alphabet
stringclasses 35
values | word
stringlengths 1
33
⌀ | phonetics
stringlengths 1
69
⌀ | meaning
stringlengths 2
602
| pos
stringclasses 98
values | origin
stringlengths 1
68
⌀ |
---|---|---|---|---|---|
က | ကား၁ | ကား | ၁၊ ပြန့်ကျယ်သည်။ ပြန့်ကျယ်စေသည်။
၂၊ အမှန်ထက်ပို၍ ပြောဆိုသည်။ | ကြိယာ | null |
က | ကား၁ | ကား | ၁၊ ဘောင်ပေါ်တွင် ကြက်ထားသောပိတ်။
၂၊ ဇာတ်ခုံတွင် တင် ချ ပိတ် ဖွင့် လုပ်ရသော ကန့်လန့်ကာကြီး။
၃၊ ဆီဆုံခါးကို ခွထောက်ထားသော ပျဉ်ချပ်ကြီး။
၄၊ ပုံပါသော စက္ကူချပ်ပြား၊ ကော်ပြား စသည်။ “ပန်းချီကား။ ရုပ်ရှင်ကား” | နာမ် | null |
က | ကား၂ | ကား | မော်တော်ကား။ | နာမ် | လိပ်၊ car |
က | ကား၃ | ကား | နာမ်ပုဒ်၊ ကြိယာပုဒ်တို့၏ အနက်ကို လေးနက်စေတတ် သော စကားလုံး။ “ဤသူကား မိုက်မဲ၏။ ပေးကား ပေး၏ မရ။” | ပစ္စည်း | null |
က | ကားကြက် | ကားကြက် | ၁၊ အောက်ခံတစ်ခုခုပေါ်တွင် အဝတ်၊ သားရေ စသည်တို့ကို တင်းအောင် ဖြန့်ကားစွဲနှောင်သည်။
၂၊ လူကို ကားစင် တင်၍ ခြေလက်တို့ကို ဖြန့်ကား စွဲနှောင်သည်။ | ကြိယာ | null |
က | ကားစင် | ကားဇင် | ရာဇဝတ်သားကို ကားကြက်၍သတ်ရန် ပြုလုပ် ထားသော စင်။ | နာမ် | null |
က | ကားရား | ကားရား | ခြေလက်တို့ ဖြန့်ကားလျက်။ | ကြိယာဝိသေသန | null |
က | ကားလိပ် | ကားလိပ် | လိပ်တင်ထားနိုင်သော ဇာတ်ပွဲသုံးကန့်လန့်ကာ။ | နာမ် | null |
က | ကိမိလဗေဒ | ကိမိလာ့ဗေဒါ့ | ပိုးမွှားများကို လေ့လာသော ပညာရပ်။ | နာမ် | ပါ၊ ကိမိလ + ဝေဒ |
က | ကိရိယာ | ကရိယာ | အသုံးအဆောင်။ တန်ဆာပလာ။ | နာမ် | ပါ၊ ကိရိယာ |
က | ကိလေသာ | ကိလေသာ | စိတ်ကို ညစ်ညူးစေတတ်၊ ပူပန်စေတတ်သော တရား။ | နာမ် | ပါ၊ ကိလေသ |
က | ကိလိဋ္ဌဒေါသ | ကိလိတ်ထာ့ဒေါသှာ့ | အဓိပ္ပာယ် အသိ ခက်သော ပုဒ်များဖြင့် ဖွဲ့ဆိုထားသောကြောင့်သင့်သော စာပေ ဒေါသ။ | နာမ် [ စာပေ ] | ပါ၊ ကိလိဋ္ဌ + ဒေါသ |
က | ကီလိုမီတာ | ကီလိုမီတာ | မီတာတစ်ထောင်။ (၃၂၈ဝ.၁၉ ပေနှင့် ညီမျှသည်။) | နာမ် | လိပ်၊ kilometre |
က | ကီလိုဝပ် | ကီလိုဝပ် | လျှပ်စစ်ဓာတ် ဝပ်ပေါင်း တစ်ထောင်။ | နာမ် | လိပ်၊ kilowatt |
က | ကီဝီ | ကီဝီ | တောင်ပံနှင့် အမြီး မရှိသည့် မပျံနိုင်သောငှက်ငယ်။ (နယူးဇီလန်တွင်သာ တွေ့ရသည်။) | နာမ် | လိပ်၊ kiwi |
