text
stringlengths
0
808
ဇန်နဝါရီလ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကုမ်ရရာသီဖွား (Aquarius) များဟု သတ်မှတ်နိုင်သည်။
ကုမ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး စနေဂြိုလ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။
ကုမ်ရာသီဖွားများသည် စိတ်ထားမြင့်မြတ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းကြသည်။ တိုးတက်ကြီးပွားအောင် အမြဲကြံစည်တွေးတောတတ်သူတွေ ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် တစ်ပါးသူကို ကူညီဖေးမတတ်ပြီး အသိပညာဗဟုသုတနဲ့ ပြည့်စုံကာ အများရဲ့ချစ်ကြည်လေးစားခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် သဒ္ဓါတရားနဲ့ ပြည့်စုံပြီး အလှူအတန်းမှာ ရက်ရောကြသူတွေ ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် အပေါင်းအသင်းမိတ်ဆွေများအပေါ် အနစ်နာခံပြီး မိတ်ဆွေမဖြစ်ခင်က ဘာသိဘာသာနေတတ်ပေမယ့် မိတ်ဆွေဖြစ်သွားချိန်မှာတော့ အကောင်းဆုံးသူငယ်ချင်းမိတ်ဆွေကောင်းတွေဖြစ်လာကြပါတယ်။
ကုမ်ရာသီဖွားတွေဟာ ငယ်စဉ်ထဲက အရှက်အကြောက်ကြီးပြီး နူးညံ့သိမ်မွေ့သူတွေဖြစ်ပြီး အများနဲ့မတူတဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေ ရှိကြပါတယ်။
ကုမ်ရာသီဖွားများသည် ပတ်ဝန်းကျင်မှာလည်း လိုက်လျောညီထွေစွာ နေတတ်ပြီး သူတစ်ပါးကို မှီခိုအားကိုးခြင်းထက် ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး လူမူရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ကူညီတက်ပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်၊ ရိုင်းပင်းကူညီလိုစိတ် အပြည့်အဝရှိကြပါတယ်။
ကုမ်ရာသီဖွားတွေဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်ကြပြီး ကိုယ့်ကြောင့် သူများဒုက္ခရောက်မှာ အလွန်စိုးရိမ်တတ်သူတွေ ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် လွတ်လပ်စွာ ဘဝကို ဖြတ်သန်းလိုပြီး ချုပ်ချယ်မှုကိုတော့ မနှစ်သက်ကြပါဘူး။ တစ်ယောက်တည်းသီးသန့်နေရတာကိုတော့ ကြိုက်နှစ်သက်ကြပါတယ်။
ကုမ်ရာသီဖွားအများစုဟာ ကျက်သရေရှိတဲ့ မျက်နှာသွင်ပြင်ရှိကာ ဗဟုသုတကြွယ်ဝပြီး စကားပြောကောင်းတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။
ကုမ်ရာသီဖွားတွေဟာ ပညာရေးမှာလည်းထူးချွန်ကြပေမဲ့ ပညာမာန်မာနမရှိသူတွေဖြစ်သည်။ မှတ်ဉာဏ်ကောင်းတာကြောင့် သင်ကြားရမှာ အချိန်အများကြီးပေးစရာမလိုဘဲ သင်လွယ်တတ်လွယ်ကြပါတယ်။
ကုမ်ရာသီဖွားများသည် တစ်ခါတစ်လေ ပျင်းစိတ်ဝင်တတ်တာလေးကိုတော့ သတိပြုသင့်ပါတယ်။
ဒါ့အပြင် ကုမ်ရာသီဖွားများသည် တစ်ပါးသူအပေါ် ယုံကြည်လွယ်လွန်းတတ်တာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့တွေ့ရတတ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ စီးပွားရေးလုပ်ငန်းတွေမှာ ထူးခြားတဲ့စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ စွန့်စားစွာလုပ်ကိုင်တတ်ပြီး စာ‌ပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မြေအရောင်းအဝယ်လုပ်ငန်း၊ ကျောင်းဆရာအလုပ်နဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။
ကုမ်ရာသီဖွားများသည် အချစ်ရေး (၁၂)လ ရာသီခွင်ထဲမှာ စန်းအပွင့်ဆုံးရာသီခွင်တွေဖြစ်ကြပြီး ချစ်သူရည်းစားလည်း များတတ်ပါတယ်။
ကုမ်ရာသီဖွားများသည် အိမ်ထောင်ရေးမှာတော့ ကံကောင်းတတ်ပြီး အိမ်ထောင်ရေးမပြိုကွဲအောင် ထိန်းသိမ်းနိုင်တဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။
