ သူဘာမျှ မသိသော အကြောင်းအရာ တစ်ခုကိုပင် နာရီပေါင်းများစွာ စိတ်ဝင်တစား ပြောဆိုနိုင်၏။ အချစ်ရေးမှအစ ဘောပွဲအဆုံး အကောင်းမြင်ဝါဒကို လက်ကိုင်ထားတတ်ကြပါသည်။
51
+ မိဿရာသီဖွားတို့သည် လာမည့်ဘေးကို ပြေးတွေ့တတ်ပြီး ထိုဘေးက သူ့ဆီ မရောက်မီတွင်ပင် အနိုင်ယူလိုက်တတ်ကြ၏။ တစ်ဖက်လူထံမှ ကရုဏာကြေး ယူတတ်ကြသူများ မဟုတ်ကြပါ။ ရံဖန်ရံခါတော့ ရှက်ကိုးရှက်ကန်း ဖြစ်တတ်ကြပါသည်။
52
+ မိဿရာသီဖွားတို့သည် လူတစ်ဖက်သားအား သူတို့၏ အချိန်ငွေကြေး၊ စာနာမှုသစ္စာရှိမှုတွေ အပြည့် နှင့် ကူညီတတ်ကြ၏။ သူတို့၏ အကူအညီကို လက်ခံမိလျှင် သူတို့ကို ကျေးဇူးတင် ကြောင်းကလေးတော့ ပြောပေးကြပါ။သူ့စေတနာတွေကို တန်ဖိုးမထားဟု ယူဆမိပါက အမျက်ဒေါသတွေ ပေါ်ထွက်လာနိုင်သည်။ သူတို့အား ပြန်လည်၍ အသိအမှတ်ပြုခြင်းကို လိုချင်ကြပါသည်။ သို့သော် သူ့အား ကျေးဇူးမတင်လျှင်လည်း ထပ်၍ ကူညီဦးမည်သာ ဖြစ်လေသည်။
53
+ မိဿရာသီဖွားတို့သည် သူ့အား ဘယ်သူတွေက ဘယ်လို စိတ်ပျက်အောင် လုပ်သည်ဆိုခြင်းတို့ကို ညည်းညည်းညူညူ ပြောနေ တတ်သော်လည်း ထိုသူများကိုပင် ကူညီရန် အသင့် ဖြစ်နေတတ်သည်။
54
+ မိဿရာသီဖွားတို့သည် သူတို့ကို မရိုးသားဘူးဟုတော့ မပြောလိုက်ပါနှင့်။ ကြောက်စရာတွေ ဖြစ်လာ နိုင်ပါသည်။ သူ မယုံကြည်ချင်သော ကိစ္စများကို လုံးဝ လျစ်လျူရှုထားနိုင်သည်။ သို့သော် နေရာသစ်၊ လူသစ်တွေကို သက်သက်သာသာနှင့်ပင် လက်ခံနိုင်ပြန်၏။
55
+ မိဿရာသီနှင့် သက်ဆိုင်သော သတ္တုမှာ “သံ”ဖြစ်လေရာ တော်ရုံနှင့် မကောက် ကွေးနိုင်ချေ။ ထာဝစဉ်ပင် အခြားသူများကို မဖြစ်နိုင်သော ပန်းတိုင်ဆီသို့ ဦးဆောင်သွားတတ်၏။
56
+ မိဿရာသီဖွားတို့သည် မည်မျှပင် ဆင်းရဲနေပါစေ သင��်အား အနည်းငယ်မျှတော့ ဖဲ့၍ ပေးတတ်ကြပါသည်။ သင့်တွင် မျှော်လင့်ချက် ကင်းမဲ့နေလျှင်တောင်မှ မျှော်လင့်ချက် တွေ ပြည့်လာအောင် မိဿရာသီဖွားတို့က လုပ်ပေးတတ်ပါသည်။
57
+ မိဿရာသီဖွား အမျိုးသားက စိတ်တက်ကြွစရာတွေကိုဖြင့် လှိုင်လှိုင်ကြီး ပေးနိုင်ပါသည်။ သို့ရာတွင် လုံခြုံမှုနှင့် နူးညံ့သော မေတ္တာတရားကို သင် ရှာဖွေနေသည် ဆိုလျှင်မူ သင် မှားယွင်းနေပါပြီတည်း။
58
+ မိဿဖွား အမျိုးသားသည် သူ့စေတနာအား စော်ကားခံရလျှင်ဖြစ်စေ၊ သူစိတ်မဝင်စားတော့လျှင်ဖြစ်စေ၊ (၂)မျိုးစလုံးပင်ဖြစ်စေ သွေးဆူသောသဘာဝသည် ရုတ်ခြည်း ဆိုသလိုပင် အေးခဲသွား၏။
59
+ မိဿရာသီဖွားတို့သည် ဖန်တီးမှု အတွေးအကြံများ ကြွယ်ဝနိုင်သည်။ သူ့အား အမီလိုက်ရန် မှာ ပင်ပန်းမည် ဖြစ်သော်လည်း အမီလိုက်ရမည်။ ရုပ်အားဖြင့် မလိုက်နိုင်တောင် စိတ်ဓာတ်ရေးရာကိုတော့ အမီလိုက်သင့်သည်။
60
+ မိဿရာသီဖွားတို့သည် နှေးကွေးသူတို့ကို နောက်ပြန်လှည့်မကြည့်တတ်ချေ။ သူတို့သည် စိတ်ဓာတ်အင်အား ကောင်းလှသဖြင့် အရွယ် အတော်လွန်မှသာ ရင့်ကျက်တတ် လေသည်။ ကိုယ်ရောင်ကိုယ်ဝါ နုပျိုလှသူများပေတည်း။
61
+ မိဿရာသီဖွားတို့ရဲ့ ရဲဝံ့ယုံကြည်စွာ လျှောက်လှမ်းမှုမှာ ရံဖန်ရံခါတွင် သူ့ရှေ့သို့ပင် သူ ပြန်ရောက်နေလေ့ရှိ၏။ သို့သော် သူသည် မိမိ၏ ဥစ္စာဓနတို့အား မျက်နှာစိမ်းများ ကိုပင်လျှင် ကားတစ်စီးတိုက်စာမျှ ရက်ရောစွာ ပေးကမ်းတတ်ကြ၏။ သို့သော် လိုအင်ဆန္ဒ ပြည့်ဝမှု နှေးကွေးခြင်း (သို့မဟုတ်) သူ မနေချင်ပါဘဲနှင့် အပျက်သဘောဆောင်သူများ ဝန်းရံနေသည့် အခါမျိုးတွင်မူ သူသည် ဒေါသကြီးစွာ ဆတ်ဆတ်တုန်အောင် သည်းမခံနိုင်မှု(Exasperatingly Intolerant)၊ မစဉ်းစားမဆင်ခြင်နိုင်မှု၊ အတ္တကြီးမှုနှင့် တောင်းဆိုမှုတွေကိုလည်း လုပ်နိုင်ပါသေးသည်။ သို့ရာတွင် သတိလက်လွတ် ချစ်တတ်ကြပါသေးသည်။ ထိုသို့ ချစ်နေစဉ်တွင်မူ သူတို့သာ အချစ်စစ် ဖြစ်သည်ဟု ယူဆလေ၏။ ထိုအချစ်ဇာတ်လမ်း ကွဲကြေသွားလျှင် မူကား အစအနကလေးများကို ရသလောက် ပြန်လည် ဆက်စပ်ကြည့်တတ်ပါသည်။ ပြန်လည် စပ်ဟပ်၍ မရတော့ပြီဆိုလျှင်မူ နောက် အသစ်ကလေးတစ်ဦးနှင့် ယခင် အချစ်ဇာတ် လမ်းအတိုင်းပင် ပြန်စလိမ့်မည် ဖြစ်၏။
62
+ မိဿရာသီဖွားတို့သည် အချစ်ကိစ္စနှင့် ပတ်သက်လာ၍ကတော့ တစ်ဝက်တစ်ပျက်ကြီး ထားသွား တတ်သူ မဟုတ်ပါ။ လတ်တလော ဖြစ်နေသည် စိတ်ဆန္ဒအတွင်းသို့ တစ်ကိုယ��လုံး ပုံလိုက်တတ်ကြပါသည်။
63
+ အခြားသော နေမင်းတည်ရာလက္ခဏာ ရာသီခွင်ဖွားများသည် မိဿဖွားတို့ လောက် သစ္စာမရှိနိုင်ပါ။
64
+ မိဿရာသီဖွားတို့၏ ရိုးသားမှုသည် သင့်အား လှည့်စားမည်မဟုတ်။ ဖောက်ပြန်မှု အသေးအဖွဲကလေးကိုပင် ကျူးလွန်တတ်သူ မဟုတ်။ တကယ်ကို နက်နဲစွာ ချစ်မိပြီဆိုလျှင် လွန်စွာ သစ္စာရှိပါသည်။ ယခင်ကသူနှင့် ဖြစ်ခဲ့သမျှတို့သည် ထိုစိတ် မပေါ်မီကပင် ဖြစ်ပါ၏။
65
+ မိဿရာသီဖွား အမျိုးသားတို့သည် စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ အချစ် မျိုးဘဝမျိုးကို ယုံကြည်တတ်ကြပါသည်။
66
+ မိဿရာသီဖွားတို့၏ ဖွားဇာတာတွင် မေထုန်လဂ် (Gemini Ascendant) (သို့မဟုတ်) သောကြာဂြိုဟ် အညံ့ဖြစ်ခြင်း (Venus-Affliction)တို့ မရှိလျှင်မူ သူသည် သင့်အား ရာသက်ပန် ပေါင်းသင်းပါလိမ့်မည်။ သူသည် အသစ်တွေ့မှ အဟောင်းကို ပစ်သူမဟုတ်ချေ။ အခြားသူတို့က လက်ခံသည်တို့ကိုလည်း သူ လက်ခံချင်မှ လက်ခံပါလိမ့်မည်။
67
+ မိဿဖွားအမျိုးသားနှင့် ချစ်တမ်းကစားရန်ကိုမူ မလုပ်ပါနှင့်။ မိဿရာသီဖွားတို့သည် ပိုင်စိုးပိုင်နင်း ရှိသလောက် သဝန်လည်း တိုတတ်ကြပါ၏။ သူ့ကိုသာ ယုံရမည်၊ သူက တော့ သင့်ကို ရာနှုန်းပြည့် ယုံကြည်လိမ့်မည်မဟုတ်။ သင့်အား တားမြစ်ထားသည် တို့ကိုလည်း သူက လုပ်ချင်လုပ်လိမ့်မည်။
68
+ မိဿရာသီဖွားတို့သည်သူတို့အပေါ် လွှမ်းမိုးခြယ်လှယ်မည်ကို မလိုလားကြပါ။ ကိုယ့်ကို သူများထက် ပိုတော်ပိုတတ်သည်ဟု ထင်လေ့ရှိကြ၏။ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုကိစ္စကိ ရှေ့တန်းတင် လုပ်ပြလိုစိတ်ကြောင့် မကြာခဏ လဲကျသွားတတ်၏။
69
+ မိဿရာသီဖွားတို့သည် အစဉ်ဦးဆောင်လိုသည်ဖြစ်ရာ သူ့ထက် တန်ခိုးအရှိန်အဝါ ကြီးမြင့်သူတွေက သူ့ အား သင်ခ စာတွေ ပေးပါလိမ့်မည်။ ထိုအခါမျိုးတွင် သူသည် သူ့အား ကြင်နာယုယသူထံ ပြေးကပ်တတ် လေ၏။
70
+ မိဿဖွားအမျိုးသားတို့တွင် စိတ်အားငယ်မှုကလေး ကိန်းအောင်း နေသည်ဟု ယူဆရန် ရှိသော်လည်း အသေသာခံမည်၊ ဝန်ခံကြလိမ့်မည်မဟုတ်။ အထီး ဖြစ်သော်လည်း သိုးကတော့ သိုးပါပဲ။
71
+ မိဿရာသီဖွားတို့သည် သူတို့၏ ခင်မင်မှ နိဂုံးချုပ်ပြီဆိုလျှင် ပြတ်သားအေးစက်စွာ လုပ်ဆောင်ပါလိမ့်မည်။ သူ့ဒေါသထက် သူ၏ ပြတ်သားအေးစက်မှုကိုသာ ပိုကြောက်ရမည် ဖြစ်၏။ အချစ်ရေးရော စီးပွားရေးတွေမှာပါ တိုက်ရိုက်ပင် ချဉ်းကပ်တတ်၏။ ဝေ့လည် ကြောင်ပတ်တွေ မလုပ်တတ်ရှာပါ။ သူသည် သူ့ဇနီးသည်အား မိန်းမ ပီသစေချင် သလို ကျားကျာ���လျားလျားလည်း ဖြစ်စေချင်ပြန်သည်။
72
+ မိဿရာသီဖွားတို့သည် သင့်အား အမှီအခိုကင်းကင်း ဘဝမျိုးကို လိုချင်သော်လည်း သူ့နောက်က နည်းနည်းတော့ ခွာနေစေချင်ပြန်၏။ သူ့မိတ်ဆွေများကို သင်က ခင်ခင်မင်မင် ရှိနေစေချင်သော်ငြားလည်း သူကမူ သင့်မိတ်ဆွေတွေကို ခင်ချင်မှ ခင်မည်။
73
+ မိဿရာသီဖွားတို့သည် မျှတစွာ သုံးစွဲသူဖြစ်ချင်မှ ဖြစ်မည်။ သူ့ကို မစစ်ဆေးစေလိုပါ။ သူ သည် ငွေကြေးကိစ္စကို အစဉ်ပင် ကြိုးကိုင်ထားလိုပါသည်။ သင် လိုချင်တာတွေကိုလည်း ဝယ်ပေးပါလိမ့်မည်။ သူသည် နည်းနည်းတော့ အတ္တဆန်မည်ဖြစ်သော်လည်း မည်သည့်အခါမျှ ကပ်စေးနှဲမည် မဟုတ်။
74
+ မိဿရာသီဖွားတို့သည်ငွေကို ရှာတတ်သော်လည်း စုဆောင်းတတ်သူတစ်ဦး မဟုတ်ပါ။ သို့ရာတွင် တနင်္လာဂြိုဟ် (စန်း)သည် မကာရတွင်သော်လည်းကောင်း၊ ကရကဋ်တွင် သော်လည်းကောင်း လဂ်သည် ချွေတာတတ်သော ဩဇာရှိသည့်လဂ် (An Ascendant Which Dictates Economy)ဖြစ်လျှင်မူ စုငွေကလေးတွေ ရှိနိုင်ပါသည်။
75
+ မိဿရာသီဖွားတို့သည် မကြာခဏ အလုပ်ပြောင်းလဲ လုပ်ကိုင်တတ်မည် ဖြစ်သော်လည်းသူ့အလုပ်တွင် သူကိုယ်တိုင် ပိုင်ရှင်ဖြစ်လာသည်အထိ အလုပ်တွေ အမျိုးမျိုး လုပ်နေမည်ဖြစ်သော်လည်း သင့်အား အငတ်ထားလိမ့်မည်တော့ မဟုတ်။ မွေးလာသည့်ကလေးများကို ချစ်ခင်သော ဖခင်တစ်ယောက် ဖြစ်သော်လည်း ကလေးတွေအပေါ် ဩဇာပေးပါလိမ့်မည်။
76
+ မိဿရာသီဖွားတို့သည် နွေးထွေးပြီး အံ့ဩစရာ ကောင်းလောက်အောင် ပျော်ရွှင်တတ်သော ဖခင်တစ်ဦး ဖြစ်သော်လည်း ကလေးတို့သည် သူကဲ့သို့ပင်လျှင် လွတ်လပ်စွာနေလို ကြောင်းကိုတော့ သူ့အား သတိပေးရပါမည်။ ကလေးအဖေတစ်ယောက် ဖြစ်ရခြင်း ကို သူ ပျော်ပါလိမ့်မည်။
77
+ မိဿရာသီဖွားတို့သည် သူတို့ အတွေးအကြံများကို တန်ဖိုးထားပါ။ သူ လွတ်လပ်စွာ လုပ်လိုမှုကို အား ပေးပါ။ သို့သော် စိတ်လိုက်မာန်ပါ လုပ်တတ်မှုကိုတော့ (ပရိယာယ်ကြွယ်ကြွယ်နှင့်)ထိန်းပေးပါ။
78
+ အလျှော့ပေးခြင်းသည် မိဿရာသီဖွားတို့၏ သဘာဝ မဟုတ်ပါ။ သူ့အား တွန်းအားပေးခြင်းကို မကြိုက်ပါ။ ညစဉ် အိမ်လည်နေသော ဇနီးမျိုးကို သူ မကြိုက်ပါ။ သို့သော် အိမ်ထဲတွင်သာ ကုပ်နေပြီး သိုးမွေးထိုး၊ အဝတ်ချုပ်နေသည်ကိုလည်း မကြိုက်ပြန်ပါသင်သည် အလယ်အလတ်ကျကျ နေထိုင်ရန် ရည်ရွယ်ပါ။
Astrology/Cancer.txt ADDED
@@ -0,0 +1,19 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဇွန်လ (၂၁) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကရကဋ်ရာသီဖွား (Cancer) များဟု သတ်မှတ်နိုင်သည်။
2
+ ကရကဋ်ရာသီဖွားတို့သည် ဓာတ်ကြီး‌လေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး တနင်္လာနှင့် ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၂) ဂဏန်းနှင့် (၇)ဂဏန်းတို့ စွမ်းအားသက်ရောက်မှုရှိသည်။
3
+ ကရကဋ်ရာသီဖွားတွေဟာ စိတ်ဓာတ်ရဲရင့် ပြတ်သားပြီး အရာရာကို စိတ်အားထက်သန်စွာ လေ့လာတတ်ပြီး မျက်နှာအမူအရာ တည်ကြည်ခက်ထန်ပေမဲ့ စိတ်ရင်းစေတနာကောင်းသူတွေ ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်ရတာတွေကိုဝါသနာပါသည့်အပြင် ရဲဝံ့ပြီးပြတ်သားကြသူတွေလည်း ဖြစ်ပါတယ်။