က | ကု | ကု | အနာရောဂါပျောက်အောင် ဆေးဝါးဖြင့်ပြုပြင်ပေးသည်။ | ကြိယာ | null |
က | ကုစား | ကုဇား | ၁၊ ဆေးကုသည်။
၂၊ ပြုမိသော မကောင်းမှု တို့ကို ပပျောက်အောင်လုပ်သည်။ | ကြိယာ | null |
က | ကုဋီ | ကုဋီ | ၁၊ တိုက်ခန်း။ အိမ်။ ကျောင်း။
၂၊ ရဟန်းတော်များ ကျင်ကြီး ကျင်ငယ်စွန့်ရာ အဆောက်အအုံ။ | နာမ် | ပါ၊ ကုဋိ |
က | ကုဋေ | ဂဒေ | ဆယ်သန်းရှိသော အရေအတွက်။ | နာမ် | ပါ၊ ကောဋိ |
က | ကုဋေကုဋာ | ဂဒေဂဒါ | များစွာသောအရေအတွက်။ | နာမ် | ပါ၊ ကောဋိ / ကောဋိပကောဋိ |
က | ကုတို့ | ဂဒို့ | ကူးတို့ ရှု။ | နာမ် | null |
က | ကုဗ | ကုဗ | ၁၊ သုံးဖက်ညီဒု။ အန်စာပုံဒု။
၂၊ [ သင်္ချာ ] အလျား၊ အနံ၊ အမြင့်တို့ကို မြှောက်၍ရသော ထုထည်။ | နာမ် | လိပ်၊ ခကဘန |
က | ကုမုဒြာ | ကုမုတ်ဒရာ | လရောင်ဖြင့်ပွင့်သော ကြာဖြူ။ | နာမ် | သ၊ ကုမုဒ |
က | ကုလလေးတာ | ကုလာ့လေးတာ၊ ကလလေးတာ | လေးတောင် အရှည်ရှိလေးဖြင့် တိုင်းသည့်အကွာအဝေး။ | နာမ် | null |
က | ကုလသမဂ္ဂ | ကုလာ့သမက်ဂါ့၊ ကုလာ့သတ်မက်ဂါ့ | ကမ္ဘာ့နိုင်ငံ ပေါင်းစုံအဖွဲ့ကြီး။ | နာမ် | ပါ၊ ကုလ + သမဂ္ဂ |
က | ကုလား | ကလား | ၁၊ အိန္ဒိယတိုက်ငယ်ဒေသမှ လာသော လူမျိုး များ။
၂၊ သာမန်အားဖြင့် မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ တိုင်းနိုင်ငံများမှလာသူများ။
၃၊ စက္ကူဖဲတွင် ဂျက်၊ ကွင်း၊ ကင်း ဖဲချပ်ကိုခေါ်သောစကား။ | နာမ် | null |
က | ကုလား | ကလား | နိုင်ငံခြားမှလာသော။ နိုင်ငံခြားမှဖြစ်သော။ “ကုလား ကင်ပွန်း။ ကုလားရွှေ။” | နာမဝိသေသန | ပါ၊ ကုလ |
က | ကုလားကာ | ကလဂါ | ကန့်လန့်ကာ ရှု။ | နာမ် | null |
က | ကုလားကျောင်း | ကလဂျောင်း | ၁၊ ရှေးက သာသနာရေးဆိုင်ရာ အုတ်ကျောင်း။
၂၊ ဂူဘုရားအောက်ခံ အုတ်တိုက်။ | နာမ် | null |
က | ကုလားတက် | ကလဒက် | ကလတက် ရှု။ | နာမ် | null |
က | ကုလားတည် | ကလဒယ် | မရန်းသီး၊ သရက်သီး စသည်တို့ကို ဆီ၊ မဆလာ၊ ငရုတ်မှုန့် စသည်တို့နှင့်နယ်၍ ဆီစိမ်ထားသော စားဖွယ်တစ်မျိုး။ သနပ်။ | နာမ် | null |
က | ကုလားထိုင် | ကလထိုင် | ခြေလေးချောင်းနှင့် အမှီပါသော ထိုင်ခုံတစ်မျိုး။ | နာမ် | null |
က | ကုလားပဲ | ကလဗဲ | ၁၊ (ဆင်ခေါင်းသဏ္ဍာန်) အညိုရောင် အစေ့ခွံ ပါသော သီးတောင့်များ သီးသည့်ပဲပင်တစ်မျိုး။
၂၊ ၎င်းပဲစေ့ အခြမ်း။ | နာမ် | null |
က | ကုလားဖန်ထိုး | ကလဖန်ထိုး | ၁၊ ဖဲချပ်များကို လက်တစ်ဖက်စီတွင် အထပ်လိုက် ကိုင်ပြီး ရောယှက်သွားအောင် လုပ်သည်။