သိဟ်ရာသီဖွားတွေနဲ့ ဓနုရာသီဖွားတွေက ကုမ်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။
ကုမ်ရာသီဖွားများအတွက် အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၇၊ ၁၁၊ ၂၂၊ ၂၉ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အပြာနုအရောင်နဲ့ ခဲရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ဥဒေါင်းကျောက် (Garnet)ကျောက်လေးပဲ ဖြစ်ပါတယ်။
မတ်လ ၂၁ ရက်မှ ဧပြီလ ၁၉ ရက်အတွင်း မွေးဖွားသူများကို မိဿရာသီဖွား (Aries)များလို့ သတ်မှတ်နိုင်ပါတယ်။
Aries လေးတွေဟာ ၁၂ လရာသီခွင်တွေအနက် ပထမဆုံးရာသီခွင် ဖြစ်ပါတယ်။ ဂြိုလ်အားဖြင့် အင်္ဂါဂြိုလ်စိုးမိုးပြီး တေဇောဓာတ် (မီးဓာတ်)ကြီးစိုးတဲ့ ရာသီခွင်ဖြစ်တာကြောင့် ဒေါသထွက်လွယ်ပြီး ကိုယ်မှန်တယ်ထင်ရင် ဇွတ်လုပ်တတ်တဲ့အကျင့်ရှိပြီး အလွန်လည်း ခေါင်းမာကြပါတယ်။
Aries လေးတွေဟာ စိတ်မြန်လက်မြန်ရှိပြီး တဇွတ်ထိုးလည်းလုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။
Aries လေးတွေဟာ ကိုယ်တိုင်လည်း လိမ်ညာခြင်းကို ရွံမုန်းပြီး အမှန်တိုင်းပြောတတ်ဆိုတတ်လုပ်ကိုင်တတ်ကြသည့်နည်းတူ ကိုယ့်ကိုလိမ်ညာသူများကိုလည်း ခွင့်မလွှတ်တတ်ကြပါဘူး။ ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းပြီးမှ အောင်မြင်မှုတွေ ရတတ်တဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။
Aries လေးတွေဟာ သူတစ်ပါးကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီးရတဲ့ အောင်မြင်မှုကို တန်ဖိုးထားတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ မိသားစု၊ အပေါင်းအသင်းမိတ်ဆွေများမှာ အခက်အခဲတွေ ရင်ဆိုင်ရင်လည်း ကိုယ်တိုင်ခေါင်းခံပြီး ဖြေရှင်းပေးတတ်ကြပါတယ်။ မိသားစုကို အလွန်ချစ်ပြီး မိဘအားကိုးရတဲ့သားသမီးတွေ ဖြစ်ကြပါတယ်။
Aries လေးတွေဟာ အစစအရာရာဦးဆောင်ရတာကို နှစ်သက်ပြီး လွတ်လပ်မှုကို အလွန်မြတ်နိုးကြပါတယ်။
Aries လေးတွေဟာ သူတစ်ပါးရဲ့ဩဇာလွှမ်းမိုးမှုကို မကြိုက်ပေမယ့် မိခင်ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှင်သန်ရလေ့ရှိပါတယ်။ မိဿရာသီဖွားတွေရဲ့ ဆွဲဆောင်မှုအရှိဆုံးမှာ စူးရှတောက်ပသည့် မျက်ဝန်းနှင့် အပြုံးပဲ ဖြစ်ပါတယ်။
Aries လေးတွေဟာ အချစ်ရေးမှာ အလွန်စန်းပွင့်ပြီး စိတ်အပြောင်းအလဲမြန်တတ်တာကြောင့် ဆုံးဖြတ်ချက်အမှားတွေ ချမှတ်တတ်ပါတယ်။ ကိုယ်တိုင် အေးတိအေးစက်နေတတ်တာကြောင့်လည်း အချစ်ရေးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။
မိဿရာသီဖွားတွေဟာ ကိုယ့်ကို ဝမ်းသာခြင်း ဝမ်းနည်းခြင်း စတဲ့ စိတ်ခံစားမှုအသစ်သစ်တွေ ပေးနိုင်တဲ့သူတွေကို တမ်းတမ်းစွဲချစ်တတ်ပြီး စိတ်လှုပ်ရှားမှုကို နှစ်သက်ကြပါတယ်။
Aries လေးတွေဟာ အရမ်းသနားတတ်တာကြောင့် ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။ မိဿရာသီဖွားများဟာ အသီးအရွက်ပိုမိုနှစ်သက်သဖြင့် ကျန်းမာရေးကောင်းမွန်ကြပြီး အသက်ရှည်ရှည်နေရမယ့် ရာသီခွင်တွေ ဖြစ်ကြပါတယ်။
မိဿရာသီဖွားတွေဟာ စက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ာအကျိုးပေးပြီး အင်္ဂါနံအလုပ်အကိုင်များ လုပ်ကိုင်ပါက အောင်မြင်မည့် ရာသီဖွားများ ဖြစ်သည်။ သတိပြုရန်မှာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပြီး အမျိုးသားများ မိန်းမအဖျက်ကြုံရတတ်ပါတယ်။