4
+ ကရကဋ်ရာသီဖွားတွေဟာ ဘယ်နေရာမဆို တက်ကြွစွာပါဝင်လှုပ်ရှားတတ်ပြီး အပေါင်းအသင်းဝင်ဆန့်ကာ ပျော်ပျော်ပါးပါးနေတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ချစ်ရတဲ့ မိသားစု အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာကိုလည်း နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အငြင်းအခုန်ဝါသနာပါသူတွေမို့ ကိုယ်မှန်တယ်ထင်ရင် ပြိုင်ငြင်းလေ့ ရှိကြပါတယ်။
5
+ ကရကဋ်ရာသီဖွားတွေဟာ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေနဲ့ပတ်သက်ရင် စာနာနားလည်လွယ်ပြီး ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ထိပါးလာရင်လည်း သည်းမခံတတ်ကြပါဘူး။
6
+ ကရကဋ်ရာသီဖွားတွေဟာ အခက်အခဲတွေကို ခေါင်းအေးအေးနဲ့ဆုံးဖြတ်တတ်ပေမဲ့ မကောင်းမှန်းသိပေမယ့် ဇွတ်လုပ်တတ်တဲ့ ဉာဉ်လေးတော့ ရှိပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတွေ ဖြစ်ကြပေမဲ့ သူတို့ရဲ့မဟုတ်မခံချင်စိတ်ကြောင့် ဘာသာရေးနဲ့ပတ်သက်ရင် အစွန်းရောက်သူတွေ ဖြစ်ကြပါတယ်။
7
+ ကရကဋ်ရာသီဖွားတွေရဲ့ အဓိကအားသာချက်ကတော့ စကားပြောပိုင်နိုင်လွန်းတာကြောင့် လူအများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းကြီးမားပြီး သူမပါရင်ပွဲမစည်ဘူးလို့ထင်ရလောက်အောင် လူမှုဆက်ဆံရေးမှာ အများသူငှာစံထားရလောက်တဲ့သူတွေ ဖြစ်ပါတယ်။ စကားပြောချိုသာတာကြောင့်လည်း လူချစ်လူခင်ပေါများလှပါတယ်။
8
+ ကရကဋ်ရာသီဖွားအများစုဟာ သူတို့နဲ့မသိတဲ့ နယ်ပယ်နဲ့ပတ်ဝန်းကျင်မှာနေရတာကို မနှစ်သက်ကြပါဘူး။ သူတို့ဟာ စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး အရာရာကိုဆုံးဖြတ်တတ်ပြီး နောက်နေ့မှာ နောင်တရတတ်သူတွေလည်းဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချတော့မယ်ဆို ‌အချိန်ယူသင့်ပါတယ်။ အစွဲအလမ်းကြီးပြီး ဒေါသဖြစ���လွယ်ကြပါတယ်။ သူတစ်ပါးကိုကူညီတတ်ပြီး အရာရာကို အနည်းငယ် သံသယစိုးရိမ်စိတ်ကြီးတတ်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ်ကောင်းရင် အဆုံးစွန်ထိကောင်းတတ်ပြီး မုန်းပြီဆိုရင်လည်း လှည့်မကြည့်ချင်တော့လောက်အောင် စိတ်နာတတ်ကြပါတယ်။
9
+ ကရကဋ်ရာသီဖွားတွေဟာ အလှအပကိုမြတ်နိုးပြီး ဝတ်စားဆင်ယင်မှုမှာ ဖက်ရှင်ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အနုပညာမှာပါရမီပါပြီး အသံဩဇာကောင်းသူတွေ ဖြစ်ကြပါတယ်။ ငွေရေးကြေးရေးမှာတော့ စနစ်တကျနဲ့ ထောင့်စိအောင် ချွေတာသုံးစွဲတတ်သူတွေပါ။ သူတို့ဟာ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီး စိတ်ရှုပ်စိတ်ညစ်တဲ့အခါ တောင်တန်းဒေသတွေကို ခရီးသွားရတာကို နှစ်သက်ကြပါတယ်။
10
+ ကရကဋ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့စန်းပွင့်တတ်သူတွေပါ။ သူတို့ဟာ ကိုယ်ချစ်တဲ့အကြောင်းကိုဖွင့်မပြောတတ်ဘဲ ရင်ထဲမှာထားတတ်ပြီး အပြင်ပန်းမှာတော့ အေးတိအေးစက်နိုင်ကြပါတယ်။ ချစ်သူအပေါ်မှာတော့ သဝန်တိုလွယ် သံသယစိတ်ဝင်လွယ်တဲ့ အကျင့်လေးကိုတော့ သတိထားသင့်ပါတယ်။ ကရကဋ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ရာသီခွင်တွေကတော့ မကာရရာသီဖွားနဲ့ ပြိသာရာသီဖွားတွေပဲ ဖြစ်ကြပါတယ်
11
+ ကရကဋ်ရာသီဖွားတွေဟာ ငါးမွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ သတင်းထောက်လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်။ အကျိုးပေးအရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၂၊ ၃၊ ၁၅၊ ၂၀တို့ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်လေးကတော့ Moonstone မြန်မာလို မျောကျောက်ဆိုတဲ့ကျောက်လေးပဲဖြစ်ပါတယ်။
12
+ ကရကဋ်ရာသီဖွားများသည် သြဇာအာဏာရှိသူများဖြစ်၏။ မိသားစုနှင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြ၏။ အရည်အချင်း ပြည့်ဝ၏။ စူးစမ်းဆင်ခြင်ဉာဏ်ပြင်းထန်၏။ အသက်ကြီးပိုင်းတွင် ဘာသာတရားကို လွန်စွာ ကိုင်းရှိုင်းသွားတတ်ကြ၏။ ဉာဏ်အလွန်ထက်၏။ တစ်ခါတရံ၌ ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်းပါရမီထူးရှိ၏။
13
+ ကရကဋ်ရာသီဖွားများသည် ကိုယ့်ကိုကိုယ်အားကိုး၏။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်၏။ အသံသြဇာကောင်းပြီး အပြောအဆိုကောင်း၏။ အစစ ဦးဆောင်ဖြစ်၏။ အမျိုးဘာသာအကျိုး၊ အများကောင်းကျိုး လိုလား၏။ ဆောင်ရွက်တတ်၏။ သို့သော��� ခေါင်းမာ၏။ အာဃာတကြီး၏။နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှ ကြိုက်၏။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။ စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။
14
+ ကရကဋ်ရာသီဖွားများသည် ဘဝတွင် အပြောင်းအလဲများစွာကြုံခဲ့၏။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်၏။ စိတ်ထား နူးညံ့သိမ်မွေ့၏။ ပင်ကိုယ်စိတ်ဓါတ် အေးဆေးတည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာ ပြုလုပ်တတ်၏။ အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်၏။ ဆုံးဖြတ်ချက် နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်း မကြာခဏကြုံတတ်၏။ အလွန်အာရုံများ၏။ စပ်စု၏။ အထိမခံ ရွှေပန်ကန်များဖြစ်၏။
15
+ ကရကဋ်ရာသီဖွားများသည် ဂီတအနုပညာကိုမြတ်နိုး၏။ သွက်လက်ထက်မြက်၏။ စကားများ၏။ အပျော်အပါးကြိုက်၏။ အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစု အသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြ၏။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကို ကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့် ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့် ဖြစ်သလိုနေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကို ပြင်းပြင်းထန်ထန် အလိုရှိ၏။ အလွန်ကြိုးစား၏။
16
+ ကရကဋ်ရာသီဖွားများသည် ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ သက်လတ်ပိုင်းတွင် ကြီးပွားတတ်၏။ လူများအပေါ် သြဇာပေးနိုင်တတ်၏။ အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့် အောင်မြင်မှုထိခိုက်တတ်၏။ ဘဝမျိုးစုံ ကျင်လည်ရ၏။ ဖြစ်ကတတ်ဆန်း နေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်၏။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်၏။ လူမသိ သူမသိဘဲကြိတ်ခံရတတ်၏။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြုံရတတ်၏။
17
+ ကရကဋ်ရာသီဖွားများသည် တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျ ကပ်စီးနှဲသလိုဖြစ်နေတတ်သည်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင် ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း နာမည်မသေစေရဟု နှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိ���က်ဆိုသလို လုပ်တတ်၏။ ကိုယ်သံယောဇဉ်ကြီးသူများအတွက် အလွန်အနစ်နာခံတတ်၏။ သနားတတ်၏။ သစ္စာရှိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံ၏။
18
+ အထူးသဖြင့် ကရကဋ်ရာသီဖွားတို့သည် ဘိုးတော် မယ်တော် ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာရှိတတ်၏။ အိပ်မက်ထူးများရှိတတ်၏။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုးစီးပွားပါ ပြည့်စုံလာတတ်လေ၏။
19
+
Astrology/Capricorn.txt ADDED
@@ -0,0 +1,16 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဒီဇင်ဘာလ (၂၂) ရက်နေ့ မှ ဇန်နဝါရီလ (၁၉) ရက်နေ့အတွင်းမွေးဖွားသူတို့ကို မကာရရာသီဖွား (Capricorn) များဟု သတ်မှတ်နိုင်သည်။
2
+ မကာရရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပထဝီဓာတ် (မြေဓာတ်)ကြီးစိုးပြီး (၈)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
3
+ မကာရရာသီဖွားများသည် ဘာကိုပဲလုပ်လုပ် တာဝန်သိစိတ်အပြည့်ရှိသူများဖြစ်သည်။ စီမံခန့်ခွဲမှုအားကောင်းသူများဖြစ်ကြပြီး မိမိလုပ်ချင်သည့်အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်ကိုင်တတ်ကြသည်။
4
+ မကာရရာသီဖွားများသည် တစ်ခုခုလုပ်တော့မယ်ဆို အရာရာကို ကြိုတင်ပြင်ဆင်ပြီး လေ့လာထားတတ်ကြပါတယ်။
5
+ မကာရရာသီဖွားအများစုသည် လက်မှုပညာ အလုပ်အကိုင်များတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဝါသနာပါကြသည်။
6
+ မကာရရာသီဖွားများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပေါင်းသင်းဆက်ဆံရေးတွင် ဖော်ရွေ ရိုင်းပင်းသူများဖြစ်ကြသည်။
7
+ မကာရရာသီဖွားများသည် မိတ်ဆွေသူငယ်ချင်းများအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်သော်လည်း အခြားသူတွေအပေါ်‌မှာတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ ဝန်လေးတတ်သူတွေ ဖြစ်ကြပါတယ်။
8
+ မကာရရာသီဖွားများသည် အပေါင်းအသင်းများများစားစားမရှိဘဲ ခင်မင်ရင်းနှီးသူနည်းသူတွေ ဖြစ်ကြပါတယ်။
9
+ မကာရရာသီဖွားတွေဟာ ကိုယ်တိုင်ဖရိုဖရဲနေတတ်သော်လည်း သန့်ရှင်းမှုကို ကြိုက်နှစ်သက်ကြပါတယ်။ စိတ်အပြောင်းအလဲမြန်ပြီး အတွေးအခေါ်နက်နဲစွာ တွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။
10
+ မကာရရာသီဖွားများသည် လွတ်လပ်မှုကို နှစ်သက်ပြီး ခေါင်းမာပြီး လက်တွေ့ကျကျ နေထိုင်တတ်ကြပါတယ်။ လောဘနည်းသူတွေဖြစ်ကြပြီး သွားလာလှုပ်ရှားရုန်းကန်ရတာကိုပဲ ကျေနပ်နေသူတွေ ဖြစ်ကြပါတယ်။
11
+ မကာရရာသီဖွားအများစုသည် မိမိရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်လွန်းတာကြောင့် တစ်ခါတစ်ရံ လူ့ဂွစာလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမဲ့ မိမိကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်သူတွေဖြစ်ပြီး မှားမှန်းသိရင်တော့ ချက်ချင်းအမှန်‌ပြင်ဖို့ ဝန်မလေးတတ်သူတွေ ဖြစ်ကြပါတယ်။