၂၊ [ဥပစာ] မိမိလိုရာဖြစ်အောင် အကွက်ဆင်သည်။ | ကြိယာ | null |
က | ကုလားဖြူ | ကလဖျူ | ရှေးမြန်မာများက အသား ဖြူသော ဥရောပတိုက်သားများကိုခေါ်သော အမည်။ | နာမ် | null |
က | ကုလားမခြေထောက် | ကလမာ့ချီဒေါက် | ကန့်လန့်ခြေနင်းတပ် ထားသော သစ်သားလုံးရှည် သို့မဟုတ် ဝါးလုံးရှည် တစ်စုံ။ | နာမ် | null |
က | ကုလားမျက်စိ | ကလားမျက်စိ | ဆေးဖက်ဝင် နွယ်ပင် တစ်မျိုး။ | နာမ် | null |
က | ကုလားရွှေ | ကလယွှေ | ပါးလွှာစွာ ပြုလုပ်ထားသော ရောင်စုံ သတ္တုပြားတစ်မျိုး။ ရောင်ပြား။ | နာမ် | null |
က | ကုလားသေကုလားမော | ကလသှေကလမော | ခြေပစ် လက်ပစ် နှစ်နှစ်ခြိုက်ခြိုက် (အိပ်သည်)။ | ကြိယာဝိသေသန [ ဥပစာ ] | null |
က | ကုလားဟင်း | ကလားဟင်း | အာလူး၊ ခရမ်းသီး စသည်တို့ကို မန်ကျည်းနှစ်၊ မဆလာတို့နှင့် ချက်သောဟင်း။ | နာမ် | null |
က | ကုလားအော် | ကလအော် | အလွန်စပ်သော ငရုတ်သီး တစ်မျိုး။ | နာမ် | null |
က | ကုလားအုတ် | ကလအုတ် | ဘို့တစ်လုံး သို့မဟုတ် နှစ်လုံးပါပြီး သဲကန္တာရခရီးတွင် သုံးရသော လူစီး၊ ဝန်တင် တိရစ္ဆာန်။ | နာမ် | ပါ၊ ကုလ + ဩဋ္ဌ |
က | ကုလားအုံးဆောင်းထပ် | ကလအုန်းဆောင်းဒတ် | စားမြုံ့ပြန် တတ်သော သတ္တဝါ၏ အစာအိမ် အစိတ်အပိုင်းတစ်မျိုး။ | နာမ် | null |
က | ကုသ | ကုသ | ဆေးကုသည်။ | ကြိယာ | null |
က | ကုသိနာရုံ | ကုသိနာရုံ | ၁၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာမြို့ အမည်။
၂၊ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံပုံ ထုလုပ်ထားရှိရာ ဇရပ်တန်ဆောင်း။ | နာမ် | ပါ၊ ကုသိနာရာ |
က | ကုသိုလ် | ကုသှို | ကောင်းသောအမှု။ | နာမ် | ပါ၊ ကုသလ |
က | ကုဟည်း | ကုတ်ဟီး | ကုတ်ဟည်း နှင့် အတူတူ။ | နာမ် | null |
က | ကူ၁ | ကူ | ဆောင်ရွက်ပေးသည်။ မစသည်။ | ကြိယာ | null |
က | ကူ၂ | ကူ | (ချိုးငှက်) တွန်မြည်သည်။ | ကြိယာ | null |
က | ကူညီ | ကူညီ | ဝိုင်းဝန်းဆောင်ရွက်ပေးသည်။ မစသည်။ | ကြိယာ | null |
က | ကူထိုးဗိုး | ဂူထိုးဗိုး | ကယားအမျိုးသားတို့၏ တံခွန်တိုင်ပွဲ။ | နာမ် | ကယား၊ ကူထိုးဗိုး |
က | ကူပွန် | ကူပွန် | ကုန်ပစ္စည်းဝယ်ယူနိုင်ရန်၊ ပစ္စည်းတစ်ခုခုနှင့် လဲလှယ်နိုင်ရန် အတွက် ဆိုင်ရာက ထုတ်ပေးထားသော လက်မှတ် တစ်မျိုး။ | နာမ် | လိပ်၊ ခသကစသည |