Aries လေးတွေအတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဓာတ်စာအနေနဲ့စားသင့်ပြီး ငရုတ်ကောင်းကိုလည်း စားပေးသင့်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ (၃၊ ၆၊ ၉) စသည်တို့ ဖြစ်ပါတယ်။ Lucky Color ကတော့ အနီရောင်ဖြစ်ပြီး တစ်သက်တာဆောင်သွားသင့်တဲ့ ကျောက်မျက်ကတော့ စိန် Diamond ပဲဖြစ်ပါတယ်။ အကျိုးပေး ရာသီခွင်တွေကတော့ တူရာသီနဲ့ သိဟ်ရာသီဖြစ်ပါတယ်။
မိဿရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် ပထမဦးဆုံးသော ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် တောင်ဆိတ်တစ်ကောင် ပုံပေါ်ထွန်းနေသောရာသီဖြစ်သည်။ ဤရာသီခွင်ကိုအင်္ဂါဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ်(မီးဓါတ်)ကြီးစိုးသည်။
မိဿရာသီဖွားအများစုတို့သည် ပင်ကိုယ်စိတ်ဓါတ်အားဖြင့် အလွန်သဘောထားကြီးတတ်ကြသည်။ လွတ်လပ်ပေါ့ပါးစွာနေတတ်သည်။ အမြဲတမ်းကြည်လင် အေးချမ်းစွာနေပြီး ပြုံးပျော်ရွင်မြူးစွာ ပြောဆိုနေတတ်ကြသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည်။ ဟာသဉာဏ်ရွင်သည်။ အပေါ်ယံအားဖြင့် ဘာမှအလေးမထားသလို ပေါ့ပေါ့တန်တန်၊ ဘာသိဘာသာအသွင်သဏ္ဍာန်နေတတ်သည်။ အရေးကြုံသောအခါတွင် ရဲရင့်ထက်မြက်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အရေးကြံုသောအခါတွင် ခေါင်းဆောင်နေရာမျိုး တွင်ဝင်ရောက်ကာတာဝန်ယူလုပ်ကိုင်နိုင်စွမ်းကြသည်။ ကျန်အချိန်များတွင် ကြွားဝါခြင်းကင်းလျှက် မထင်မရှားသာနေတတ်သည်။ ငါသိ၊ ငါတတ်၊ ငါသာမြတ်ဟူသော စရိုက်မရှိ။ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ခြင်းမရှိ။ ပညာလက်သည်းဝှက် နေတတ်ကြသည်။
မိဿရာသီဖွားများသည် အငြိုးအတေးကြီးသည်။ ရင်တွင်းမာနကြီးမားသည်။ ဒေါသထွက်လာလျှင် ကြောက်စရာကောင်းလှအောင် ခက်ထန်လာတတ်သည်။ အလွန်ခေါင်းမာစွာ အရွဲ့တိုက်လိုသည်။ လက်စားချေလိုသည်။ လူတစ်ယောက်အပေါ် ရန်သူဟု သတ်မှတ်လိုက်ပါက မူလကသိမ်မွေ့မှု၊ လိုက်လျောမှု၊ သဘောထားကြီးမှုတို့ ပျောက်ပြက်ကာ စိတ်ရောကိုယ်ပါ အငြိုးတကြီးချေမှုန်းလေတော့သည်။ မည်သည့်အခါတွင်မှ ခွင့်လွှတ်တော့ခြင်းမရှိကာ သေတပန်သက်တဆုံး လက်တုံ့ပြန်လေသည်။
မိဿဖွားတို့သည် အမြဲတမ်း လှုပ်ရှားရုန်းကန် ကြိုးစားနေတတ်ကြသည်။ တစ်ခါတစ်ရံ တွေဝေမိုက်မဲစွာ ပြုမူတတ်ကြပြန်သည်။ ကြောက်လွယ်သော ရဲလွယ်သော သဘောရှိသည်။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးများကို တွန့်ဆုတ်နေတတ်ကြပြီး၊ တစ်ခါတစ်ရံ ရဲဝံ့ပြတ်သားစွာ ပြုမူနေတတ်ကြပြန်သည်။ အကြံအစည်ကြီးသည်။ အပြောကောင်းသည်။ အပေါင်းအသင်းဆန့်သည်။ အသွားအလာလျှင်မြန်ဖြတ်လတ်သည်။ အသီးအရွက်ကို ပိုနှစ်သက်သည်။
မိဿရာသီဖွားတို့သည် ဘဝကို အများအားဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရသည်။ အခက်အခဲများစွာကိုလည်း ပခုံးဖြင့်ထမ်းကာ ဖြေရှင်းပေး ကြရတတ်သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်တို့တွင် သော်လည်းကောင်း အခက်အခဲ၊ အကြပ်အတည်း၊ ဖိနှိပ်ချုပ်ချယ်မှုများကို တစ်ချိန်ချိန်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ အောင်မြင်သော ဘဝများကို ရောက်ကြသူများဖြစ်သည်။ ဘဝအစတွင် တိုက်ပွဲကဲ့သို့ ခက်ခဲကြပ်တည်းပြီးက နောက်ဆုံးမှာ အောင်မြင်တတ်သည်။
မိဿဖွားတို့သည် စိတ်မြန်သည်။ ခေါင်းမာစွာ ငြင်းခုံလိုသည်။ ကိုယ်ကိုင်စွဲသောဝါဒကို တရာသေ ဆုပ်ကိုင်တတ်သည်။ အစစခေါင်းဆောင်လိုတတ်သည်။ ဘယ်တော့မှ မလိမ်တတ်။ ဗြောင်ပြောတတ်၊ ဗြောင်လုပ်တတ်သည်။ ပင်ကိုယ်စရိုက်အေးဆေးသလောက် မံချင်စိတ်ကြောင့် တဇွတ်ထိုးလုပ်ကာ ရုတ်တရက် ထိခိုက်နစ်နာတတ်သည်။