12
+ မကာရရာသီဖွားတွေဟာ လက်တွေ့ဘဝတွင် သူတစ်ပါးအတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ ဘဝကို ရင်းနှီးမြှုပ်နှံကာ အနစ်နာခံတတ်သူတွေဖြစ်ကြပါတယ်။ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ကံကံ၏အကျိုးကိုယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။
13
+ မ���ာရရာသီဖွားများသည် အလှူအတန်းရက်ရောပြီး စိတ်ထားကောင်းသူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ ကလေးတစ်ယောက်လို တစ်ကိုယ်ကောင်းဆန်တတ်ပြီး စိတ်ကူးလည်းယဉ်တတ်သလို အငြင်းသန်တတ်ကြပါတယ်။ အရာရာကို မျက်မြင်ကိုယ်တွေ့မှ ယုံကြည်တတ်တဲ့ ရာသီဖွားတွေလည်းဖြစ်ပါတယ်။
14
+ မကာရရာသီဖွားတွေဟာ စက်မှုလုပ်ငန်း၊ အနုပညာလုပ်ငန်း၊ အလှဖန်တီးရှင်များ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်ကောင်းနဲ့တွေ့ရတတ်ပြီး အချစ်ကြီးသလောက် အမုန်းလည်းကြီးတတ်သူတွေ ဖြစ်ကြပါတယ်။
15
+ ဗြိစ္ဆာရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေက မကာရရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေ ဖြစ်ပါတယ်။
16
+ မကာရရာသီဖွားများအတွက် အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၈၊ ၁၃၊ ၂၂ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အနက်ရောင်နဲ့ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ပတ္တမြား (Ruby) ကျောက်လေးပဲ ဖြစ်ပါတယ်။
Astrology/Gemini.txt ADDED
@@ -0,0 +1,24 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ မေလ ၂၁ရက်မှ ဇွန် ၂၀ရက်အတွင်း မွေးဖွားသူများကို မေထုန်ရာသီဖွား (Gemini) များလို့ သတ်မှတ်နိုင်ပါတယ်။
2
+ မေထုန်ရာသီဖွားတွေဟာ (၃)ဂဏန်းစွမ်းအားသက်ရောက်မှုရှိပြီး ဗုဒ္ဓဟူးဂြိုလ် (ဝါယော)လေဓာတ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။
3
+ မေထုန်ရာသီဖွားတွေဟာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး ဉာဏ်ရည်ထက်မြတ်သူတွေလည်း ဖြစ်ကြပါတယ်။ ရိုးသားပွင့်လင်းပြီး သူတစ်ပါးအပေါ်ကြင်နာတတ်သူတွေလည်း ဖြစ်ကြပါတယ်။
4
+ မေထုန်ရာသီဖွားတွေဟာ စိတ်နှစ်ခွဖြစ်တတ်ပြီး ဝါသနာပါရာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်ကြပါတယ်။ သူတို့ရဲ့အကြိုက်ကိုတော့ ကြိုတင်ခန့်မှန်းရခက်ပြီး အပြောင်းအလဲမြန်သူတွေလည်း ဖြစ်ကြပါတယ်။
5
+ မေထုန်ရာသီဖွားတွေမှာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေများပြီး အရာရာကို စူးစမ်းလိုစိတ်များကြပြီး အယုံမလွယ်တတ်သူတွေလည်း ဖြစ်ကြပါတယ်။
6
+ မေထုန်ရာသီဖွားတွေဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး မျက်နှာသွင်ပြင်ကလည်း စွဲမက်ဖွယ် သွင်ပြင်ရှိကြပါတယ်။ သူတို့အားစိတ်ဓာတ် ကြံခိုင်ပြီး သစ္စာရှိသူတွေ ဖြစ်ကြပါတယ်။
7
+ မေထုန်ရာသီဖွားတွေဟာ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။
8
+ မေထုန်ရာသီဖွားတွေဟာအခြားသူတွေအပေါ် အစအနောက်သန်ပြီး ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ မေထုန်ရာသီဖွားတွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။
9
+ မေထုန်ရာသီဖွားတွေဟာ ခရီးထွက်ရတာဝါသနာပါပြီး စာဖတ်ရတာနဲ့ ဂီတာသံစဉ်တွေကို နှစ်ခြိုက်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သင်ယူရတာကို နှစ်သက်ပြီး လုပ်ငန်းခွင်နယ်ပယ်မှာလည်း ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။
10
+ မေထုန်ရာသီဖွားတွေဟာ သမာရိုးကျလုပ်ရိုးလုပ်ဟန်တွေထက် ကိုယ်ပိုင်ဟန်နဲ့ လုပ်ကိုင်တွေးခေါ်ကြံဆရတာတွေကို သဘောကျကြပါတယ်။
11
+ မေထုန်ရာသီဖွားတွေဟာ အရာရာမှာ စိတ်မြန်လက်မြန်ရှိကြပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာတော့ တွေဝေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီဇိုင်နာ၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ သရုပ်ဆောင်မင်းသားမင်းသမီးအဖြစ်ကျော်ကြားတဲ့ အနုပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေ အကျိုးပေးပါတယ်။
12
+ မေထုန်ရာသီဖွားတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင်တော့ အလွန်စန်းပွင့်တတ်ပြီး ရည်းစားလည်း များတတ်ပါတယ်။ ချစ်သူအပေါ်မှာ နွဲ့ဆိုးဆိုးတတ်ပြီး အချ���ာ့ကြိုက်ကြတဲ့သူတွေပါ။
13
+ မေထုန်ရာသီဖွားတွေဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်နှစ်သက်ပြီး ချုပ်ချယ်မှုကိုတော့ မကြိုက်ကြပါဘူး။ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ကုံရာသီနဲ့ ဓနုရာသီဖွားတွေ ဖြစ်ကြပါတယ်။ အကျိုးပေးတဲ့အရောင်တွေကတော့ အစမ်းရောင်နဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၇၊ ၁၄၊ ၂၃ တို့ဖြစ်ပါတယ်။
14
+ မေထုန်ရာသီဖွားတွေအတွက် တစ်သက်တာအတွက် ဆောင်ထားသင့်တဲ့ ကံကောင်းစေတဲ့ အဆောင်ကျောက်ကတော့ Agate ဆိုတဲ့ ဌာပနာကျောက်ပဲ ဖြစ်ပါတယ်။
15
+ မေထုန်ရာသီဖွားတွေဟာ နူးညံ့သိမ်မွေ့ ၊ သိလိုစိတ်ပြင်းပြ(စပ်စု)၊ ကြင်နာတတ်၊ လိုက်လျောညီထွေစွာနေတတ်၊ သင်လွယ်တတ်လွယ်။ စိတ်ကတော့နူးနူးညံ့ညံ့လေးရှိနေတယ်၊ တစ်ခုခုဆိုသင်ယူလေ့လာတာ တတ်လွယ်တယ်မြန်တယ်၊ ကိုယ့် အကြံအဉာဏ်ကို သူများကိုပြောပြတတ်တယ်၊ ထောက်ပြတတ်တယ်၊ ဆရာကြီးလုပ်တတ်တယ်၊ ပြီးတော့ အရမ်းစပ်စုတတ်တယ်၊ တစ်ခုခုဆို အရမ်းသိချင်တယ်၊ အရမ်းစုံစမ်းရေးလုပ်တတ်တဲ့အကျင့်တွေရှိပါတယ်၊ လိုက်လျောညီထွေနေတတ်တယ်။
16
+ မေထုန်ရာသီဖွားတွေဟာ တခုခုဆို စိတ်လှုပ်ရှာပြီးကြောက်တတ်၊ တွေဝေပြီး စိတ်မပိုင်းဖြတ်နိုင်ကြ။ အရမ်းကြောက်တတ်တယ်၊ တစ်ခုခုဆို လန့်တတ်တယ်၊ သူများတွေထက်ကိုပိုကြောက်တတ်တယ်၊ တစ်ခုခုဆို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချတတ်ဘူး၊ ပစ္စည်းတစ်ခုဝယ်မယ်ဆိုလည်းဘာဝယ်ရမှန်းမသိဘူး။ ဆုံးဖြတ်ချက်မြန်မြန်လည်း မချတတ်ဘူး။
17
+ မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့် နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိဉာဏ်ထက်မြက်ကြ၏။ ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။
18
+ မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊ အထူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက် ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ ငွေတစ်နေ့ ဖြစ်၏။
19
+ မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်၏။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုး ဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။
20
+ မေထုန်ရာသီဖွားတို့သည် အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။ ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။
21
+ မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြား သူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့် တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီ နောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏။ဘဝတွင် ကိုယ်ကျိုးသက်သက်မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။
22
+
23
+
24
+
Astrology/Leo.txt ADDED
@@ -0,0 +1,17 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဇွန်လိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်းမွေးဖွားသူတို့ကို သိဟ်ရာသီဖွား (Leo) များဟု သတ်မှတ်နိုင်သည်။
2
+ သိဟ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး တနင်္ဂနွေဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁) ဂဏန်းစွမ်းအား သက်ရောက်မှုရှိသည်။
3
+ သိဟ်ရာသီဖွားတွေဟာ ဩဇာအာဏာရှိသူများဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတွေ ဖြစ်ကြပါတယ်။ ဉာဏ်ရည်ထက်မြတ်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေတတ်သူတွေ ဖြစ်ကြပါတယ်။ လူကြီးလူကောင်းဆန်ပြီး အနေအထိုင်အေးဆေးကြပါတယ်။ နွေးထွေးကြင်နာတတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သနားကြင်နာစိတ်ရှိပြီး ပေးကမ်းစွန့်ကြဲလိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။
4
+ သိဟ်ရာသီဖွားတွေဟာ ခေါင်းဆောင်ကောင်းအရည်အချင်းနဲ့ပြည့်ဝပြီး အများရဲ့ လေးစားအားကျခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။ မှန်ကန်တဲ့လမ်းကိုလျှောက်ပြီး စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်အဖြစ် ဦးဆောင်လမ်းပြပေးနိုင်သူတွေဖြစ်အောင် အမြဲကြိုးစားနေတဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီထူးသူတွေဖြစ်တာကြောင့်လည်း အလုပ်လုပ်ကိုင်တဲ့နေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တိကျသေချာစွာလုပ်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။
5
+ သိဟ်ရာသီဖွားတွေဟာ အပေါ်ယံထင်မြင်သုံးသပ်ချက်တွေကို မနှစ်သက်ပါဘူး။ တိကျခိုင်လုံတဲ့အယူအဆတွေကိုသာ လက်ခံကြတဲ့သူတွေဖြစ်ပြီး အသေးအဖွဲ့ကိစ္စရပ်တွေကိုဆို လှည့်မကြည့်တတ်ကြပါဘူး။
6
+ သိဟ်ရာသီဖွားတွေဟာ ဒေါသ၊ မာန်မာနကြီးပြီး ခေါင်းမာတတ်ကြပါတယ်။ မျက်နှာအမူအရာ ဟန်မဆောင်တတ်ဘဲ စိတ်အလိုမကျရင် မျက်နှာတွင် သိသိသာသာပေါ်လာတတ်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတတ်ပေမယ့် စိတ်ရှုပ်လွယ်တတ်ပါတယ်။ အရာရာကို မျိုသိပ်တတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုတောင် ဖွင့်မပြောတတ်ကြပါဘူး။ ပင်ပန်းသောကတွေကို အခြားသူတွေကိုမပေးတတ်ဘဲ ကိုယ်တိုင် နေ့ရက်တိုင်းကို အပူပင်ကင်းကင်းနဲ့ပဲ ဖြတ်သန်းချင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ လက်ရှိသူတို့ဘဝရဲ့ဖြစ်တည်မှုကိုသာ အကြိုက်အနှစ်သက်ဆုံးဖြစ်ပြီး အကောင်းဆုံးလို့ခံယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။