က | ကူဖော်လောင်ဖက် | ကူဗော်လောင်ဗက် | ဝိုင်းဝန်းကူညီပေးသူ။ | နာမ် | null |
က | ကူရွပ် | ကူယွတ် | ရှေးခေတ် စစ်လှေကြီးတစ်မျိုး။ | နာမ် | မွန်၊ ခရော် |
က | ကူလီ | ကူလီ | ၁၊ အခယူ၍လုပ်သော အလုပ်ကြမ်း။
၂၊ အခစားအလုပ်ကြမ်းသမား။ | နာမ် [ ခေတ်ကုန် ] | ဟိန္ဒီ၊ ကူလီ |
က | ကူး | ကူး | ၁၊ ပြောင်းသည်။ ရွေ့သည်။ “နှစ်ကူးသည်။”
၂၊ ပျံ့နှံ့ သွားသည်။
၃၊ ကျော်ဖြတ်သွားသည်။ “လမ်းကူးသည်။”
၄၊ ရေတွင် ခြေလက်တို့ကို ယက်ကန်လှုပ်ရှား၍ ကိုယ်ကို ရွေ့စေသည်။
၅၊ စာ၊ ရုပ်ပုံ စသည်ကို မူပွားသည်။ | ကြိယာ | null |
က | ကူးခပ် | ကူးခပ် | ၁၊ ဤဘက်မှ ထိုဘက်သို့ ရောက်အောင်သွားသည်။
၂၊ ရေတွင် ခြေလက်တို့ကို ယက်ကန်လှုပ်ရှား၍ ကိုယ်ကို ရွေ့စေ သည်။ | ကြိယာ | null |
က | ကူးတို့ | ဂဒို့ | ရေလမ်းတွင် တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင် သော လှေသင်္ဘော။ | နာမ် | null |
က | ကူးတို့ခ | ဂဒို့ဂါ့ | သင်္ဂြိုဟ်မည့် လူသေ၏ခံတွင်း၌ ထည့်လိုက်သော ကြေးငွေ။ | နာမ် | null |
က | ကူးတို့လျား | ဂဒို့လယား | မြစ်ကြောင်း အစုန်အဆန် ခရီးရှည် ပို့ဆောင်သော ကူးတို့။ (ဖြတ်ကူးတို့ လည်း ရှု) | နာမ် | null |
က | ကူးနာယဉ်းနာ | ကူးနာယဉ်းနာ | ကူးစက်ပြန့်ပွားလွယ်သော ပလိပ်ကဲ့သို့သော ရောဂါဆိုးမျိုး။ | နာမ် | null |
က | ကူးလူးဆက်ဆံ | ကူးလူးဆက်ဆံ | တစ်ဦးနှင့် တစ်ဦး ရောနှော ပေါင်းသင်းသည်၊ အပြန်အလှန် အဆက်အသွယ် လုပ်သည်။ | ကြိယာ | null |
က | ကူးသန်း | ကူးသန်း | တစ်နေရာမှ တစ်နေရာသို့ သွားလာသည်။ | ကြိယာ | null |
က | ကေစိဝါဒ | ကေစိဝါဒ | အချို့ အချို့သော ပုဂ္ဂိုလ်တို့ယူဆသော ဝါဒ။ | နာမ် | ပါ၊ ကေစိ + ဝါဒ |
က | ကေတိကာတိလုပ် | ကေတိကာတိလုပ် | အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန်သည်၊ တွက်ကတ်သည်။ | ကြိယာ | null |
က | ကေဒါ | ကေဒါ | အဖွဲ့အစည်း၏ လုပ်ငန်းရပ်ကို ဆောင်ရွက်ရန်အတွက် ရွေးချယ်လေ့ကျင့်ထားသော လက်ရွေးစင် အမြုတေ ရဲဘော်။ | နာမ် | လိပ်၊ cadre |
က | ကေသရာဇာ | ကေသရာဇာ | ၁၊ ခြင်္သေ့မင်း။
၂၊ ပရဆေးပင် တစ်မျိုး။ | နာမ် | ပါ၊ ကေသရ + ရာဇာ |
က | ကေသာ | ကေသာ | ဆံပင်။ | နာမ် [ ကဗျာ ] | ပါ၊ ကေသာ |
က | ကဲ၁ | ကဲ | ၁၊ ပိုသည်။ သာသည်။
၂၊ ထပ်ဖြည့်သည်။ “ဆား ကဲလိုက် ပါ။”
၃၊ အလွန်အကြူးပြုမူသည်။
၄၊ ကြီးမှူးသည်။ | ကြိယာ | null |
