text
stringlengths
0
808
ကရကဋ်ရာသီဖွားတွေဟာ စိတ်ဓာတ်ရဲရင့် ပြတ်သားပြီး အရာရာကို စိတ်အားထက်သန်စွာ လေ့လာတတ်ပြီး မျက်နှာအမူအရာ တည်ကြည်ခက်ထန်ပေမဲ့ စိတ်ရင်းစေတနာကောင်းသူတွေ ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်ရတာတွေကိုဝါသနာပါသည့်အပြင် ရဲဝံ့ပြီးပြတ်သားကြသူတွေလည်း ဖြစ်ပါတယ်။
ကရကဋ်ရာသီဖွားတွေဟာ ဘယ်နေရာမဆို တက်ကြွစွာပါဝင်လှုပ်ရှားတတ်ပြီး အပေါင်းအသင်းဝင်ဆန့်ကာ ပျော်ပျော်ပါးပါးနေတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ချစ်ရတဲ့ မိသားစု အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရတာကိုလည်း နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အငြင်းအခုန်ဝါသနာပါသူတွေမို့ ကိုယ်မှန်တယ်ထင်ရင် ပြိုင်ငြင်းလေ့ ရှိကြပါတယ်။
ကရကဋ်ရာသီဖွားတွေဟာ ဆိုးတူကောင်းဖက် သူငယ်ချင်းတွေနဲ့ပတ်သက်ရင် စာနာနားလည်လွယ်ပြီး ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ထိပါးလာရင်လည်း သည်းမခံတတ်ကြပါဘူး။
ကရကဋ်ရာသီဖွားတွေဟာ အခက်အခဲတွေကို ခေါင်းအေးအေးနဲ့ဆုံးဖြတ်တတ်ပေမဲ့ မကောင်းမှန်းသိပေမယ့် ဇွတ်လုပ်တတ်တဲ့ ဉာဉ်လေးတော့ ရှိပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတွေ ဖြစ်ကြပေမဲ့ သူတို့ရဲ့မဟုတ်မခံချင်စိတ်ကြောင့် ဘာသာရေးနဲ့ပတ်သက်ရင် အစွန်းရောက်သူတွေ ဖြစ်ကြပါတယ်။
ကရကဋ်ရာသီဖွားတွေရဲ့ အဓိကအားသာချက်ကတော့ စကားပြောပိုင်နိုင်လွန်းတာကြောင့် လူအများအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းကြီးမားပြီး သူမပါရင်ပွဲမစည်ဘူးလို့ထင်ရလောက်အောင် လူမှုဆက်ဆံရေးမှာ အများသူငှာစံထားရလောက်တဲ့သူတွေ ဖြစ်ပါတယ်။ စကားပြောချိုသာတာကြောင့်လည်း လူချစ်လူခင်ပေါများလှပါတယ်။
ကရကဋ်ရာသီဖွားအများစုဟာ သူတို့နဲ့မသိတဲ့ နယ်ပယ်နဲ့ပတ်ဝန်းကျင်မှာနေရတာကို မနှစ်သက်ကြပါဘူး။ သူတို့ဟာ စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး အရာရာကိုဆုံးဖြတ်တတ်ပြီး နောက်နေ့မှာ နောင်တရတတ်သူတွေလည်းဖြစ်တာကြောင့် ဆုံးဖြတ်ချက်ချတော့မယ်ဆို ‌အချိန်ယူသင့်ပါတယ်။ အစွဲအလမ်းကြီးပြီး ဒေါသဖြစ်လွယ်ကြပါတယ်။ သူတစ်ပါးကိုကူညီတတ်ပြီး အရာရာကို အနည်းငယ် သံသယစိုးရိမ်စိတ်ကြီးတတ်သူတွေလည်း ဖြစ်ပါတယ်။ ကိုယ်ကောင်းရင် အဆုံးစွန်ထိကောင်းတတ်ပြီး မုန်းပြီဆိုရင်လည်း လှည့်မကြည့်ချင်တော့လောက်အောင် စိတ်နာတတ်ကြပါတယ်။
ကရကဋ်ရာသီဖွားတွေဟာ အလှအပကိုမြတ်နိုးပြီး ဝတ်စားဆင်ယင်မှုမှာ ဖက်ရှင်ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အနုပညာမှာပါရမီပါပြီး အသံဩဇာကောင်းသူတွေ ဖြစ်ကြပါတယ်။ ငွေရေးကြေးရေးမှာတော့ စနစ်တကျနဲ့ ထောင့်စိအောင် ချွေတာသုံးစွဲတတ်သူတွေပါ။ သူတို့ဟာ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးပြီး စိတ်ရှုပ်စိတ်ညစ်တဲ့အခါ တောင်တန်းဒေသတွေကို ခရီးသွားရတာကို နှစ်သက်ကြပါတယ်။
ကရကဋ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့စန်းပွင့်တတ်သူတွေပါ။ သူတို့ဟာ ကိုယ်ချစ်တဲ့အကြောင်းကိုဖွင့်မပြောတတ်ဘဲ ရင်ထဲမှာထားတတ်ပြီး အပြင်ပန်းမှာတော့ အေးတိအေးစက်နိုင်ကြပါတယ်။ ချစ်သူအပေါ်မှာတော့ သဝန်တိုလွယ် သံသယစိတ်ဝင်လွယ်တဲ့ အကျင့်လေးကိုတော့ သတိထားသင့်ပါတယ်။ ကရကဋ်ရာသီဖွားတွေနဲ့ လိုက်ဖက်တဲ့ရာသီခွင်တွေကတော့ မကာရရာသီဖွားနဲ့ ပြိသာရာသီဖွားတွေပဲ ဖြစ်ကြပါတယ်