7
+ သိဟ်ရာသီဖွားတွေဟာ အရာရာကို သတိနဲ့ယှဉ်ပြီး ပြုမူလုပ်ဆောင်တတ်ကြပြီး ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ အများအကျိုးကို သယ်ပိုးရွက်ဆောင်ရတာတွေမှာလည်း ဝါသနာပါတဲ့ ရာသီခွင်ဖြစ်ပါတယ်။
8
+ သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့ သူတို့ဆိုးသမျှ အနွံတာခံပြီး သည်းခံတဲ့သူမျိုးကိုသာ ချစ်သူအဖြစ်ရွေးတတ်ကြပါတယ်။ အချစ်ကြီးသလို အမျက်လည်းကြီးတတ်ပြီး ကိစ္စအသေးအဖွဲ့လေးကအစ ချစ်သူအပေါ် အရမ်းဂရုစိုက်တတ်လွန်းတာကြောင့် နားလည်မှုလွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ လက်ရှိချစ်သူကိုသာ တစ်ဘဝလုံးလက်တွဲသွားချင်ကြတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။ အကျိုးပေးပြီး လိုက်ဖက်တဲ့ ရာသီခွင်တွေကတော့ ကုမ်ရာသီနဲ့ မေထုန်ရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။
9
+ သိဟ်ရာသီဖွားတွေဟာ ကျောင်းဆရာ၊ စာရေးဆရာ၊ စစ်ဘက်၊ ငါးမွေးမြူရေးနဲ့ ဆရာဝန်စတဲ့ အလုပ်အကိုင်တွေအကျိုးပေးပြီး ရွှေရောင်၊ အဝါရောင်နဲ့၊ လိမ္မော်ရောင်တွေက သိဟ်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့အရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၉၊ ၁၀၊ ၁၃ စတဲ့ ဂဏန်းတွေဖြစ်ပြီး တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်ကတော့ ဖရဲအူကျောက်လို့ခေါ်တဲ့ (Tourmaline)ပဲ ဖြစ်ပါတယ်။
10
+ သိဟ်ရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် ပဉ္စမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ခြင်္သေ့တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
11
+ သိဟ်ရာသီဖွားတွေကို တနင်္ဂနွေဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။ သိဟ်ရာသီဖွားများသည် ဂုဏ်ကျက်သရေရှိသူများ ဖြစ်၏။ အစစအရာရာ ခေါင်းဆောင်လိုစိတ်ရှိ၏။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ စိတ်အားထက်သန်သူများ ဖြစ်ကြ၏။ မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြ၏။ မည်သည့်ကိစ္စမဆို လိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ ပညာရှိ သုခမိန်ဖြစ်တတ်၏။ ရဲရင့်ထက်မြက်၏။ ရဲရင့်တည်ကြည်၏။ ယောက်ျားပီသ၏။
12
+ သိဟ်ရာသီဖွား အမျိုးသမီးများသည်လည်း ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ သစ္စာရှိတတ်ကြ၏။ ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြ၏။ ထက်မြက်ရုံသာမက စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။သူတစ်ပါးက မိမိအား မြောက်စားခြင်း၊ နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာက အချိန်ကုန် ငွေကုန်ခံ၍ ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။ အမုန်းခံစရာရှိက အမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ ကိုယ့်ကို မြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့် နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှရပါစေ စိတ်မဝင်စား။ စမတ်ကျကျနှင့် လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင် ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လို၏။
13
+ သိဟ်ရာသီဖွားတို့၏ အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊ အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊ သူတစ်ပါးစကားနားထောင် အကြံယူက အောက်ကျသည်၊ သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများ လက်လွတ်ခံခြင်းတို့ပင်ဖြစ်၏။ သို့သော် သိဟ်ရာသီဖွားတို့သည် အမြင်ထူးခြား၏။ ဘယ်တော့မှ နောက်မတွန့်တတ်။ လူဖြောင့်စိတ်တိုများဖြစ်၏။ စိတ်မြန်သည်။ အားမနာတတ်။ မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှ သည်းမခံတတ်။
14
+ သိဟ်ရာသီဖွားတွေဟာ ရာသက်ပန် တစ်ခုတည်းသောဝါဒကို စွဲကိုင်ထားတတ်၏။ လူတွင်ကျယ်လုပ်လို၏။ လူရိုသေအောင်လည်း နေတတ်၏။ ထို့အပြင် သူများတကာနှင့် အမြင်မတူတတ်။ ကိုယ်ကိုင်စွဲသော ဝါဒအတိုင်း ခံယူလျှောက်လှမ်းတတ်၏။ ငြင်းခုံစရာရှိက အခိုင်အခန့်ငြင်းခုံ၏။ ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်၏။ ဥပဒေကိုဖြစ်စေ၊ စည်းကမ်းဘောင်များကိုဖြစ်စေ၊ အသစ်ပြုပြင် ပြောင်းလဲပစ်လိုသူများဖြစ်ကြ၏။ အခွင့်အရေးကိုလည်း မရရအောင် ယူတတ်ကြ၏။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိ၏။ သို့သော် သူတစ်ပါးကို ရန်လိုသောစိတ်မရှိ။
15
+ သိဟ်ရာသီဖွားတွေဟာ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ ရှိနေတတ်ကြ၏။စီးပွားရေးဘက်တွင် အားနည်းတတ်ကြ၏။ စိတ်ထိခိုက်လွယ်၏။ တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင် ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်၏။ သူတစ်ပါးကို အားပေးစကား မပြောတတ်သလို ကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင် ခံစားချက်ကြီးတတ်၏။ ဘဝတွင် ကျွမ်းကျင်မှုတွေများပြီး ရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံတတ်၏။ ဂမ္ဘီရပါရမီ ရင့်သန်၏။
16
+ သိဟ်ရာသီဖွားတွေဟာ စည်းကမ်းဘောင်အတွင်း နေမှကောင်း၏။ တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် အထိနာတတ်၏။ ဥပမာ- ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိက သူများထက်ပိုထိတတ်၏။ တွန်းတိုက်ပြီး ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက် အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက် လိုက်သွားတတ်၏။ ဘဝသက်တာတွင် ငွေကိုအားတိုက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကြိုးစားပြီးရှာရတတ်၏။
17
+ သိဟ်ရာသီဖွားတွေဟာ စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတ အသိဉာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့် ဘဝတွင် လူတစ်လုံး သူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြ၏။
Astrology/Libra.txt ADDED
@@ -0,0 +1,17 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို တူရာသီဖွား (Libra) များဟု သတ်မှတ်နိုင်သည်။
2
+ တူရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး သောကြာဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၆)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
3
+ တူရာသီဖွားတွေဟာ စိတ်ခံစားမှုကို အထူးဦးစားပေးပြီး အများနဲ့ပူးပေါင်းဆောင်ရွက်လိုစိတ်ပြင်းပြတဲ့ ရာသီဖွားတွေ ဖြစ်ကြပါတယ်။
4
+ တူရာသီဖွားတွေဟာ စကားပြောဆိုရာမှာလည်း စကားကြွယ်ပြီး လိမ္မာပါးနပ်မှုရှိတာကြောင့် လူအများနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ လူချစ်လူခင်ပေါများကြပါတယ်။
5
+ တူရာသီဖွားတွေဟာ မျှမျှတတတွေးခေါ်တက်ပြီး တရားသောနည်းဖြင့် ဆုံးဖြတ်တတ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ပါတယ်။
6
+ တူရာသီဖွားတွေဟာ အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်မှုရှိပြီး ထူးချွန်တဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။
7
+ တူရာသီဖွားတွေဟာ ဘယ်တော့မှ တစ်ယောက်တည်းမနေတတ်ဘဲ သူငယ်ချင်းအပေါင်းအသင်းတွေကို ခင်တွယ်သူတွေလည်း ဖြစ်ကြပါတယ်။ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဒုတိယမိသားစုလို့ သတ်မှတ်တဲ့အထိ အပေါင်းအသင်းခင်သူတွေပါ။ ဒါပေမဲ့ သူတို့ဟာ လူစုလူဝေး လူရှုပ်တဲ့နေရာတွေကိုတော့ ရှောင်တတ်ကြပါတယ်။
8
+ တူရာသီဖွားတွေဟာ ကိစ္စတစ်ခု လုပ်တော့မယ်ဆို အမြဲ ဒွိဟဖြစ်တတ်ပြီး လုပ်သင့်လား မလုပ်သင့်ဘူးလား အမြဲတွေဝေသူတွေပါ။
9
+ တူရာသီဖွားတွေဟာ စာဖတ်ဝါသနာပါပြီး နူးညံတဲ့စိတ်ခံစားချက်ရှိသူတွေပါ။ အလှအပကိုလည်း ခံစားတတ်ပြီး အနုပညာအမြင်ရှိသူတွေပါ။
10
+ တူရာသီဖွားတွေဟာ ဘဝကို တည်ငြိမ်အေးချမ်းစွာနဲ့ အောင်မြင်မှုရရှိရန် ကြိုးစားကြံစည်တတ်ကြသူတွေ ဖြစ်ပါတယ်။
11
+ တူရာသီဖွားတွေဟာ မျှော်လင့်ချက်ရည်မှန်းချက်ကြီးမားစွာနဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်တတ်ကြသူတွေလည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အတွေးလွန်ပြီး လေထဲအိမ်ဆောက်သလိုဖြစ်တတ်တာမျိုးကိုတော့ သတိပြုဖို့လိုပါတယ်။
12
+ တူရာသီဖွားတွေဟာ ကံ ကံ၏အကျိုး စေတနာကောင်းခြင်းရဲ့ အကျိုးတွေကို ယုံကြည်ကြပြီး တူသောအကျိုးပေးခြင်းကို လက်ခံကြသူတွေဖြစ်တာကြောင့် အခြားသူများအပေါ် အမြဲအကောင်းဆုံးလုပ်ဆောင်ပေးတတ်ကြပါတယ်။
13
+ တူရာသီဖွားတွေဟာ လုပ်ငန်းခွင်မှာ အများကို နေရာပေးတတ်ခြင်း၊ မှန်ကန်ခြင်း၊ တိကျခြင်း၊ ကြိုတင်ခန့်မှန်းမှုကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်ရာမှာလည်း အောင်မြင်ကြပါတယ်။
14
+ တူရာသီဖွားတွေအတွက် အခြားအကျိုးပေးတဲ့လုပ်ငန်းတွေကတော့ တရားရေးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာစတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေကြေးအသုံးကြမ်းပြီး အပျော်အပါး၊ လောင်းကစားမှာ ဝါသနာပါတတ်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါတယ်။
15
+ တူရာသီဖွားတွေဟာ အချစ်ရေးမှာတော့ မေတ္တာစိတ်ကြီးမားပြီး ခံစားချက်ပြင်းထန်သူတွေဖြစ်ကြပါတယ်။ အေးတိအေးစက်နေတတ်ပြီးချစ်သူကို အမြဲအားမလိုအားမရနဲ့ သံသယစိတ်များသူတွေ ဖြစ်ကြပါတယ်။
16