က | ကဲ၂ | ကဲ | နားထောင်သူ၏ အာရုံကိုဆွဲဆောင်ရန် သုံးသောစကား။ | ပစ္စည်း [ အပြော ] | null |
က | ကဲကြည့် | ကဲကြည့် | အပေါ်မှစီး၍ လှမ်းကြည့်သည်။ | ကြိယာ | null |
က | ကဲလား | ကဲလား | ၁၊ အထက်သို့ မတင်ဖွင့်နိုင်သော အကာအရံ။
၂၊ ဒေါက်ထောက်၍ ဖွင့်ရသော တံခါးတစ်မျိုး။ | နာမ် | null |
က | ကဲ့ | ကဲ့ | တဖြည်းဖြည်း သယ်ယူသည်။ နည်းနည်းချင်း သယ်ယူသည်။ | ကြိယာ | null |
က | ကဲ့ရဲ့ | ကဲ့ရဲ့ | ရှုတ်ချပြောဆိုသည်။ | ကြိယာ | null |
က | ကဲ့ရဲ့ သင်္ဂြိုဟ် | ကဲ့ယဲ့သင်းဂျို | ကဲ့ရဲ့သည်။ | ကြိယာ | null |
က | ကဲ့သို့ | ကဲ့သှို့ | တူညီချက်ကိုပြသော စကားလုံး။ သဖွယ်။ လို။ နှယ်။ | ပစ္စည်း | null |
က | ကော၁ | ကော | ၁၊ မြစ်၊ ချောင်း စသည်တို့တွင် မြေပို့၍ ရေတိမ်လာသည်။
၂၊ လယ်ယာ၊ ချောင်း စသည် တဖြည်းဖြည်း ပျက်စီးသည်။
၃၊ အချည်းနှီး ဖြစ်သည်။ | ကြိယာ | null |
က | ကော၂ | ကော | ၁၊ ပေါင်းစည်းသည့်သဘောဖြင့် ထောက်ပံ့ သော စကားလုံး။
၂၊ အမေးသဘောဖြင့် ထောက်ပံ့သည့်စကားလုံး။ “အောင်ရင်ကော ဘာပေးမလဲ။” | ပစ္စည်း [ အပြော ] | null |
က | ကောဇာဂြိုဟ် | ကောဇာဂြိုဟ် | ၁၂ ရာသီခွင်တွင် အသီးသီး ရောက်ဆဲ တည်ဆဲဖြစ်သော ဂြိုဟ်အစု။ | နာမ် [ ဗေဒင် ] | သ၊ ဂေါစရ + ဂြဟ |
က | ကောဇာသက္ကရာဇ် | ကောဇာသက္ကရာဇ် | ယခု အသုံးပြုနေသော မြန်မာခုနှစ်။ | နာမ် | သ၊ ဂေါစရ + သကရာဇ |
က | ကောဏာဂုံ | ကောဏာဂုံ | ဤဘဒ္ဒကမ္ဘာတွင် ဒုတိယ ပွင့်တော်မူသော မြတ်စွာ ဘုရား။ | နာမ် | ပါ၊ ကောဏာဂမန |
က | ကောလာဟလ | ကောလာဟလ | ၁၊ တစ်စုံတစ်ရာ ဖြစ်ပေါ်မည့်အကြောင်း ကြိုတင် သတိပေးသော ကြွေးကြော်စကား။ ကြိုတင်ဖြစ်ပေါ်နေသော သတင်း။
၂၊ အခြေအမြစ်မရှိသော သတင်း။ | နာမ် | ပါ၊ ကောလာဟလ |
က | ကောလိသိန် | ကောလိသိန် | အမြစ်ကို အားတိုးဆေးဖော်ရသော တရုတ် ပရဆေးပင်တစ်မျိုး။ | နာမ် | တရုတ်၊ gaolishen |
က | ကောလီကြေ | ကောလီကြေ | (ဆေးအမည်များ ရောနှောကြိတ်ခြေရာ၌) မုန့်မုန့် ညက်ညက် ဖြစ်သည်။ | ကြိယာ | သ၊ ဂေါလီ + မြန်၊ ကြေ |
က | ကောလိပ် | ကောလိပ် | တက္ကသိုလ်တစ်ခုနှင့် ဆက်သွယ်ပေါင်းကူးထားသော အဆင့်မြင့်ပညာသင်ကျောင်း။ | နာမ် | လိပ်၊ college |
က | ကော့ | ကော့ | ၁၊ အနားစွန်း လန်တက်သည်။
၂၊ ယင်းသို့ လန်တက်အောင် ပြုသည်။
၃၊ မျက်နှာပြင်တစ်ဖက်တွင် ဟိုက်၍ တစ်ဖက်တွင် မိုမောက်သည်။