မိဿရာသီဖွားတို့သည် မိခင်၊ အစ်မ၊ အဖွားကဲ့သို့သော ကိုယ့်ထက်အသက်ကြီးသော အမျိုးသမီးကြီးတို့၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှင်သန်ကြရတတ်သည်။ ဥပမာ-ဘဝသက်တာတစ်လျှောက်လုံး မိခင်စိတ်ချမ်းသာအောင်နေထိုင်ပေးတတ်သည်။
မိဿရာသီဖွားတို့သည် မမြင်အပ်သော နာမ်လောကပိုင်းမှ မယ်တော်ကြီး တစ်ပါးပါး၏ စောင့်ရှောက်ခြင်းကိုလည်း ခံရတတ်သည်။ မိဿရာသီဖွားတို့သည် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းပြီး ကောင်းမြတ်အောင် ပြုမူနေထိုင်ပေးပါက သူမတူအောင် အောင်မြင်ကြီးပွားတတ်ကြလေသည်။
မိဿရာသီဖွားတွေဟာ စက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာအကျိုးပေးပြီး အင်္ဂါနံအလုပ်အကိုင်များ လုပ်ကိုင်ပါက အောင်မြင်မည့် ရာသီဖွားများ ဖြစ်သည်။ သတိပြုရန်မှာ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်သင့်ပြီး အမျိုးသားများ မိန်းမအဖျက်ကြုံရတတ်ပါတယ်။
သင့်လက်ကို ဖျတ်ခနဲ ဆွဲကိုင် ဖျစ်ညှစ်ပြီး ဖြုန်းခနဲကြီး ပြုံးပြသကဲ့သို့သော အတင်းအကျပ် လုပ်တတ်သည့် ထူးထူးခြားခြား ဖော်ရွေလှသည့် လူစားမျိုးကို မကြာမီကလေးကပင် သင် တွေ့ ခဲ့ရပါသလား။ မြန်မြန် ရှောင်ပြေးဖို့သာ ပြင်ပါလေ။ သင် ကြုံနေသူမှာ မိဿရာသီဖွား ဖြစ်နိုင်ပါသည်။ စကားပြောရာတွင်လည်း သူကပဲ စပြောခြင်း၊ သူကပဲ ဦးဆောင်၍ ပြောနေခြင်းများပါ လုပ်နေလျှင်မူ သာ၍ပင် သေချာလေပြီတည်း။
သင် ကြုံနေရသူသည် အကောင်းဆုံးများကိုသာ မှန်းတတ်ပြီး ဒုက္ခရောက်နေ သူများအတွက် ကာကွယ် ပြောဆိုရာမှာ ဒေါသကြီးတတ်လျှင်မူ မိဿရာသီဖွား ဖြစ်နေပါပြီ။
မိဿဖွားတို့သည် မတရားဘူးဟု ယူဆမိလျှင် ချက်ချင်းပင်လျှင် ရန်ထဖြစ်လိမ့်မည်။ သူတို့၏ ထင်မြင်ယူဆချက်တို့ကို ဖွင့်ဟပြောရန်လည်း ဝန်မလေးကြပါ။ အင်္ဂါဂြိုဟ် ကြီးစိုးသော ရာသီဖွား ဖြစ်သဖြင့် လိုရင်းကို တည့်တည့်သာ ပြောဆို လုပ်ကိုင်တတ် ကြလေ၏။
မိဿရာသီသည် မွေးဖွားခြင်းကို ကိုယ်စားပြု၏။ သူ့အလိုဆန္ဒကိုသာ ဦးစားပေးတတ်၏။
မိဿရာသီသည် (၁၂)ရာသီခွင်၏ ပထမဆုံးရာသီဖြစ်ပြီး (၁၂)ရာသီခွင်၏ မွေးကင်းစ ကလေးငယ်ဖြစ်သဖြင့် မိဘတွေ၊ ပတ်ဝန်းကျင်တွေကို ဂရုမစိုက်၊ သူလိုချင်တာကို အမြန်ဆုံးရမှ ဖြစ်မည်။
မိဿရာသီဖွားတစ်ယောက်သည် စိတ်ကူး တစ်စုံတစ်ရာ ရနေပါက နံနက် လင်းအားကြီးတွင်ပင်လျှင် သင့်ထံ လာပြောတတ်သည့် လူစားမျိုးတွေ ဖြစ်သည်။ အားနာလိမ့်မည် မဟုတ်။သို့ရာတွင် အတ္တကြီးမားသူများ မဟုတ်ကြပါ။ သူ့ဆန္ဒကို ဖြည့်စွမ်းသူများအား ပျူငှာစွာ ဖော်ရွေတတ်ပါသည်။
မိဿရာသီဖွားတို့သည် ကလေးငယ်တို့၏ သဘာဝအရ ရိုးသားစွာ နွဲ့ဆိုး ဆိုးသကဲ့သို့ပင်တည်း။ အပြစ်ကင်းစွာ မသိနားမလည်တတ်ခြင်းပင် ဖြစ်ပါသည်။ အနီ ရိုးသားမှုကြောင့်ပင်လျှင် မိဿဖွားတို့သည် မကြောက်တတ်ကြပါ။ မီး တောက်ကို လက်နှင့် ထိုးကြည့်၍ ပူမှသာလျှင် ငြိမ်သွားပေလိမ့်မည်။ သို့သော် မေ့လောက်လျှင် ထပ်လုပ်လိမ့်ဦးမည်။ အစဉ်ပင် ပုံ၍ ယုံစားတတ်၏။
မိဿရာသီဖွားတို့သည် ထို့ကြောင့် မကြာခဏပင်လျှင် ပုံ၍ လဲကျတတ်၏။ သို့သော် အစဉ်ပင် ပြန်ထ၍ ထပ်ကြိုးစားပြန်သည်။ သူ့စိတ်ထဲက မသင်္ကာမှုတွေသည် သူ့အား လတ် တလော ကောင်းတတ်သူတစ်ဦးနှင့် တွေ့လျှင် ပျောက်ကုန်ပြန်၏။
မိဿရာသီဖွားတို့သည် စိတ်ကူးယဉ်တတ်သော်လည်း မလိမ်တတ်ကြ။ လိမ်နိုင်စွမ်း မရှိကြ။ လျှို့ဝှက် ဖုံးကွယ်ထားခြင်း မရှိကြ။ သူ့အား အနိုင်အထက်ပြုသူများအား မနိုင်လျှင် ကလေး ငယ်တစ်ဦးကဲ့သို့ပင်လျှင် အသံကုန် အော်ဟစ်တတ်လေရာ နားမခံသာသူများက သူ့အား အလျော့ပေးကြရပါလိမ့်မည်။