+ တူရာသီဖွားတွေအတွက် အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ဓနုရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၆၊ ၁၃၊ ၁၅၊ ၂၄ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ပန်းရောင်နဲ့ အစိမ်းရောင်ပဲဖြစ်ပါတယ်။
17
+ တူရာသီဖွားတွေအတွက်တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ ဒုက်ထာကျောက်ဆိုတဲ့ (Lapis Lazuli) ကျောက်လေးပဲ ဖြစ်ပါတယ်။
Astrology/Pisces.txt ADDED
@@ -0,0 +1,22 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့အတွင်း မွေးဖွားသူတို့ကို မိန်ရာသီဖွား (Pisces) များဟု သတ်မှတ်နိုင်သည်။
2
+ မိန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး (၃)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။
3
+ မိန်ရာသီဖွားတွေဟာ မေတ္တာ ဂရုဏာကြီးမားတဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိသူတွေ ဖြစ်ကြပါတယ်။
4
+ မိန်ရာသီဖွားတို့သည် အနုပညာရသကို ခံစားဖန်တီးနိုင်စွမ်းရှိပြီး ဂီတကို စီး‌မြောခံစားနိုင်စွမ်းရှိခြင်းနဲ့အတူ တူရိယာတစ်ခုခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူတွေလည်း ဖြစ်ပါတယ်။
5
+ မိန်ရာသီဖွားတို့သည် ဉာဏ်အမြှော်အမြင်နဲ့ ပြည့်စုံတဲ့အပြင် ကိစ္စတစ်ခုခုကို ကြိုတင်ခန့်မှန်းရာမှာလည်း ကျွမ်းကျင်ကြပါတယ်။
6
+ မိန်ရာသီဖွားတွေဟာ အရှက်အကြောက်လည်း ကြီးတတ်ကြတဲ့အပြင် လူတိုင်းကို အယုံလွယ်လွန်းတာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့ တွေ့ကြုံရတတ်ပါတယ်။
7
+ မိန်ရာသီဖွားတွေဟာ စိတ်ထားနူးညံ့ပြီး စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေလည်း ဖြစ်ကြပါတယ်။
8
+ မိန်ရာသီဖွားတို့သည် စိတ်ဓာတ်ကျလွယ်၊ တက်လွယ်တဲ့အပြင် အတွေးလွန်တက်တာကြောင့်လည်း ဝမ်းနည်းအထီးကျန်စိတ်ကို ဖြစ်စေတတ်ပါတယ်။
9
+ မိန်ရာသီဖွားတွေဟာ အရာရာကို အကောင်းကြိုက်ပြီး အအိပ်လည်းမက်ကြပါတယ်။ တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့ရာသီခွင်တွေဖြစ်သလို အချစ်ကြီးတဲ့သူတွေလည်း ဖြစ်ပါတယ်။
10
+ မိန်ရာသီဖွားတွေဟာ စကားပြောပြေပြစ်ပြီး အများကို ကူညီဖို့အတွက်ဆို အမြဲတမ်းအဆင်သင့်ရှိနေတတ်ကြပါတယ်။
11
+ မိန်ရာသီဖွားတို့သည် တပါးသူရဲ့အခက်အခဲကို ကိုယ်အခက်အခဲလို့ နှလုံးသွင်းပြီး ဖြေရှင်းပေးလေ့ရှိပါတယ်။
12
+ မိန်ရာသီဖွားတို့သည် သည်းခံခွင့်လွှတ်တတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။
13
+ မိန်ရာသီဖွားတွေဟာ တစ်ခါတစ်လေ သတ္တိနည်းပြီး သွေးကြောင်တတ်တာမျိုးလေးတွေနဲ့ ဂျီးများပြီး ဇီဇာကြောင်တတ်တာလေးတွေကိုတော့ ဆင်ခြင်သင့်ပါတယ်။
14
+ မိန်ရာသီဖွားတွေဟာ စာပေအရေးအသားတွေမှာလည်း ထူးချွန်ပြောင်မြောက်ကြပါတယ်။ သူတို့ဟာ အရာရာကိုလျှို့ဝှက်တတ်ပြီး သိုဝှက်တတ်တာကြောင့် သူတို့ရဲ့စိတ်နေသဘောထားကို ခန့်မှန်းဖို့ ခက်ကြပါတယ်။
15
+ မိန်ရာသီဖွားတွေဟာ သူတို့အကြောင်းကို အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေလောက်ကပဲ ��ိကြပါတယ်။ သူတို့မှာ မိတ်ဆွေသူငယ်ချင်းလည်း မများတတ်ဘဲ အပေါင်းအသင်းလည်း နည်းပါတယ်။
16
+ မိန်ရာသီဖွားတို့သည် စကားပြောနည်းပြီး ဘာပဲလုပ်လုပ်စိတ်နှစ်ခွဖြစ်တတ်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုချရာမှာ ပြတ်ပြတ်သားသားချတဲ့နေရာမှာလည်း အားနည်းကြပါတယ်။
17
+ မိန်ရာသီဖွားတွေဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ဗေဒင်ကိန်းခန်းနဲ့ ဂမ္ဘီရပညာရပ်တွေမှာလည်း ဝါသနာပါကြပါတယ်။
18
+ မိန်ရာသီဖွားတွေဟာ စာပေရေးသားခြင်းလုပ်ငန်း၊ အနုပညာလုပ်ငန်းတွေမှာ အကျိုးပေးသလို ထီးလုပ်ငန်း၊ ထီလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သ‌င်္ဘောသား၊ သင်္ဘောကပ္ပတိန်နဲ့ သုတေသနလုပ်ငန်းတွေမှာလည်း အကျိုးပေးကြပါတယ်။ အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်ပြီး စကားကြွယ်သလို ဉာဏ်လည်းများတတ်ကြပါတယ်။
19
+ မိန်ရာသီဖွားတွေဟာ သူတို့မသိသေးတဲ့ကိစ္စဆိုတာ မရှိလောက်အောင် တခြားသူ‌အပေါ် အကင်းပါးလွန်းတာကြောင့် ချစ်သူနဲ့ပြဿနာဖြစ်လေ့ရှိပြီး သူတို့အပေါ်လိမ်ညာတာကို အလွန်မုန်းကြပါတယ်။
20
+ မိန်ရာသီဖွားတွေဟာ သူတို့ဟာ အချစ်ကိုထုတ်ဖော်ပြောရမှာ ဝန်လေးတတ်ကြပြီး မပြတ်သားခြင်း၊ တွေဝေခြင်း၊ ချိန်ဆမှုဝေဝါးခြင်းများနဲ့ ကြုံတတ်တာကြောင့် ချစ်ကံခေနေတတ်ပါတယ်။
21
+ ပြိဿရာသီဖွားတွေနဲ့ ကန်ရာသီဖွားတွေက မိန်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။
22
+ မိန်ရာသီဖွားတို့အတွက် အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂၄ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ မရမ်းစေ့ရောင်၊ ခရမ်းရောင်နဲ့ စိမ်းပြရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ခရမ်းစွဲ (Amethyst) ကျောက်လေးပဲ ဖြစ်ပါတယ်။
Astrology/Sagittarius.txt ADDED
@@ -0,0 +1,24 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ နိုဝင်ဘာလ (၂၂) ရက်နေ့ မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အတွင်းမွေးဖွားသူတို့ကို ဓနုရာသီဖွား (Sagittarius) များ ဟုသတ်မှတ်နိုင်သည်။
2
+ ဓနုရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၅)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။
3
+ ဓနုရာသီဖွားတွေဟာ စိတ်ဓာတ်ပြင်းထန်ပြီး လျှင်မြန်သွက်လက်၍ ထက်မြက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နက်နက်နဲနဲတွေးဆကြံစည်တတ်ပြီး ဘယ်အလုပ်ကိုမဆို ရဲဝံ့စွာ လုပ်ကိုင်တတ်ကြပါတယ်။ သူတို့ဟာ ဟန်ဆောင်မှုကင်းပြီး တည်ကြည်တဲ့သူတွေဖြစ်သလို စကားပြောဆိုရာမှာလည်း စိတ်ပါလက်ပါနဲ့ အခြားသူတွေနားလည်အောင် ပြောတတ်သူတွေ ဖြစ်ကြပါတယ်။
4
+ ဓနုရာသီဖွားအများစုဟာ သဘောထားကြီးပြီး စိတ်ကူးယဉ်ဆန်တတ်ပြီး ဖြတ်ထိုးဉာဏ်၊ ဟာသဉာဏ်ရွှင်သူတွေ ဖြစ်ကြပါတယ်။ ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အစအနောက်တတ်ဆုံးသူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုနှိမ့်ချတတ်ပြီး သမာရိုးကျ ရိုးရိုးအေးအေးပဲ ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။ စိတ်ဓာတ်ခိုင်မာပေမဲ့ စိုးရိမ်စိတ်ကြီးတတ်သူတွေ ဖြစ်ကြပါတယ်။
5
+ ဓနုရာသီဖွားတွေဟာ ခရီးထွက်ရတာ အလွန်ဝါသနာပါတဲ့သူတွေ ဖြစ်ကြပါတယ်။ ဘာကိုပဲလုပ်လုပ် တခြားသူအပေါ်အလွန့်ငဲ့ညှာသနားတတ်ပြီး ကူညီတတ်ကြပါတယ်။ စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်ဆိုပေမဲ့ အရာရာကိုနှစ်ဖက်မျှတွေးပြီး အကောင်းမြင်တတ်တဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။
6
+ ဓနုရာသီဖွားတွေဟာ မထင်မှတ်ဘဲ ဘဝမှာ အပြောင်းအလဲများစွာ ကြုံရတတ်ပါတယ်။ တစ်စွတ်ထိုးလုပ်တတ်တဲ့ အကျင့်လေးကိုတော့ ဆင်ခြင်သင့်ပါတယ်။ သူတို့ဟာ ငွေပြင်းထန်စွာရှာတတ်ပြီး ရှာထားတဲ့ငွေကို အများသူတွေကို ကူညီရန် လှူဒါန်းရန်အတွက် အသုံးချတတ်သူတွေ ဖြစ်ကြပါတယ်။
7
+ ဓနုရာသီဖွားတွေဟာ အလွန်အဓိပ္ပါယ်ရှိတဲ့ ဘဝပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ မာနကြီးပေမဲ့ အခြားသူတွေအပေါ် သနားကြင်နာစွာ ကူညီတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပွဲစားလုပ်ငန်း၊ သတ္တုပစ္စည်းများတူးဖော်ရောင်းဝယ်ခြင်း၊ စက်ပစ္စည်း ယာဉ် ရထား ကားတည်ထောင်ခြင်း၊ ရှေ့နေအလုပ်၊ အုပ်ချုပ်ရေးအလုပ်၊ စက်ပြင်အလုပ်၊ အင်ဂျင်နီယာနှင့် ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။
8
+ ဓနုရာသီဖွားတွေဟာ အလွန်နူးညံသောနှလုံးသားကို ပိုင်ဆိုင်ကြ���ြီး အချစ်ရေးမှာ သနားလွယ်၊ ယုံလွယ်၊ စိတ်ညွှတ်လွယ်သူများ ဖြစ်ကြပါတယ်။ ချစ်သူရည်းစားများတတ်ပေမဲ့သော်လည်း အိမ်ထောင်ဖက်ကောင်းနှင့် လက်ထပ်ရတတ်ပါတယ်။ အိမ်ထောင်ဖက်အပေါ် ဩဇာလွှမ်းမိုးတတ်ကြပါတယ်။ အချစ်ရေးအိမ်ထောင်ရေးကို ဆုံးဖြတ်တဲ့အခါ ခေါင်းအေးအေးထားစဥ်းစားပြီး လူကြီးမိဘတွေရဲ့ အကြံဉာဏ်ယူပြီး ဆုံးဖြတ်သင့်ပါတယ်။ အရာရာကိုပွင့်လင်းစွာပြောဆိုဆက်ဆံတတ်ခြင်းက တပါးသူအပေါ်အခွင့်အရေးပေးသလို ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အခုတွေ့ အခုကြိုက် အခုယူသဘောမျိုးဖြင့် ဘေးလူဘယ်လိုတားတား ဂရုမစိုက်ဘဲ ဇွတ်လုပ်တတ်ကြပါတယ်။ အချစ်ကိုယုံပြီး ပုံအပ်တတ်သူဖြစ်ပြီး အချိန်လွန်မှ နောင်တရတတ်ကြပါတယ်။ မိသားစုအပေါ်သံဃောဇဉ်ကြီးတတ်ကြပေမယ့် အိမ်ထောင်ရေးမှာ ဒုတိယပေါ်လာတတ်တာမျိုးကိုတော့ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။
9
+ ဓနုရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ မေထုန်ရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၇၊ ၉၊ ၁၂၊ ၂၁ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အဖြူရောင်နဲ့ အပြာရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ စိမ်းပြာရောင်ကျောက်လို့ခေါ်တဲ့ (Turquoise) ကျောက်လေးပဲဖြစ်ပါတယ်။
10
+ ဓနုရာသီခွင်ဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် နဝမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် လေးနှင့်မြားကို ကိုင်ထားသော လေးသည်တော်သည် အပေါ်ပိုင်းတွင် လူ၏ခန္ဓာကိုယ်ရှိပြီး ခါးအောက်ပိုင်းတွင် ခြေလေးချောင်းနှင့် မြင်း၏ကိုယ်သဏ္ဍာန်ရှိသော လူမြင်းလေးသည်တော်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။ ဤရာသီခွင်ကို ကြာသာပတေးဂြိုဟ်မှ စိုးမိုးထားသည်။
11
+ ဓနုရာသီခွင်ဟာ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။
12