ကရကဋ်ရာသီဖွားတွေဟာ ငါးမွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ သတင်းထောက်လုပ်ငန်းတွေမှာ အကျိုးပေးပါတယ်။ အကျိုးပေးအရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၂၊ ၃၊ ၁၅၊ ၂၀တို့ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်လေးကတော့ Moonstone မြန်မာလို မျောကျောက်ဆိုတဲ့ကျောက်လေးပဲဖြစ်ပါတယ်။
ကရကဋ်ရာသီဖွားများသည် သြဇာအာဏာရှိသူများဖြစ်၏။ မိသားစုနှင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြ၏။ အရည်အချင်း ပြည့်ဝ၏။ စူးစမ်းဆင်ခြင်ဉာဏ်ပြင်းထန်၏။ အသက်ကြီးပိုင်းတွင် ဘာသာတရားကို လွန်စွာ ကိုင်းရှိုင်းသွားတတ်ကြ၏။ ဉာဏ်အလွန်ထက်၏။ တစ်ခါတရံ၌ ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်းပါရမီထူးရှိ၏။
ကရကဋ်ရာသီဖွားများသည် ကိုယ့်ကိုကိုယ်အားကိုး၏။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်၏။ အသံသြဇာကောင်းပြီး အပြောအဆိုကောင်း၏။ အစစ ဦးဆောင်ဖြစ်၏။ အမျိုးဘာသာအကျိုး၊ အများကောင်းကျိုး လိုလား၏။ ဆောင်ရွက်တတ်၏။ သို့သော် ခေါင်းမာ၏။ အာဃာတကြီး၏။နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှ ကြိုက်၏။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။ စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။
ကရကဋ်ရာသီဖွားများသည် ဘဝတွင် အပြောင်းအလဲများစွာကြုံခဲ့၏။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်၏။ စိတ်ထား နူးညံ့သိမ်မွေ့၏။ ပင်ကိုယ်စိတ်ဓါတ် အေးဆေးတည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာ ပြုလုပ်တတ်၏။ အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်၏။ ဆုံးဖြတ်ချက် နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်း မကြာခဏကြုံတတ်၏။ အလွန်အာရုံများ၏။ စပ်စု၏။ အထိမခံ ရွှေပန်ကန်များဖြစ်၏။
ကရကဋ်ရာသီဖွားများသည် ဂီတအနုပညာကိုမြတ်နိုး၏။ သွက်လက်ထက်မြက်၏။ စကားများ၏။ အပျော်အပါးကြိုက်၏။ အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစု အသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြ၏။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကို ကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့် ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့် ဖြစ်သလိုနေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကို ပြင်းပြင်းထန်ထန် အလိုရှိ၏။ အလွန်ကြိုးစား၏။
ကရကဋ်ရာသီဖွားများသည် ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ သက်လတ်ပိုင်းတွင် ကြီးပွားတတ်၏။ လူများအပေါ် သြဇာပေးနိုင်တတ်၏။ အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့် အောင်မြင်မှုထိခိုက်တတ်၏။ ဘဝမျိုးစုံ ကျင်လည်ရ၏။ ဖြစ်ကတတ်ဆန်း နေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်၏။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်၏။ လူမသိ သူမသိဘဲကြိတ်ခံရတတ်၏။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြုံရတတ်၏။