မိဿရာသီဖွားတို့၏ မျက်ခုံးများသည် နှာခေါင်းထိပ်ပိုင်းနှင့် ဆက်၍ မိဿ ရာသီ၏ သရုပ်သင်္ကေတ( Y)သဏ္ဌာန် ဖြစ်နေတတ်၏။ သူ့အား အနိုင်ကျင့်မည့် သူတွေကို ဝှေ့နိုင်သည့် ဦးချိုပါသော သိုးထီးသရုပ်ပင်တည်း။ ဦးခေါင်း (သို့မဟုတ်) မျက်နှာတွင် မှဲ့ (သို့မဟုတ်) အမာရွတ် တွေ့ရနိုင်ပြီး သူတို့၏ ဆံပင်မှာနေရောင်အောက်တွင် အနီရောင်သန်းပါသည်။ အသား ညိုတတ်၏။
မိဿရာသီဖွားတို့၏ ကိုယ်လှုပ်ရှားမှုများမှာ စိတ်နောက်သို့ အမီလိုက်နေရသဖြင့် မြန်ဆန် သွက်လက်လှသည်။ ပခုံးကျယ်တတ်ကြသည်။ လမ်းလျောက်ပါက ခန္ဓာကိုယ် အပေါ်ပိုင်းက ရှေ့ သို့ အလောတကြီး ကိုင်းနေပြီး ခြေထောက်ပိုင်းက ကျန်နေရစ် တတ်ပါသည်။ သို့သော် အရေးပေါ်ကိစ္စများကို ညင်သာစွာ ဖြေရှင်းတတ်ကြ၏။ လွန်စွာဝဖိုင့်မည်မဟုတ်။ ကျဆုံးမှုကို မကြောက်။ တတ်နိုင်သရွေ့တော့ သူတို့ ဝမ်းနည်း သည်ကို လူသိမခံတတ်ကြ။ သူတို့ကို ပျော့ညံ့သည်ဟု ထင်ကြခြင်းကို ရှက်သည်။ ပတ်ဝန်းကျင်ကို တုန်လှုပ်စွာ မကြည့်တတ်ကြ။ ထိုသို့ ကြည့်လျှင်မူ သင်နှင့် စကားပြောရမည်ကို စိတ်မဝင်စားတော့၍ပင် ဖြစ်သည်။
မိဿရာသီဖွားတို့သည် ကိုယ်ပိုင်လုပ် ငန်းကိုပင် ဦးစီးလုပ်ကိုင်လိုသူများ ဖြစ်၏။ မတတ်သာ၍သာ သူတစ်ပါး လက် အောက်ခံ လုပ်ချင်လုပ်နေရမည်။ ဖြစ်ချင်တာကတော့ ခေါင်းဆောင်သာလျှင်ဖြစ်၏။
မိဿရာသီဖွားတို့သည် အားလုံးကို လွတ်လပ်သော သဘောထားနှင့်သာ ရှုမြင်တတ်၏။ သိမ်မွေ့မှု၊ ပရိယာယ်ကြွယ်မှု၊ နှိမ့်ချမှုတို့ မရှိတတ်ကြ။ အင်္ဂါဂြိုဟ် စိုးမိုးသော ရာသီဖွားများ ဖြစ်သဖြင့် တဲ့တိုးသာ ပြောတတ်ကြပါသည်။ နာကျင်မှာ ကြောက်ကြသည်။ သွား စိုက်ဆရာသည် သူမနှစ်သက်သူများအနက် တစ်ဦး ဖြစ်လေ၏။
မိဿရာသီဖွားတို့သည် ဦးခေါင်း (သို့မဟုတ်) မျက်နှာတွင် ထိခိုက်မှု ဖြစ် တတ်ကြသည်။ ထိရှခြင်း၊ အပူလောင်ခြင်းများလည်း ဖြစ်တတ်ကြသည်။ ကျောက် ကပ်ရောဂါ၊ ခေါင်းကိုက်ရောဂါတို့ကိုလည်း ခံစားတတ်ကြရ၏။
မိဿရာသီဖွားတို့သည် အရက်ကို ရှောင်သင့်သည်။ အရက်သည် ကျောက်ကပ်အတွက် မကောင်းသလို အင်္ဂါဂြိုဟ်၏ သဘာဝနှင့် ပူးပေါင်းမိလျှင် ပေါက်ကွဲသွားနိုင်လေ၏။ မတ်လနှောင်းပိုင်း (သို့မဟုတ်) ဧပြီလတွင် မွေးဖွားခဲ့သော် အင်ပျဉ်နာ၊ ဒူးနာ၊ အစာအိမ်ရောဂါ၊ ပလိပ်ရောဂါ စသည်တို့ကို သတိပြုသင့်သည်။ ပင်ကိုဗီဇဖြစ်သည့် ဒေါသကြီးခြင်း၊ စိတ်တိုခြင်း စသည်တို့က သူတို့အား ဒုက္ခပေးတတ်ကြ၏။ သည်းခံမှုကို ပျိုးထောင်ပေးပြီး ဇွတ်လုပ်တတ်မှုကို ထိန်းပေး ခြင်းဖြင့် အနာရောဂါ ကင်းနိုင်လေသည်။မူးယစ်ဆေးစွဲမည့်သူများတော့ မဟုတ်ကြ။ အိပ်ဆေးသောက်မည့်အစား မအိပ် ဘဲ နေတတ်ကြမည့်သူများပေတည်း။ တေဇောရာသီဖွားများ ဖြစ်ကြသောကြောင့် နာတာရှည်ရောဂါများ ဖြစ်တတ်လိမ့်မည် မဟုတ်။
မိဿရာသီဖွားတို့သည် စိတ်ဓာတ်ကျခြင်း အလျင်းမရှိ။ သို့ရာတွင် မိမိလောက် ထက်မြက်စွာ လုပ် ကိုင်နိုင်သူ မရှိနိုင်ဟူသည့် ယူဆချက်ကြောင့် မိမိကိုယ်မိမိ ဒုက္ခပေးတတ်ကြ၏။ မိမိကိုယ်မိမိ စိတ်ချယုံကြည်စွာ လုပ်ကိုင်ခြင်းကြောင့် မနိုင်မနင်း လုပ်မိနေပြီကို မသိတော့ကာ စိတ်ချုံးချုံးကျမှုကြောင့် အနာများ ပေါက်တတ်ကြပါသည်။
ထူးခြားသည်မှာ မိဿရာသီဖွားတို့သည် မိမိကိုယ်မိမိထက် သူတစ်ပါးတို့ ကြွယ်ဝစေမှုကိုသာဆောင်ရွက်ပေးတတ်ကြသည် ဖြစ်လေရာ များသောအားဖြင့် အိုးပိုင်အိမ်ပိုင် နေကြရသူ နည်းပါသည်။
မိဿရာသီဖွားတို့သည် မိမိကိုယ်မိမိ ထင်တစ်လုံး ရှိတတ်ကြသော်လည်း (၁၂)ရာသီဖွားများအနက် သဘောအကောင်းဆုံး ရာသီဖွားများ ဖြစ်၏။