+ ဓနုရာသီဖွားတို့သည် အတွေးအခေါ်ကောင်းသူများဖြစ်၏။ စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။ လျင်မြန်သွက်လက်၍ ထက်မြက်ကြ၏။ ဘယ်အလုပ်ကိုမဆို ရဲရင့်စွာ ပြုလုပ်တတ်ကြ၏။ ဟန်ဆောင်မှုကင်း၏။ တည်ကြည်၏။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်၏။ တရားတော်ကို အလွန်ယုံကြည်လေးစား၏။
13
+ ဓနုရာသီဖွားတွေဟာ သမားရိုးကျဆန်ဆန် အရိုးခံ ပြုမူနေထိုင်တတ်၏။ ရှေ့ရေးကို ကြိုတင်မြော်မြင်နိုင်စွမ်းရှိ၏။ စိတ်ဓါတ်အလွန် ခိုင်မာ ထက်သန်၏။ သို့သော် တစ်ခါတစ်ရံ အငြိမ်မနေနိုင်လောက်အောင် စိုးရိမ်မှုကြီးနေတတ်ပြန်၏။ ပင်ကိုယ်ဗီဇ ထက်သလောက် တချို့ကိစ္စတို့တွင် ဝေခွဲရခက်ကာ စိတ်ဒွိဟဖြစ်နေတတ်ပြန်၏။
14
+ ဓနုရာသီဖွားတွေဟာ မေတ္တာ၊ ဂရုဏာတရားနှင့်ပြည့်စုံသလောက် စိတ်ကြီးပြီး ဒေါသကြီးတတ်ပြန်၏။စိတ်ရင်းစေတနာကောင်းစွာ တစ်ဖက်သားတို့အား အမြဲကူညီနေတတ်၏။ သို့သော် နှုတ်စလျှာစကြမ်းတမ်းသောကြောင့် အချို့သူများနှင့် ရန်သူသဖွယ် ဖြစ်သွားရတတ်၏။ မည်သူ့ကိုမဆို စိတ်ရိုးသဘောရိုးနှင့် ခင်မင်စွာ ဆက်ဆံလို၏။ မည်သူ့ကိုမဆို ကိုယ့်စိတ်နှင့်နှိုင်းပြီး စိတ်ရောကိုယ်ပါ ပေါင်းတတ်၏။
15
+ ဓနုရာသီဖွားတွေဟာ ကြီးပွားချမ်းသာလိုစိတ်ကြီးမားပြီး ရည်မှန်းချက်မြင့်မား၏။ အရာရာကို အလေးအနက်ထားပြီး အရှိန်အဟုန်ပြင်းစွာ လုပ်ကိုင်တတ်၏။ အရေးကြုံလာက သတ္တိအလွန်ကောင်းပြီး ဗြောင်လုပ်၊ ဗြောင်ပြောတတ်၏။ ကိုယ့်ဘက်က မှန်သည်ထင်က မည်သည့်ကိစ္စမဆို လုပ်ရဲကိုင်ရဲသော အကျင့်ရှိ၏။ ဟန်ဆောင်မှုကို အလွန်မုန်း၏။ လိမ်ညာမှုကို အလွန်မုန်း၏။
16
+ ဓနုရာသီဖွားများသည် စိတ်ထိခိုက် လွယ်၏။ တစ်ခါတစ်ရံ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်ချင်၏။ ငွေကို ပြင်းထန်စွာရှာတတ်၏။ လုပ်သမျှကိစ္စတိုင်းကို စိတ်ပါဝင်စားစွာ လုပ်တတ်၏။
17
+ ဓနုရာသီဖွားတွေဟာ ဘယ်အခက်အခဲမှ နောက်မဆုတ်တတ်။ ထို့အတူ ဘယ်တော့မှမလိမ်တတ်။ မိတ်ဆွေဖွဲ့ကောင်း၏။ သဋ္ဌေးဖြစ် ခွေးဖြစ် ကြံတတ်၏။ ရွှေတစ်နေ့ ငွေတစ်နေ့သမားများ ဖြစ်၏။ စီးပွားရှာရာတွင် လောဘကြီး၏။ ငွေကို အထူးချွေတာသုံးစွဲတတ်သလောက် စိတ်ထဲထင်က လောင်းကစားဆန်ဆန် ပုံအော၍ စွန့်စားပြီးလုပ်တတ်၏။
18
+ ဓနုရာသီဖွားတွေဟာ ကုန်သွားလျှင်လည်း မနှမြောတတ်။ လွပ်လပ်စွာနေထိုင်ရခြင်း၊ လုပ်ကိုင်ရခြင်းကို အလွန်မက်မော၏။ ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်ရတတ်၏။ အမည်သတင်းကျော်စောတတ်၏။
19
+ အထူးသတိထားရန်မှာ ဓနုရာသီဖွားတွေဟာ စိတ်ဓါတ်ပြင်းထန်သလောက် စိတ်ဓါတ်ခက်ထန်ကြမ်းတမ်းသဖြင့် ဒေါသကြီးသောအခါ သူတစ်ပါးကို ထိခိုက်၊ နာကျင်အောင်လုပ်ဖို့၊ ဒုက္ခရောက်အောင်လုပ်ဖို့ ဝန်မလေးတတ်ကြချေ။ ဒေါသကို အထူးထိန်းဖို့လို၏။ ထက်မြက်သလောက် လိမ္မာပါးနပ်မှုရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ တွေးတတ်မြင်တတ်၏။ သီးသန့်နေလိုစိတ်ပြင်းထန်၏။ သို့သော် အခြွေအရံမိတ်သင်္ဂဟ ပေါများနေတတ်၏။
20
+ အထူးမှာ ဓနုရာသီဖွာ��တို့သည် အနာဂါတ်ကို ကြိုတင်သိနိုင်စွမ်းသော ပါရမီဓါတ်ခံရှိ၏။ အိပ်မက်ထူး၊ အတိတ်ထူး နိမိတ်ထူးတို့ဖြင့် အနာဂတ်ကို ကြိုတင်သိနိုင်စွမ်း ရှိကြလေ၏။ သမာဓိ ထူထောင်ပေးပါက အထူးထက်မြက်တတ်ကြ၏။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူးအတိုင်း လုပ်သဖြင့် သူတစ်ပါးတို့ထက် နှာတစ်ဖျားသာသော ဘဝကို ရရှိသွားတတ်၏။
21
+ ဓနုရာသီဖွားတွေဟာ ပင်ကိုယ်စိတ်ရင်းတွင် အလွန်ကြင်နာ သနားတတ်ပြီး သူတစ်ပါးတို့ကို ကူညီရန်၊ ဒုက္ခရောက်သူတို့ကို ကယ်တင်ရန် လူ့လောကသို့ ရောက်လာသူများဖြစ်၏။ သူတစ်ပါးအခက်အခဲကို မြင်တွေ့ရ မကူညီဘဲ မနေနိုင်ချေ။ ကိုယ့်တွင်ရှိသည်တို့ကိုလည်း မျှဝေပေးတတ်၏။ တစ်ခါတစ်ရံ ကိုယ်တိုင်စားရန်၊ သုံးရန်မရှိသည်ကိုပင် အငတ်ခံပြီး ပေးကမ်းကူညီတာ ပျော်ရွှင်နေတတ်၏။
22
+ ဓနုရာသီဖွားတွေဟာ သူတစ်ပါးတို့အတွက် ဒုက္ခခံပြီး ကူညီပေးဆပ်နေတတ်၏။ ထို့အတူ လူ့ဘဝကို ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်လို၏။ အမှန်တရားကို အထူးမြတ်နိုးစွာ တန်ဖိုးထား၏။ ဆန့်ကျင်စရာရှိကလည်း ဆန့်ကျင်ရဲ၏။ အငြင်းသန်၏။ ဟာသနှော၍ ပျော်စေ၊ ပျက်စေ ပြောဆိုတတ်၏။ ဇဝနဉာဏ်ကြီးမား၏။ ကတ်သီးကတ်သတ် ရှာရှာဖွေဖွေနှင့် ထိမိစွာ ချက်ကျစွာ ပြောတတ်ဆိုတတ်၏။ အထူးသတိပြုရန်မှာ စိတ်ဓါတ်အလွန်ပြင်းထန်၏။ အရာရာကို လွန်လွန်ကဲကဲ လုပ်တတ်၏။
23
+ ဓနုရာသီဖွားတွေဟာ တစ်ခုခုဆုံးဖြတ်ပြီးက နာရီမဆိုင်း၊ မိနစ်မဆိုင်းလုပ်တတ်၏။ လွန်ကဲမှု၊ လောကြီးမှု၊ စိတ်မြန်မှုတို့ကြောင့် ဘဝတွင် မကြာခဏ အမှားကို ရင်ဆိုင်တွေ့ရတတ်၏။ ထူးခြားသည်မှာ အမှားကို ဝန်ခံရဲ၏။ အမှားမြင်က အမှန်ပြင်တတ်၏။ တဲ့တိုးပြောတတ်လွန်းခြင်း၊ ဘယ်အရာကိုမှ စိတ်ထဲမြုံမထားဘဲ ပွင့်လင်းစွာ ဗြောင်ပြောတတ်လွန်း၍ လူမုန်းများ၏။
24
+ ဓနုရာသီဖွားတွေဟာ သူတစ်ပါးကြိုက်သည်၊ မကြိုက်သည်မသိ ရိုးဖြောင့်စွာ ပြောဆိုတတ်၏။ အမှန်အတိုင်း ပြောဆိုလုပ်ကိုင်တတ်၏။ လိမ်ညာမှုကို အလွန်မုန်း၏။ ထို့အပြင် ဘဝတွင် မဟုတ်မခံ မာနစိတ်ကြီးမား၏။ ထိုမာနကို လုံးဝအထိမခံတတ်ချေ။ ဤရာသီဖွားတို့သည် မွေးမြေကို စွန့်ခွာ၍ ရပ်ဝေးတွင် အောင်မြင်ကြီးပွားတတ်ကြ၏။
Astrology/Scorpio.txt ADDED
@@ -0,0 +1,29 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ အောက်တိုဘာလ (၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ဗြိစ္ဆာရာသီဖွား (Scorpio) များဟု သတ်မှတ်နိုင်သည်။
2
+ ဗြိစ္ဆာရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး အင်္ဂါဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၉)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
3
+ ဗြိစ္ဆာရာသီဖွားတွေဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြပါတယ်။ ခေါင်းမာတဲ့ရာသီခွင်တွေဖြစ်ပေမဲ့ သူငယ်ချင်းတွေအတွက်ဆို ဘာမဆိုအနစ်နာခံလေ့ရှိပြီး အလျော့ပေးတတ်တာကြောင့် သူငယ်ချင်းကောင်းတွေအဖြစ် လူချစ်လူခင်ပေါကြတဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ နှုတ်လုံပြီး အကြောင်းအရာတွေကို တိုင်ပင်တဲ့အခါမှာ စိတ်ချရတတ်တာကြောင့် သူငယ်ချင်းတွေရဲ့ အတိုင်ပင်ခံတစ်ဦးဆိုလည်း မမှားပါဘူး။
4
+ ဗြိစ္ဆာရာသီဖွားအများစုဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲတက်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို မှားမှားမှန်မှန် ဇွတ်တိုးပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြပါတယ်။
5
+ ဗြိစ္ဆာရာသီဖွားတွေဟာ စကားပြောဆိုတဲ့နေရာမှာလည်း ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ခေါင်းမာတဲ့သူတွေဖြစ်တာကြောင့် အရာရာကို အားမနာစတမ်း ပြတ်ပြတ်သားသားလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ ငွေကြေးသုံးစွဲရာမှာလည်း စေ့စပ်စွာသုံးစွဲတတ်ပြီး အသုံးနဲ့အဖြုန်းကို ခွဲခြားသိသူတွေ ဖြစ်ကြပါတယ်။
6
+ ဗြိစ္ဆာရာသီဖွားတွေဟာ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး အရာရာမှာ ထောင့်စေ့တာကြောင့် လုပ်ငန်းခွင်နယ်ပယ်မှာ နေရာကောင်းရတတ်ကြပါတယ်။ သူတို့ဟာ ထောက်လှမ်းရေး၊ ကျောက်မျက်ရတနာ၊ တွင်းထွက်ပစ္စည်းမျိုးစုံ၊ လျှပ်စစ်ပစ္စည်း၊ ပန်းထိမ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အကျိုးပေးကြပါတယ်။
7
+ ဗြိစ္ဆာရာသီဖွားတွေဟာ သူတို့ဟာ ဘာအလုပ်ကိုလုပ်လုပ် ဘာသာတရားကို ဦးထိပ်ပန်ပြီး သမာအာဇိဝလုပ်ကိုင်မယ်ဆို စီးပွားဖြစ်ထွန်းလွယ်ပါတယ်။
8
+ ကျန်းမာရေးမှာတော့ ဗြိစ္ဆာရာသီဖွားတွေဟာ ကူးစက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးရောဂါနဲ့ အစာအိမ်ရောဂါတို့ကို သတိထားဖို့ လိုပါတယ်။
9
+ ဗြိစ္ဆာရာသီဖွားတွေဟာ အများအားဖြင့် ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး စန်းပွင့်တတ်ကြပါတယ်။ နှလုံးသားရေးရာမှာတော့ ချစ်မိပြီဆို ဘဝကိုပုံပေးဖို့ ဝန်မလေးကြတဲ့ရာသီခွင်တွေ ဖြစ်ကြပါတယ်။
10
+ ဗြိစ္ဆာရာသီဖွားတွေဟာ ချစ်သူအပေါ်အလိုလိုက်ပြီး အပြန်အလှန်နားလည်မှုနဲ့ ဘဝကို လျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမဲ့ အချစ်ကြီးတာကြောင့် ကိုယ့်ချစ်သလိုမချစ်ဘူးလို့ ခံစားမိရင်တော့ နောက်ဆုတ်ဖို့ ဝန်မလေးတက်ပဲ စိတ်အပြောင်းအလဲမြန်သူတွေဖြစ်ကြပါတယ်။ အချစ်ဦးနဲ့လွဲတတ်သူတွေလည်း ဖြစ်ကြပါတယ်။
11
+ ဗြိစ္ဆာရာသီဖွားတွေနဲ့ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ပြိဿရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေဖြစ်ပါတယ်။
12
+ ဗြိစ္ဆာရာသီဖွားတွေအတွက် အကျိုးပေးဂဏန်းတွေကတော့ ၈၊ ၁၁၊ ၁၈၊ ၂၂ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ကြက်သွေးရောင်၊ အနီရောင်နဲ့ သံချေးရောင်တို့ပဲဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ မြပြကျောက်လို့ခေါ်တဲ့ (Aquamarine) ကျောက်လေးပဲ ဖြစ်ပါတယ်။
13
+ ဗြိစ္ဆာရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် အဌမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ကင်းမြီးကောက်တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
14
+ ဗြိစ္ဆာရာသီခွင်ကို အင်္ဂါဂြိုဟ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ အာပေါဓါတ် (ရေဓါတ်) ကြီးစိုးသည်။
15
+ ဗြိစ္ဆာရာသီဖွားတို့သည် သစ္စာတရားဦးထိပ်ပန်ဆင်သူများ ဖြစ်ကြ၏။ ဖြောင့်မတ်သော စိတ်ထားရှိ၏။ သို့သော်စိတ်ထဲ၌ အငြိုးအတေးထားတတ်ကြ၏။ ကိုယ့်အပေါ် ထိပါးစော်ကားသူတို့အား တစ်နည်းနည်းဖြင့် တုံ့ပြန်ကလဲ့စားချေတတ်ကြ၏။
16
+ ဗြိစ္ဆာရာသီဖွားတို့၏ စိတ်၌ ခံစားချက်ဒဏ်ရာများဖြင့် ပြည့်နှက်နေတတ်၏။ ထို့အတူ ကိုယ်တိုင်အပင်ပန်းခံ ရုန်းကန်ရခြင်းများလည်း များစွာရှိ၏။
17
+ ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ ခက်ခဲသည်ဆိုရာတွင် မောင်နှမသားချင်းအတူတူမှာပင် ကိုယ်က ပိုပြီး ခက်ခဲပင်ပန်း၏။