၄၊ ယင်းသို့ မိုမောက်အောင် ပြုသည်။ | ကြိယာ | null |
က | ကော့ကော်ကံကား | ကော့ကော်ကံကား | ဖီလာကန့်လန့်။ မတော်မလျော်။ ကိုးရိုး ကားယား။ မဖွယ်မရာ။ | ကြိယာဝိသေသန | null |
က | ကော့ရရော့ | ကော့ရရော့ | ကော့ညွတ်လျက်။ | ကြိယာဝိသေသန | null |
က | ကော်၁ | ကော် | ၁၊ တစ်စုံတစ်ရာဖြင့် ထိုးယူ မြှောက်တင်သည်။
၂၊ [ ဗန်း ] ရသင့်သည်ထက်ပို၍ အကျိုးဖြစ်ထွန်းသည်။ | ကြိယာ | null |
က | ကော်၂ | ကော် | ၁၊ ဆန်၊ ဂျုံ၊ သားရေ စသည်တို့ကို ပြုပြင်ထားသည့် စေးကပ်သော အရည်ပျစ်။
၂၊ ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ပလတ်စတစ် စသည် ပစ္စည်း။ “ကော် ဘီး။ ကော် ပြား။” | နာမ် | null |
က | ကော်၃ | ကော် | တိဗက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကို ပြောသော မြန်မာတိုင်းရင်းသားတစ်မျိုး။ (ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် နေထိုင်သည်။) | နာမ် | null |
က | ကော်စီကော် | ကော်စီကော် | ရက်ကန်းတိုင်ချည်များကို ကော်စီ တံဖြင့် နှတ်ပေါက်အတွင်း သွင်းသည်။ | ကြိယာ [ ရက်ကန်း ] | null |
က | ကော်စီတံ | ကော်စီဒန် | ရက်ကန်းတိုင်ချည်များကို နှတ်ပေါက်အတွင်း ကော်သွင်းယူသည့် လက်ကိုင်ပါ အဖျားကောက် သံချောင်းငယ်။ | နာမ် [ ရက်ကန်း ] | null |
က | ကော်ဇော | ကော်ဇော | ၁၊ သိုးမွေး၊ သားမွေး စသည်ဖြင့် ရက်လုပ်သည့် ပန်းပြောက်ဖော်ထားသော ထိုင်စရာအခင်း။
၂၊ ကြမ်းပြင် လှေကား စသည်၌ ခင်းသည့် အခင်းထူ။ | နာမ် | ပါ၊ ကောဇဝ |
က | ကော်တရာ | ကော်တရာ | အလွန်ကပ်စေးနှဲသူ။ | နာမ် [ ဥပစာ ] | null |
က | ကော်ပီ | ကော်ပီ | ၁၊ လက်ရေးစာမူ။
၂၊ မိတ္တူစာမူ။ မိတ္တူဓာတ်ပုံ။ | နာမ် | လိပ်၊ copy |
က | ကော်ပိုရေးရှင်း | ကော်ပိုရေးယှင်း | သက်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် အစိုးရက ဥပဒေဖြင့် ဖွဲ့စည်းထားသော အဖွဲ့ အစည်း။ | နာမ် | လိပ်၊ corporation |
က | ကော်ပြား | ကော်ဗျား | ဓာတ်ပုံရိုက်ရာတွင်အသုံးပြုရသော ကော်အလွှာပါး။ ဖလင်။ | နာမ် | null |
က | ကော်ပြန့် | ကော်ပြန့် | ဂျုံလွှာတွင် အဆာသွတ်၍ လိပ်ထားသော စားဖွယ်။ | နာမ် | တရုတ်၊ baobing |
က | ကော်ဖီ | ကာဖီ၊ ကော်ဖီ | ၁၊ အသီး၏အစေ့ကို လှော်ကြိတ်၍ ဖျော်စပ် သောက်သုံးရသော အပင်တစ်မျိုး။
၂၊ ယင်းအစေ့အမှုန့်နှင့် ဖျော်စပ်ထားသောသောက်ဖွယ်။ | နာမ် | လိပ်၊ coffee |