မိဿရာသီဖွားတို့သည် မရက်စက်တတ်ကြပါ။ သူများတွေ စမ်းတဝါးဝါး လုပ်နေသည်ကို ထိုင်ကြည့်မနေတတ်ကြဘဲ ကိုယ်တိုင် ဝင်ပါတတ်သည်။ ငွေထက် ဂုဏ်သိက္ခာကို အလေးထား၏။ အများက ချီးကျူးမှုကို ပိုမက်မော၏။
မိဿရာသီဖွားတို့သည် အထက်ကို မတင်ပြဘဲ (သူ့တွင် လုပ်ကိုင်ခွင့် မရှိသော်လည်း) ဆုံးဖြတ်ပေးတတ်ကြသည်။
မိဿရာသီဖွားတို့သည် အထေ့အငေါ့ကလေးတွေလည်း ပြောတတ်၏။
မိဿရာသီဖွားတို့သည် ဒေါသ အထွက်မြန်သလို အပြေးလည်း မြန်သည်။
မိဿရာသီဖွားတို့သည် ဒေါသအထွက်ခံရသူက ဘာမှန်း မသိခင်တွင်ပင် သူ့ဒေါသတွေ ပြေသွားပြီး ပြုံးပြုံးရယ်ရယ် ပြန်ဖြစ်လာတတ်၏။
ရုရှားခေါင်းဆောင်ကြီး နီကီတာခရုရှက်(ဗ်)သည် ကုလသမဂ္ဂ အစည်းအဝေးကြီး၌ စားပွဲခုံအား ဖိနပ်ဖြင့် ခေါက်ခဲ့ဖူးသည်။ သူသည် မိဿရာသီဖွားပင်တည်း။
မိဿရာသီဖွားတို့ လိမ်ပြောလျှင်လည်း ပေါ်သွားသည်ချည်း ဖြစ်လေရာ တဲ့တိုး ပြောချ လိုက်ခြင်းသာလျှင် သူတို့အတွက် ပိုထိရောက်ပါသည်။
မိဿရာသီဖွားတို့သည် ကိုယ့်အလုပ် ကိုယ်စိတ်ဝင် စား နစ်မြုပ်တတ်သူများ ဖြစ်သဖြင့် သူများ အတင်းအဖျင်းတွေကို စပ်စုချိန်ပင်မရလေရာ စပ်စုတတ်ခြင်းလည်း မရှိတော့ချေ။
မိဿရာသီဖွားတို့သည်အဆင့်အတန်းမရွေး ညီတူ ပေါင်းသင်း ဆက်ဆံတတ်ပါသည်။
မိဿရာသီဖွားတို့သည် ပတ်ဝန်းကျင်အား မိတ်ဆွေနှင့်ရန်သူဟူ၍သာ ခွဲခြားတတ်ကြပေရာ သင့်အကြောင်း ကို အတော်လေး သိသွားပါက သင့်အား အုပ်စုတစ်ခုခုထဲသို့ ထည့်ထားမည်က တော့ သေချာပါသည်။
မိဿရာသီဖွားတို့သည် ပေါင်းသင်းဆက်ဆံရေး ကောင်း၏။ သူဘာမျှ မသိသော အကြောင်းအရာ တစ်ခုကိုပင် နာရီပေါင်းများစွာ စိတ်ဝင်တစား ပြောဆိုနိုင်၏။ အချစ်ရေးမှအစ ဘောပွဲအဆုံး အကောင်းမြင်ဝါဒကို လက်ကိုင်ထားတတ်ကြပါသည်။
မိဿရာသီဖွားတို့သည် လာမည့်ဘေးကို ပြေးတွေ့တတ်ပြီး ထိုဘေးက သူ့ဆီ မရောက်မီတွင်ပင် အနိုင်ယူလိုက်တတ်ကြ၏။ တစ်ဖက်လူထံမှ ကရုဏာကြေး ယူတတ်ကြသူများ မဟုတ်ကြပါ။ ရံဖန်ရံခါတော့ ရှက်ကိုးရှက်ကန်း ဖြစ်တတ်ကြပါသည်။
မိဿရာသီဖွားတို့သည် လူတစ်ဖက်သားအား သူတို့၏ အချိန်ငွေကြေး၊ စာနာမှုသစ္စာရှိမှုတွေ အပြည့် နှင့် ကူညီတတ်ကြ၏။ သူတို့၏ အကူအညီကို လက်ခံမိလျှင် သူတို့ကို ကျေးဇူးတင် ကြောင်းကလေးတော့ ပြောပေးကြပါ။သူ့စေတနာတွေကို တန်ဖိုးမထားဟု ယူဆမိပါက အမျက်ဒေါသတွေ ပေါ်ထွက်လာနိုင်သည်။ သူတို့အား ပြန်လည်၍ အသိအမှတ်ပြုခြင်းကို လိုချင်ကြပါသည်။ သို့သော် သူ့အား ကျေးဇူးမတင်လျှင်လည်း ထပ်၍ ကူညီဦးမည်သာ ဖြစ်လေသည်။
မိဿရာသီဖွားတို့သည် သူ့အား ဘယ်သူတွေက ဘယ်လို စိတ်ပျက်အောင် လုပ်သည်ဆိုခြင်းတို့ကို ညည်းညည်းညူညူ ပြောနေ တတ်သော်လည်း ထိုသူများကိုပင် ကူညီရန် အသင့် ဖြစ်နေတတ်သည်။
မိဿရာသီဖွားတို့သည် သူတို့ကို မရိုးသားဘူးဟုတော့ မပြောလိုက်ပါနှင့်။ ကြောက်စရာတွေ ဖြစ်လာ နိုင်ပါသည်။ သူ မယုံကြည်ချင်သော ကိစ္စများကို လုံးဝ လျစ်လျူရှုထားနိုင်သည်။ သို့သော် နေရာသစ်၊ လူသစ်တွေကို သက်သက်သာသာနှင့်ပင် လက်ခံနိုင်ပြန်၏။
မိဿရာသီနှင့် သက်ဆိုင်သော သတ္တုမှာ “သံ”ဖြစ်လေရာ တော်ရုံနှင့် မကောက် ကွေးနိုင်ချေ။ ထာဝစဉ်ပင် အခြားသူများကို မဖြစ်နိုင်သော ပန်းတိုင်ဆီသို့ ဦးဆောင်သွားတတ်၏။
မိဿရာသီဖွားတို့သည် မည်မျှပင် ဆင်းရဲနေပါစေ သင့်အား အနည်းငယ်မျှတော့ ဖဲ့၍ ပေးတတ်ကြပါသည်။ သင့်တွင် မျှော်လင့်ချက် ကင်းမဲ့နေလျှင်တောင်မှ မျှော်လင့်ချက် တွေ ပြည့်လာအောင် မိဿရာသီဖွားတို့က လုပ်ပေးတတ်ပါသည်။
မိဿရာသီဖွား အမျိုးသားက စိတ်တက်ကြွစရာတွေကိုဖြင့် လှိုင်လှိုင်ကြီး ပေးနိုင်ပါသည်။ သို့ရာတွင် လုံခြုံမှုနှင့် နူးညံ့သော မေတ္တာတရားကို သင် ရှာဖွေနေသည် ဆိုလျှင်မူ သင် မှားယွင်းနေပါပြီတည်း။