18
+ ဗြိစ္ဆာရာသီဖွားတွေဟာ အနစ်နာခံကြိုးစားရ၏။ သို့သော်အဖက်ဖက်မှ အခက်အခဲများကို ဇွဲနှင့်စွဲမြဲစွာ လုပ်ကိုင်ကြိုးစားရင်း သာမန်ထက်ပိုအောင်မြင်သွားတတ်၏။
19
+ ဗြိစ္ဆာရာသီဖွားတို့၏ ဘဝတွင် မိမိအပေါ်နားလည်ပေးသူနည်း၏။ ထို့ကြောင့်လည်း တစ်ကိုယ်တည်းကျိတ်ပြီး ခံစားရသော ဒဏ်ချက်များတို့ကို ပြင်းထန်စွာ ခံစားရင်း အငြိုးအတေးစိတ်များ ထွက်ပေါ်လာရတတ်၏။
20
+ ဗြိစ္ဆာရာသီဖွားတို့သည် မိမိအပေါ် လွှမ်းမိုးခြင်းကို လုံးဝလက်မခံနိုင်ကြချေ။
21
+ ဗြိစ္ဆာရာသီဖွားတွေဟာ အထူးလွတ်လပ်ပေါ့ပါးစွာ၊ သန့်ရှင်းစွာ နေထိုင်ရှင်သန်လိုကြ၏။ သို့သော် သူတို့ဘဝတွင် အဘွား၊ အမေ၊ အစ်မ၊ အဒေါ် စသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုကို (ကောင်းသော သဘောဖြင့်ဖြစ်စေ၊ ဆိုးသောသဘောဖြင့်ဖြစ်စေ) သက်ရောက်မှုရှိနေတတ်၏။
22
+ ဗြိစ္ဆာရာသီဖွားတို့သည် စိတ်အား၊ လူအားကောင်း၏။ ဘဝတွင်ကြီးမြင့် ထင်ပေါ်ချင်တတ်၏။ ဘဝ၏ အောင်မြင်မှုကို တိုက်ပွဲပမာ တိုက်ယူလိုကြ၏။ အပင်ပန်းခံပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယူကြ၏။
23
+ ဗြိစ္ဆာရာသီဖွားတွေဟာ ဘဝအစတွင် ကျပ်တည်းသလောက် နောက်ဆုံးတွင် အောင်မြင်ကြရ၏။ အချိန်ကိုလည်း စောင့်ဆိုင်းလုပ်ကိုင်တတ်ကြ၏။ ဦးဆောင်နေရာထိပ်ဆုံးသို့ ရည်မှန်း၍ လုပ်တတ်ကြ၏။ စိတ်မြန်၏။ ဒေါသဖြစ်လွယ်၏။
24
+ ဗြိစ္ဆာရာသီဖွားတွေဟာ အချို့ကိစ္စတို့တွင် ငါသိငါတတ်သဘောဖြင့် တဇွတ်ထိုးလုပ်မိတတ်ကြ၏။ အငြင်းလည်းသန်၏။ ကိုယ်ယုံကြည်ရာကို ခေါင်းမာစွာ ကိုင်စွဲထားတတ်၏။ ထို့အတွက် ငြင်းခုံရန်လည်း ဝန်မလေးချေ။ စိတ်မထိန်းချုပ်နိုင်ဘဲ ပျက်စီးနစ်နာတတ်၏။
25
+ ဗြိစ္ဆာရာသီဖွား အမျိုးသားများသည် အမျိုးသမီးနှင့်ပတ်သက်ပြီး ပျက်စီးနစ်နာတတ်၏။
26
+ ဗြိစ္ဆာရာသီဖွားတို့သည် အပြောချို၏။ တစ်ခါတစ်ရံ မာနကြီးတတ်၏။ စိတ်ထဲမထင်လျှင် ဘယ်လူကြီး လူကောင်းကိုပင်ဖြစ်စေ မခေါ်ဘဲ ဥပေက္ခာပြု နေနိုင်တတ်၏။ ဘယ်သူ့ကိုမှ ဂရုမစိုက်။ စိတ်အခန့်မသင့်က အငြိုးအတေးပင် ထားတတ်သေး၏။ အသက်ရှည်တတ်၏။ စီးပွားဥစ္စာ ချမ်းသာတတ်၏။ ရုပ်သန့်၏။ စကားပြောဆိုလျှင် စိတ်ပါလက်ပါ ပြောဆိုလာပါက ပြင်းထန်လာ၏။
27
+ ဗြိစ္ဆာရာသီဖွားတွေဟာ လူ့သဘာဝကို သဘောပေါက်ကာ ပရိယာယ်သဘောများလည်း တတ်ကျွမ်း၏။ အခြံအရံများ၏။ အဝတ်ကောင်း၊ အစားကောင်းများ ဝတ်ရတတ်၏။ မိဘနှင့် ဝေးကွာနေတတ်၏။ အချို့ပညာရပ်တို့တွင် တစ်ပိုင်းတစ်စ ဖြင့်ရပ်ထားရတတ်၏။
28
+ ဗြိစ္ဆာရာသီဖွား အမျိုးသားများ အရက်သေစာ၊ ဆေးလိပ်တို့ကို ကြိုက်နှစ်သက်တတ်၏။ တစ်ခါတစ်ရံ ကြမ်းတမ်းခက်ထန် ပြုမူမိတတ်၏။ တစ်ခါတစ်ရံ မိဘ၊ ဆရာသမား အကြီးအကဲတို့စကားကို နားမထောင်ဘဲ နေတတ်၏။ အထက်လူကြီး၊ မင်းအစိုးရတို့၏ ချီးမြှင့်မှုကိုခံရကာ ဘဝတွင်ကြီးပွားအောင်မြင်တတ်ကြလေ၏။
29
+ ဗြိစ္ဆာရာသီဖွားတို့သည် မမြင်အပ်သော မြင့်မြတ်သည့် နာမ်လောကမှ ပုဂ္ဂိုလ်ထူးတို့၏ ��ါရမီပဋ္ဌာန်းဆက်ဖြင့် စောင့်ရှောက်မှုကိုလည်း သိသာစွာ ခံရတတ်၏။
Astrology/Taurus.txt ADDED
@@ -0,0 +1,29 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဧပြီ (၂၀)ရက်မှ မေ (၂၀)ရက်အတွင်းမွေးဖွားသူများသည် ပြိဿရာသီဖွားများ ဖြစ်သည်။
2
+ ပြိဿရာသီသည် နက္ခတ်ရာသီ(၁၂)ပါးအနက် ဒုတိယမြောက် ရာသီခွင်ဖြစ်သည်။
3
+ ပြိဿရာသီသည် ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် နွားထီးရုပ်ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
4
+ ပြိဿရာသီခွင်ကို သောကြာဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ ပထဝီဓါတ်(မြေဓါတ်) ကြီးစိုးသည်။
5
+ ပြိဿရာသီဖွားများသည် တည်ကြည်အေးဆေးသူများဖြစ်သည်။ ဖြောင့်မတ်၏။ အလွန်သစ္စာရှိ၏။ ထို့ပြင် အလွန်သံယောဇဉ်ကြီးမားတတ်ကြ၏။ အနုပညာပါရမီဓါတ်ခံကြီး၏။ အလွန် ညှို့ဓါတ်အားကောင်း၏။
6
+ ပြိဿရာသီဖွားများသည်တစ်ခုမဟုတ် တစ်ခုဖြင့် လူအများ၏ချစ်ခင်ကြည်ညိုခြင်းကိုခံရတတ်၏။ ဘေးလူတွေကချစ်ခင်၏။ စန်းပွင့်၏။ အလှအပ၊ အသန့်အပြန့်ကြိုက်၏။ စိတ်ကူးယဉ်တတ်၏။
7
+ ပြိဿရာသီဖွားများသည် ဘဝတွင် ကြည်နူးလွမ်းဆွတ်ဖွယ်ရာ အနေအထားများကို များစွာကြုံခဲ့တတ်ကြပေ၏။ အလွမ်းဓါတ်ခံရှိ၏။ လူပေါင်းဆန့်၏။ အကောင်းကြိုက်၏။ ကောင်းပေ့ဆိုသည့် အသုံးအဆောင်များကိုသာသုံးချင်၏။ ငွေအသုံးကြမ်း၏။
8
+ ပြိဿရာသီဖွားများသည် ဘယ်ကိစ္စမဆို ဆန်းစစ်လေ့လာကာ ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီးမှ စတင်လုပ်ကိုင်တတ်၏။ နူးညံ့သိမ်မွေ့သလောက် ဒေါသထွက်လာကာ ဘာမှ မမြင်တော့လောက် အောင် ကမူးရှူးထိုးလုပ်တတ်၏။ ရဲရင့်တည်ကြည်၍ ထက်မြက်၏။
9
+ ပြိဿရာသီဖွားများသည် နံနက်စော အရုဏ်ဦးအချိန်တွင် အသိဉာဏ်အထူးပွင့်တတ်၏။ ထိုအချိန်တွင် စိတ်ကူးကောင်းတွေ ပေါ်တတ်၏။
10
+ ပြိဿရာသီဖွားများသည် ခံစားချက်ပြင်းထန်၏။ ဘာမဆို အလေးအနက်ခံစားတတ်၏။ ကိစ္စတစ်ခုကို ဆုံးဖြတ်ပြီးက နောက်မတွန့်တမ်းလုပ်တတ်၏။စည်းကမ်းတကျ စနစ်တကျလုပ်တတ်၏။ အချိန်နာရီ၊ ကတိသစ္စာကို အလွန်တန်ဖိုးထား၏။ ဖြောင့်မတ်၏။ ကတိပျက်က စိတ်ဆိုးတတ်၏။
11
+ ပြိဿရာသီဖွားများသည် စိတ်ဆိုးခဲသလောက် စိတ်ဆိုးလာက အသားတွေ တဆတ်ဆတ်တုန်လာကာ မျက်ရည်ပင်ကျလာတတ်၏။ အထူးသဖြင့် မိမိအပေါ်လိမ်လည်လှည့်ဖျားလာက လုံးဝခွင့်မလွှတ်တတ်။ သစ္စာမဲ့ခြင်းကို အလွန်ရွံ့မုန်း၏။
12
+ ပြိဿရာသီဖွားများသည် စကားပြောဆိုရာတွင် အေးတိအေးစက်နှင့် ချက်ကျကျပြောဆိုတတ်၏။ စကားလုံးများဖြင့်နာကျင်ခံခက်ဖြစ်အောင် ပြောဆိုနိုင်စွမ်း၏။ တစ်ခါတစ်ရံ ပြောပေါက်ဆိုပေါက် ကတ်တိကတ်ဖဲ့နိုင်၏။ သို့သော် ပြိဿရာသီဖွားတ���ု့သည် အပေါ်ယံအားဖြင့် မာကျောသယောင်ရှိသော်လည်း အတွင်းစိတ်နူးညံ့၏။ ကိုယ့်အပေါ် သိမ်သိမ်မွေ့မွေ့ဆက်ဆံလာက အရာရာကို ခွင့်လွှတ်နိုင်တတ်၏။
13
+ ပြိဿရာသီဖွားများသည် အများအတွက်အနစ်နာခံတတ်၏။ အများကောင်းကျိုး ဆောင်ရွက်လို၏။ လောဘမကြီးဘဲ လုပ်စရာတွေကို ဇွဲဖြင့် တွန်းတိုက်လုပ်တတ်၏။ အရာရာအပေါ် ရိုးရိုးရှင်းရှင်းနှင့်နေထိုင်လုပ်ကိုင်တတ်၏။ ရှုပ်ရှုပ်ယှက်ယှက်ဘာမှ မကြိုက်၊ သူတစ်ပါးကိစ္စ ဝင်မစွတ်ဖက်တတ်။ ထို့အတူ ကိုယ့်နေရာကို လာပတ်သက်ခြင်းမျိုးကိုလည်း မကြိုက်တတ်။ သို့သော် မိသားစု သံယောဇဉ်ကြီးမားကြ၏။ သွေးရင်းသားရင်း၊ မိတ်ဆွေရင်းတွေအတွက် အမြဲလိုလို ပေးဆပ်နေတတ်၏။ အနစ်နာခံနေတတ်၏။
14
+ ပြိဿရာသီဖွားများသည် တစ်ခါတစ်ရံ ဆင်ခြင်ဉာဏ်ကင်းစွာ မာန်မာနနှင့် ပြုမူမိတတ်၏။ ကိုယ့်ကိုယ်ကို အယုံလွန်ပြီး တဇွတ်ထိုးလုပ်မိတတ်၏။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိုက်ရူးရဲလုပ်မိတတ်၏။ မည်သို့ပင်ဖြစ်စေ ပြိဿရာသီဖွားတို့သည် ဝီရိယကြီးခြင်း၊ တိုးတက်ကြီးပွားရန်အမြဲကြံစည်နေတတ်ခြင်း၊ လူချစ်လူခင်များခြင်း၊ ကိုယ့်ကိုယ်ကို ရိုသေစွာ သန့်သန့်ခန့်ခန့် နေတတ်ခြင်းတို့ကြောင့် အမည်ကျော်ကြား အောင်မြင်ချမ်းသာသူများ ဖြစ်တတ်ပေ၏။
15
+ ပြိဿရာသီဖွားတွေဟာ စိတ်ရှည်သည်းခံနိုင်စွမ်းအရှိဆုံးရာသီဖွားတွေ ဖြစ်ကြပါတယ်။ လက်တွေ့ကျကျလုပ်ကိုင်ဆောင်တတ်သူတွေဖြစ်တဲ့အပြင် သစ္စာတရားကို လက်ကိုင်ထားကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တာဝန်သိစိတ်ရှိပြီး အခက်အခဲတွေ ရင်ဆိုင်ရင်လည်း တည်ငြိမ်စွာစဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။
16
+ ပြိဿရာသီဖွားတွေဟာ အရာရာကို စေ့စပ်သေချာစွာ လုပ်တတ်သလို တစ်ခါတစ်ရံမှာ ခေါင်းမာပြီး၊ မခံချင်စိတ်လည်း ရှိတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ ယုံကြည်အားကိုးခြင်းခံရတဲ့ရာသီဖွားတွေလည်း ဖြစ်ပါတယ်။ ပြိဿရာသီဖွားတွေဟာ နှလုံးသားနူးညံသိမ်မွေ့ပြီး ဂီတသံစဉ်တွေနားဆင်ရတာကို အလွန်နှစ်သက်သူတွေ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တတ်တာကြောင့် အနုပညာလုပ်ငန်း၊ ပန်းချီ၊ ပန်းပုနဲ့ တေးရေး တေးဆို စတဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်ကျော်ကြားလေ့ရှိပါတယ်။
17
+ ပြိဿရာသီဖွားတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး မိမိကိုယ်ကိုအကောင်းဆုံးလို့ ခံယူထားတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပျော်��ျော်နေတတ်တာကြောင့် စိတ်ဖိစီးမှု၊ စိတ်ရှုပ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သူတို့ဟာ အရာရာကို လေ့လာမှုအားကောင်းပြီး ရှေးရိုးစွဲအယူဝါဒတွေကိုလည်း လက်ခံနိုင်ကြသူတွေ ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းနည်းပြီး တကယ်ခင်တဲ့သူတွေကိုပဲ အပေါင်းအသင်းလုပ်လေ့ ရှိကြပါတယ်။ သူတို့ဟာဖြတ်ထိုးဉာဏ်ကောင်းကြပြီး အတွေးအခေါ်တွေလည်း အများနဲ့ မတူဘဲထူးခြားတာကြောင့် လူထူးလူဆန်းတွေလို့တောင် အချို့က သတ်မှတ်ကြပါတယ်။ အသစ်သစ်တွေကို ဖန်တီးရတာနှစ်သက်ပြီး လူအများလေးစားအားကျရတဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း အမြဲစမတ်ကျနေကြသူတွေ ဖြစ်ပါတယ်။
18
+ ပြိဿရာသီဖွားတွေဟာ အချစ်ရေးမှာတော့ ခန့်မှန်းရခက်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။ ဖွင့်ပြောဖို့ကို တွေဝေတတ်တာကြောင့် နောက်ကျကျန်လေ့ရှိပြီး အချစ်ကံခေတတ်ကြပါတယ်။ ချစ်မိပြီဆိုရင်တော့ အရူးအမူးချစ်တတ်ပြီး အိမ်ထောင်ရေးကံကောင်းကြသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်ချစ်ရတဲ့ချစ်သူကို အမြဲစိတ်ချမ်းသာအောင်ထားတတ်တဲ့ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။ အယုအယကြိုက်ပြီး သစ္စာရှိမှုကို လိုလားကြသူတွေလည်း ဖြစ်ပါတယ်။ ကံစပ်တဲ့ရာသီခွင်တွေကတော့ ဗြိစ္ဆာရာသီဖွားနှင့် ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။
19