မိဿဖွား အမျိုးသားသည် သူ့စေတနာအား စော်ကားခံရလျှင်ဖြစ်စေ၊ သူစိတ်မဝင်စားတော့လျှင်ဖြစ်စေ၊ (၂)မျိုးစလုံးပင်ဖြစ်စေ သွေးဆူသောသဘာဝသည် ရုတ်ခြည်း ဆိုသလိုပင် အေးခဲသွား၏။
မိဿရာသီဖွားတို့သည် ဖန်တီးမှု အတွေးအကြံများ ကြွယ်ဝနိုင်သည်။ သူ့အား အမီလိုက်ရန် မှာ ပင်ပန်းမည် ဖြစ်သော်လည်း အမီလိုက်ရမည်။ ရုပ်အားဖြင့် မလိုက်နိုင်တောင် စိတ်ဓာတ်ရေးရာကိုတော့ အမီလိုက်သင့်သည်။
မိဿရာသီဖွားတို့သည် နှေးကွေးသူတို့ကို နောက်ပြန်လှည့်မကြည့်တတ်ချေ။ သူတို့သည် စိတ်ဓာတ်အင်အား ကောင်းလှသဖြင့် အရွယ် အတော်လွန်မှသာ ရင့်ကျက်တတ် လေသည်။ ကိုယ်ရောင်ကိုယ်ဝါ နုပျိုလှသူများပေတည်း။
မိဿရာသီဖွားတို့ရဲ့ ရဲဝံ့ယုံကြည်စွာ လျှောက်လှမ်းမှုမှာ ရံဖန်ရံခါတွင် သူ့ရှေ့သို့ပင် သူ ပြန်ရောက်နေလေ့ရှိ၏။ သို့သော် သူသည် မိမိ၏ ဥစ္စာဓနတို့အား မျက်နှာစိမ်းများ ကိုပင်လျှင် ကားတစ်စီးတိုက်စာမျှ ရက်ရောစွာ ပေးကမ်းတတ်ကြ၏။ သို့သော် လိုအင်ဆန္ဒ ပြည့်ဝမှု နှေးကွေးခြင်း (သို့မဟုတ်) သူ မနေချင်ပါဘဲနှင့် အပျက်သဘောဆောင်သူများ ဝန်းရံနေသည့် အခါမျိုးတွင်မူ သူသည် ဒေါသကြီးစွာ ဆတ်ဆတ်တုန်အောင် သည်းမခံနိုင်မှု(Exasperatingly Intolerant)၊ မစဉ်းစားမဆင်ခြင်နိုင်မှု၊ အတ္တကြီးမှုနှင့် တောင်းဆိုမှုတွေကိုလည်း လုပ်နိုင်ပါသေးသည်။ သို့ရာတွင် သတိလက်လွတ် ချစ်တတ်ကြပါသေးသည်။ ထိုသို့ ချစ်နေစဉ်တွင်မူ သူတို့သာ အချစ်စစ် ဖြစ်သည်ဟု ယူဆလေ၏။ ထိုအချစ်ဇာတ်လမ်း ကွဲကြေသွားလျှင် မူကား အစအနကလေးများကို ရသလောက် ပြန်လည် ဆက်စပ်ကြည့်တတ်ပါသည်။ ပြန်လည် စပ်ဟပ်၍ မရတော့ပြီဆိုလျှင်မူ နောက် အသစ်ကလေးတစ်ဦးနှင့် ယခင် အချစ်ဇာတ် လမ်းအတိုင်းပင် ပြန်စလိမ့်မည် ဖြစ်၏။
မိဿရာသီဖွားတို့သည် အချစ်ကိစ္စနှင့် ပတ်သက်လာ၍ကတော့ တစ်ဝက်တစ်ပျက်ကြီး ထားသွား တတ်သူ မဟုတ်ပါ။ လတ်တလော ဖြစ်နေသည် စိတ်ဆန္ဒအတွင်းသို့ တစ်ကိုယ်လုံး ပုံလိုက်တတ်ကြပါသည်။
အခြားသော နေမင်းတည်ရာလက္ခဏာ ရာသီခွင်ဖွားများသည် မိဿဖွားတို့ လောက် သစ္စာမရှိနိုင်ပါ။
မိဿရာသီဖွားတို့၏ ရိုးသားမှုသည် သင့်အား လှည့်စားမည်မဟုတ်။ ဖောက်ပြန်မှု အသေးအဖွဲကလေးကိုပင် ကျူးလွန်တတ်သူ မဟုတ်။ တကယ်ကို နက်နဲစွာ ချစ်မိပြီဆိုလျှင် လွန်စွာ သစ္စာရှိပါသည်။ ယခင်ကသူနှင့် ဖြစ်ခဲ့သမျှတို့သည် ထိုစိတ် မပေါ်မီကပင် ဖြစ်ပါ၏။
မိဿရာသီဖွား အမျိုးသားတို့သည် စိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ အချစ် မျိုးဘဝမျိုးကို ယုံကြည်တတ်ကြပါသည်။
မိဿရာသီဖွားတို့၏ ဖွားဇာတာတွင် မေထုန်လဂ် (Gemini Ascendant) (သို့မဟုတ်) သောကြာဂြိုဟ် အညံ့ဖြစ်ခြင်း (Venus-Affliction)တို့ မရှိလျှင်မူ သူသည် သင့်အား ရာသက်ပန် ပေါင်းသင်းပါလိမ့်မည်။ သူသည် အသစ်တွေ့မှ အဟောင်းကို ပစ်သူမဟုတ်ချေ။ အခြားသူတို့က လက်ခံသည်တို့ကိုလည်း သူ လက်ခံချင်မှ လက်ခံပါလိမ့်မည်။
မိဿဖွားအမျိုးသားနှင့် ချစ်တမ်းကစားရန်ကိုမူ မလုပ်ပါနှင့်။ မိဿရာသီဖွားတို့သည် ပိုင်စိုးပိုင်နင်း ရှိသလောက် သဝန်လည်း တိုတတ်ကြပါ၏။ သူ့ကိုသာ ယုံရမည်၊ သူက တော့ သင့်ကို ရာနှုန်းပြည့် ယုံကြည်လိမ့်မည်မဟုတ်။ သင့်အား တားမြစ်ထားသည် တို့ကိုလည်း သူက လုပ်ချင်လုပ်လိမ့်မည်။
မိဿရာသီဖွားတို့သည်သူတို့အပေါ် လွှမ်းမိုးခြယ်လှယ်မည်ကို မလိုလားကြပါ။ ကိုယ့်ကို သူများထက် ပိုတော်ပိုတတ်သည်ဟု ထင်လေ့ရှိကြ၏။ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ထိုကိစ္စကိ ရှေ့တန်းတင် လုပ်ပြလိုစိတ်ကြောင့် မကြာခဏ လဲကျသွားတတ်၏။
မိဿရာသီဖွားတို့သည် အစဉ်ဦးဆောင်လိုသည်ဖြစ်ရာ သူ့ထက် တန်ခိုးအရှိန်အဝါ ကြီးမြင့်သူတွေက သူ့ အား သင်ခ စာတွေ ပေးပါလိမ့်မည်။ ထိုအခါမျိုးတွင် သူသည် သူ့အား ကြင်နာယုယသူထံ ပြေးကပ်တတ် လေ၏။
မိဿဖွားအမျိုးသားတို့တွင် စိတ်အားငယ်မှုကလေး ကိန်းအောင်း နေသည်ဟု ယူဆရန် ရှိသော်လည်း အသေသာခံမည်၊ ဝန်ခံကြလိမ့်မည်မဟုတ်။ အထီး ဖြစ်သော်လည်း သိုးကတော့ သိုးပါပဲ။
မိဿရာသီဖွားတို့သည် သူတို့၏ ခင်မင်မှ နိဂုံးချုပ်ပြီဆိုလျှင် ပြတ်သားအေးစက်စွာ လုပ်ဆောင်ပါလိမ့်မည်။ သူ့ဒေါသထက် သူ၏ ပြတ်သားအေးစက်မှုကိုသာ ပိုကြောက်ရမည် ဖြစ်၏။ အချစ်ရေးရော စီးပွားရေးတွေမှာပါ တိုက်ရိုက်ပင် ချဉ်းကပ်တတ်၏။ ဝေ့လည် ကြောင်ပတ်တွေ မလုပ်တတ်ရှာပါ။ သူသည် သူ့ဇနီးသည်အား မိန်းမ ပီသစေချင် သလို ကျားကျားလျားလျားလည်း ဖြစ်စေချင်ပြန်သည်။
မိဿရာသီဖွားတို့သည် သင့်အား အမှီအခိုကင်းကင်း ဘဝမျိုးကို လိုချင်သော်လည်း သူ့နောက်က နည်းနည်းတော့ ခွာနေစေချင်ပြန်၏။ သူ့မိတ်ဆွေများကို သင်က ခင်ခင်မင်မင် ရှိနေစေချင်သော်ငြားလည်း သူကမူ သင့်မိတ်ဆွေတွေကို ခင်ချင်မှ ခင်မည်။
မိဿရာသီဖွားတို့သည် မျှတစွာ သုံးစွဲသူဖြစ်ချင်မှ ဖြစ်မည်။ သူ့ကို မစစ်ဆေးစေလိုပါ။ သူ သည် ငွေကြေးကိစ္စကို အစဉ်ပင် ကြိုးကိုင်ထားလိုပါသည်။ သင် လိုချင်တာတွေကိုလည်း ဝယ်ပေးပါလိမ့်မည်။ သူသည် နည်းနည်းတော့ အတ္တဆန်မည်ဖြစ်သော်လည်း မည်သည့်အခါမျှ ကပ်စေးနှဲမည် မဟုတ်။
မိဿရာသီဖွားတို့သည်ငွေကို ရှာတတ်သော်လည်း စုဆောင်းတတ်သူတစ်ဦး မဟုတ်ပါ။ သို့ရာတွင် တနင်္လာဂြိုဟ် (စန်း)သည် မကာရတွင်သော်လည်းကောင်း၊ ကရကဋ်တွင် သော်လည်းကောင်း လဂ်သည် ချွေတာတတ်သော ဩဇာရှိသည့်လဂ် (An Ascendant Which Dictates Economy)ဖြစ်လျှင်မူ စုငွေကလေးတွေ ရှိနိုင်ပါသည်။
မိဿရာသီဖွားတို့သည် မကြာခဏ အလုပ်ပြောင်းလဲ လုပ်ကိုင်တတ်မည် ဖြစ်သော်လည်းသူ့အလုပ်တွင် သူကိုယ်တိုင် ပိုင်ရှင်ဖြစ်လာသည်အထိ အလုပ်တွေ အမျိုးမျိုး လုပ်နေမည်ဖြစ်သော်လည်း သင့်အား အငတ်ထားလိမ့်မည်တော့ မဟုတ်။ မွေးလာသည့်ကလေးများကို ချစ်ခင်သော ဖခင်တစ်ယောက် ဖြစ်သော်လည်း ကလေးတွေအပေါ် ဩဇာပေးပါလိမ့်မည်။
မိဿရာသီဖွားတို့သည် နွေးထွေးပြီး အံ့ဩစရာ ကောင်းလောက်အောင် ပျော်ရွှင်တတ်သော ဖခင်တစ်ဦး ဖြစ်သော်လည်း ကလေးတို့သည် သူကဲ့သို့ပင်လျှင် လွတ်လပ်စွာနေလို ကြောင်းကိုတော့ သူ့အား သတိပေးရပါမည်။ ကလေးအဖေတစ်ယောက် ဖြစ်ရခြင်း ကို သူ ပျော်ပါလိမ့်မည်။
မိဿရာသီဖွားတို့သည် သူတို့ အတွေးအကြံများကို တန်ဖိုးထားပါ။ သူ လွတ်လပ်စွာ လုပ်လိုမှုကို အား ပေးပါ။ သို့သော် စိတ်လိုက်မာန်ပါ လုပ်တတ်မှုကိုတော့ (ပရိယာယ်ကြွယ်ကြွယ်နှင့်)ထိန်းပေးပါ။
အလျှော့ပေးခြင်းသည် မိဿရာသီဖွားတို့၏ သဘာဝ မဟုတ်ပါ။ သူ့အား တွန်းအားပေးခြင်းကို မကြိုက်ပါ။ ညစဉ် အိမ်လည်နေသော ဇနီးမျိုးကို သူ မကြိုက်ပါ။ သို့သော် အိမ်ထဲတွင်သာ ကုပ်နေပြီး သိုးမွေးထိုး၊ အဝတ်ချုပ်နေသည်ကိုလည်း မကြိုက်ပြန်ပါသင်သည် အလယ်အလတ်ကျကျ နေထိုင်ရန် ရည်ရွယ်ပါ။
ဇွန်လ (၂၁) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို ကရကဋ်ရာသီဖွား (Cancer) များဟု သတ်မှတ်နိုင်သည်။
ကရကဋ်ရာသီဖွားတို့သည် ဓာတ်ကြီး‌လေးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး တနင်္လာနှင့် ကြာသပတေးဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၂) ဂဏန်းနှင့် (၇)ဂဏန်းတို့ စွမ်းအားသက်ရောက်မှုရှိသည်။