+ ပြိဿရာသီဖွားတွေဟာ ပရိဘောဂ၊ ပန်းချီ၊ ပန်းပု၊ ကုန်သွယ်ရေး၊ သစ်လုပ်ငန်း၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတို့မှာ အထူးအကျိုးပေးကြပြီး ကံကောင်းစေတဲ့‌အရောင်ကတော့ အစိမ်းနဲ့ပန်းရောင်တို့ ဖြစ်ပါတယ်။ အကျိုးဂဏန်းတွေကတော့ ၂၊ ၆၊ ၉၊ ၁၂၊ ၂၄ တို့ဖြစ်ပြီး တစ်သက်တာအတွက်အကျိုးပေးတဲ့အဆောင်ကျောက်ကတော့ Amber လို့ခေါ်တဲ့ ပယင်းကျောက်လေးပဲ ဖြစ်ပါတယ်။
20
+ ပြိဿရာသီဖွား အမျိုးသမီးတွေဟာ Project Manager လို ရာထူးမျိုးတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ပြိဿတွေဟာ ရေရှည်အစီအစဉ်တွေချမှတ်လုပ်ဆောင်ရာမှာ ထူးချွန်ကြပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အောင်မြင်မှုဆီ ချီတက်တတ်တဲ့ သူတွေ၊ ခေါင်းအေးအေးထားတတ်ကြတဲ့ သူတွေပေါ့။ ငွေကြေးရှာဖွေထိန်းသိမ်းတဲ့ နေရာမှာလည်း ကျွမ်းကျင်တော့ သူတိုအတွက် သင့်တော်တဲ့ နေရာက Finance Section လိုနေရာမျိုးပါ။ ဒါမှ မဟုတ်ရင်လည်း ရိုးရှင်းအေးဆေးပြီး လှပတဲ့ အရာတွေ ဖန်တီးရတာမျိုးမှာ သင့်တော်တတ်ပါတယ်။ (ဥပမာ- Interior Design တို ဘာတိုပေါ့)
21
+ အင်မတန်ခေါင်းမာပြ��း ပစိပစပ်များ ဗျစ်တောက်ဗျစ်တောက်ပြောတတ်တဲ့ ပြိဿရာသီဖွားတွေက တကယ်ချစ်ရင် အကုန်သည်းခံရှာပါတယ် အအိပ်အရမ်းမက်တာကိုတောင် အိပ်ရေးအပျက်ခံ အကုန်ဘာလိုလို လုပ်ပေးရှာပါတယ်။
22
+ ပြိဿရာသီဖွားတွေရဲ့ အားသာချက်ကတော့ စိတ်ရှည်သည်းခံတတ်တယ်၊ လက်တွေ့ဆန်တာတွေကိုပဲ ယုံတတ်တယ်၊ သူများအတွက် တာဝန်ယူတာဝန်ခံတဲ့စိတ်မျိုးရှိတယ်၊ အများစုက တည်တည်ငြိမ်ငြိမ်ရှိကြတယ်၊ အလုပ်တစ်ခုလုပ်ရင် သေချာစိတ်နှစ်ပြီးလုပ်တတ်ကြတယ်။
23
+ ပြိဿရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ ခေါင်းအရမ်းမာတယ်၊ ပိုင်ဆိုင်ချင်တာဆိုတော်ရုံနဲ့လက်မလျော့တတ်ဘူး၊ တော်ရုံအဆင်မပြေတဲ့သူနဲ့ညှိနှိင်းရတဲ့ကိစ္စမျိုးတွေဆိုလက်မခံတတ်ဘူး။
24
+
25
+
26
+
27
+
28
+
29
+
Astrology/Virgo.txt ADDED
@@ -0,0 +1,30 @@
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
1
+ ဩဂုတ်လ (၂၃) ရက်နေ့မှ စက်တင်ဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကန်ရာသီဖွား (Virgo) များဟု သတ်မှတ်နိုင်သည်။
2
+ ကန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး ဗုဒ္ဓဟူးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။ ကန်ရာသီဖွားတွေဟာ ရာသီခွင် (၁၂) ခုထဲမှ ဉာဏ်ရည်အမြင့်ဆုံးရာသီခွင်တွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကိုယ့်ကိုယ်ကို အမြဲလေ့လာဆန်းစစ်နေတတ်ပြီး အားမလိုအားမရဖြစ်နေတတ်သူတွေလည်း ဖြစ်ပါတယ်။
3
+ ကန်ရာသီဖွားတွေဟာ စိတ်ခံစားချက်ပြင်းထန်သူတွေ ဖြစ်ပါတယ်။ ဒေါသဖြစ်လွယ်ပေမယ့် စိတ်သဘောထားကတော့ နူးညံသိမ်မွေ့သူတွေပါ။ သူတို့ဟာကြိုးစားအားထုတ်မှုတော့ ထိပ်ဆုံးမှာရှိနေပြီး အမြဲလေ့လာနေတတ်သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောကောင်းတာကြောင့် လူချစ်လူခင်ပေါများသူတွေ ဖြစ်ပါတယ်။ ဒ့ါအပြင် ကိုယ်သိထားတဲ့အကြောင်းအရာတွေကို အခြားသူတွေအပေါ် မျှဝေပေးရတာကိုလည်းနှစ်သက်ကြပါတယ်။
4
+ ကန်ရာသီဖွားတွေဟာ စာဖတ်ခြင်းကို အထူးနှစ်သက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတွေ ဖြစ်ပါတယ်။ စူးစမ်းလေ့လာမှုတွေအပြင် ဗဟုသုတကြွယ်ဝခြင်းတွေကြောင့်လည်း အများရဲ့စံထားခြင်းကို ခံရသူတွေ ဖြစ်ကြပါတယ်။
5
+ ပညာရေးဘက်မှ ထူးချွန်သလို အရာရာကို ဝေဖန်ဆုံးဖြတ်နိုင်စွမ်းတွေကလည်း ကန်ရာသီဖွားတွေရဲ့အားသာချက် ဖြစ်ပါတယ်။
6
+ ကန်ရာသီဖွားတွေဟာ မိတ်ဆွေအပေါင်းအသင်းတွေကို ကူညီရတာဝါသနာပါပြီး ပရဟိတလုပ်ငန်းတွေမှာလည်း အားတက်သရော ပါဝင်တတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တာဝန်ယူစိတ်နဲ့ နူးညံ့တဲ့စိတ်ခံစားချက်ရှိကြပြီး သူတစ်ပါးအပေါ်စိတ်ရှည်တဲ့သူတွေ ဖြစ်ကြပါတယ်။ ပြဿနာကြုံရင် ရှောင်ပြေးတာမျိုးကို လက်မခံဘဲ ရင်ဆိုင်ဖြေရှင်းတတ်ပြီး တစ်ဖက်သားအပေါ် ရိုင်းစိုင်းစွာပြောဆိုခြင်းမျိုးကိုလည်း မနှစ်သက်သူတွေ ဖြစ်ကြပါတယ်။ ဒ့ါအပြင် စကားပြောစွမ်းရည်နဲ့ အတွေး‌အခေါ်မြင့်မားတာကြောင့်လည်း သိပ္ပံပညာရှင်၊ ကထိက၊ စာရေးဆရာနဲ့ စာနယ်ဇင်းနယ်ပယ်တွေမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်တတ်ကြပါတယ်။
7
+ ကန်ရာသီဖွားတွေဟာ သစ္စာရှိသူတွေဖြစ်ပြီး အချစ်ရေးမှာ ကံကောင်းသူတွေ ဖြစ်ကြပါတယ်။ ချစ်သူနဲ့ဘဝမှာ အေးဆေးစွာ ဖြတ်သန်းလိုပြီး ချစ်သူမချစ်တော့မှာ အမြဲစိုးရိမ်စိတ်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို စိတ်လုံခြုံမှုပေးပြီး အရာရာနားလည်ပေးနိုင်တဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။ သူတို့နဲ့ အကျိုးပေးတဲ့ ရာသီခွင်တွေကတော့ မိန်ရာသီဖွားနဲ့ ကရကဋ်ရာသီဖွားတွေ ဖြစ်ကြပါတယ်။
8
+ ရွှေအိုရောင်၊ သနပ်ခါးရောင်နဲ့ မီးခိုးရောင်တွေက ကန်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့ အ‌ရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၁၄၊ ၁၅၊ ၂၃၊ ၃၂ တို့ဖြစ်ပါတယ်။ တစ်သက်အတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ နီလာ (Blue Sapphire) ကျောက်လေးပဲ ဖြစ်ပါတယ်။
9
+ ကန်ရာသီဖွားများသည် ပင်ကိုယ်သဘာဝအားဖြင့် အတွေးအခေါ် ဉာဏ်ပညာထက်မြက်သော်လည်း စိတ်မငြိမ် စိတ်မြန်လွန်းတတ်၏။ ၎င်းအချက်ကို သတိပြုသင့်၏။
10
+ ကန်ရာသီဖွားများသည် အသိဉာဏ်ပညာထက်မြက်သူများ ဖြစ်ပေသည်။ စိတ်ခံစားချက် ပြင်းထန်သူများ ဖြစ်ပေသည်။ အစစအရာရာ စဉ်းစားပြီး ပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။ ဘဝတွင်လူချစ်လူခင်များသည်။ စန်းပွင့်သည်။ ဘဝတွင်ရွှေမရှား ငွေမရှားနေရတတ်သည်။ အနုပညာဝါသနာကြီးသည်။
11
+ ကန်ရာသီဖွားများသည် မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။
12
+ ကန်ရာသီဖွားများသည် လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကို အလွန်မုန်းသည်။
13
+ ကန်ရာသီဖွားများသည် ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။
14
+ ကန်ရာသီဖွားများသည် စိတ်ထိခိုက်လွယ်သည်။
15
+ ကန်ရာသီဖွားများသည် တဇွတ်ထိုးလုပ်ချင်တတ်သည်။ ကန်ရာသီဖွားများသည် ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။
16
+ ကန်ရာသီဖွားများသည် မြင့်မြတ်သော နှလုံးသားပိုင်ရှင်များဖြစ်သည်။ သို့သော် နှလုံးသားခံစားချက်ကို ဦးစားပေးလွန်းသည်။
17
+ ကန်ရာသီဖွားများသည် ငွေကြေးမှအစ အခွင့်အလမ်းကိုမကြည့် စိတ်ခံစားချက်ကိုသာ အဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။ ကိုယ်ယုံကြည်ရာကို ရဲရဲဆုံဖြတ်လုပ်ကိုင်တတ်သည်။
18
+ ကန်ရာသီဖွားများသည် သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။ ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကို စိတ်မရှည်ကြသူများဖြစ်သည်။
19
+ ကန်ရာသီဖွားတို့သည် ဉာဏ်ပညာအမြင့်မားဆုံး၊ အထူးချွန်ဆုံးသူများဖြစ်သည်။
20
+ (၁၂)ရာသီဖွားတို့တွင် ကန်ရာသီဖွားများသည် ဉာဏ်ပညာတွင် ထိပ်ဆုံးကဖြစ်သည်။
21
+ ကန်ရာသီဖွားများသည် ဖြတ်ထိုးဉာဏ်အလွန်ကောင်းသည်။ အပြင်ပန်း ဘာသိဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။
22
+ ကန်ရာသီဖွားများသည် ထိုးထွင်းဉာဏ်ကောင်းသည်။ ဘာသာစကားနှင့် စာပေအသိပညာတို့တွင် အတိတ်ဘဝ ပါရမီထူးသူများဖြစ်သည်။
23
+ ကန်ရာသီဖွားများသည် ထက်မြက်သော ဉာဏ်ပညာကို စနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့ ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။ ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုသည်။
24
+ ကန်ရာသီဖွားတို့သည် ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။ ထိုအသွင်သဏ္ဍာန်ကပင် ထူးခြားနေတတ်သည်။ ကန်ရာသီဖွားတို့သည် ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ ထို့အပြင် ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။
25
+ ကန်ရာသီဖွားများသည် လောင်းကစားကို ဝါသနာသိပ်မပါတတ်ကြပါ။ သို့သော်စွန့်စားဝံ့ စွန့်စားရဲတတ်ကြသည်။ ဆုံးဖြတ်ပြီးက ပုံအောပြီး လုပ်ဝံ့ကြသည်။ ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်။
26
+ ကန်ရာသီဖွားတို့သည် အလုပ်တွင်လည်း စည်းစနစ်ကောင်းကြသည်။ သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။
27
+ ကန်ရာသီဖွားများသည် ရိုးသားသူများကို ကူညီတတ်ကြသည်။ ရိုးသားသူများကို ကူညီတတ်ကြသည်။ သဒ္ဓါတရားကောင်းသည်။ စိတ်ဆိုးမိက ခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကို အလွန်မုန်းသည်။
28
+ ကန်ရာသီဖွားတို့သည် ဉာဏ်ပညာထက်မြက်ပြီး သိလွယ် တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။ သဘောပေါက်လွယ်သည်။ မှတ်ဉာဏ်ကောင်းသည်။ စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျ ကြိုးစားသွားက ထိပ်ဆုံးသို့ရောက်တတ်သည်။
29
+ ကန်ရာသီဖွားတို့သည် အချို့ကိစ္စများတွင် စိတ်ထက်၊ စိတ်ကြီးပြီး၊ မာနကြီးတတ်ကြသည်။ မဟုတ်မခံမာနဖြစ်သည်။ အပြောအဆိုချိုသာသည်။ ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည်။ အစွမ်းသတ္တိရှိသည်။ အသားအရေလှပသည်။ စိတ်ကြီးသဖြင့် ခက်ထန်သလိုထင်ရသည်။
30
+ ကန်ရာသီဖွားများသည် စည်းစနစ်ကြီးသဖြင့် အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။ ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီး ကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားက စေတနာစော်ကားခံရတတ်သည်။ စိတ်ငြိမ်စွာထားပြီး ကြိုးစားကာ ကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်။