ကရကဋ်ရာသီဖွားများသည် တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျ ကပ်စီးနှဲသလိုဖြစ်နေတတ်သည်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင် ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း နာမည်မသေစေရဟု နှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်တတ်၏။ ကိုယ်သံယောဇဉ်ကြီးသူများအတွက် အလွန်အနစ်နာခံတတ်၏။ သနားတတ်၏။ သစ္စာရှိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံ၏။
အထူးသဖြင့် ကရကဋ်ရာသီဖွားတို့သည် ဘိုးတော် မယ်တော် ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာရှိတတ်၏။ အိပ်မက်ထူးများရှိတတ်၏။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုးစီးပွားပါ ပြည့်စုံလာတတ်လေ၏။
ဒီဇင်ဘာလ (၂၂) ရက်နေ့ မှ ဇန်နဝါရီလ (၁၉) ရက်နေ့အတွင်းမွေးဖွားသူတို့ကို မကာရရာသီဖွား (Capricorn) များဟု သတ်မှတ်နိုင်သည်။
မကာရရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပထဝီဓာတ် (မြေဓာတ်)ကြီးစိုးပြီး (၈)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
မကာရရာသီဖွားများသည် ဘာကိုပဲလုပ်လုပ် တာဝန်သိစိတ်အပြည့်ရှိသူများဖြစ်သည်။ စီမံခန့်ခွဲမှုအားကောင်းသူများဖြစ်ကြပြီး မိမိလုပ်ချင်သည့်အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်ကိုင်တတ်ကြသည်။
မကာရရာသီဖွားများသည် တစ်ခုခုလုပ်တော့မယ်ဆို အရာရာကို ကြိုတင်ပြင်ဆင်ပြီး လေ့လာထားတတ်ကြပါတယ်။
မကာရရာသီဖွားအများစုသည် လက်မှုပညာ အလုပ်အကိုင်များတွင် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဝါသနာပါကြသည်။
မကာရရာသီဖွားများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပေါင်းသင်းဆက်ဆံရေးတွင် ဖော်ရွေ ရိုင်းပင်းသူများဖြစ်ကြသည်။
မကာရရာသီဖွားများသည် မိတ်ဆွေသူငယ်ချင်းများအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်သော်လည်း အခြားသူတွေအပေါ်‌မှာတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ ဝန်လေးတတ်သူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားများသည် အပေါင်းအသင်းများများစားစားမရှိဘဲ ခင်မင်ရင်းနှီးသူနည်းသူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားတွေဟာ ကိုယ်တိုင်ဖရိုဖရဲနေတတ်သော်လည်း သန့်ရှင်းမှုကို ကြိုက်နှစ်သက်ကြပါတယ်။ စိတ်အပြောင်းအလဲမြန်ပြီး အတွေးအခေါ်နက်နဲစွာ တွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားများသည် လွတ်လပ်မှုကို နှစ်သက်ပြီး ခေါင်းမာပြီး လက်တွေ့ကျကျ နေထိုင်တတ်ကြပါတယ်။ လောဘနည်းသူတွေဖြစ်ကြပြီး သွားလာလှုပ်ရှားရုန်းကန်ရတာကိုပဲ ကျေနပ်နေသူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားအများစုသည် မိမိရဲ့ စိတ်ခံစားချက်ကို ဦးစားပေးတတ်လွန်းတာကြောင့် တစ်ခါတစ်ရံ လူ့ဂွစာလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမဲ့ မိမိကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်သူတွေဖြစ်ပြီး မှားမှန်းသိရင်တော့ ချက်ချင်းအမှန်‌ပြင်ဖို့ ဝန်မလေးတတ်သူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားတွေဟာ လက်တွေ့ဘဝတွင် သူတစ်ပါးအတွက်ဖြစ်စေ မိသားစုအတွက်ဖြစ်စေ ဘဝကို ရင်းနှီးမြှုပ်နှံကာ အနစ်နာခံတတ်သူတွေဖြစ်ကြပါတယ်။ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ကံကံ၏အကျိုးကိုယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။
မကာရရာသီဖွားများသည် အလှူအတန်းရက်ရောပြီး စိတ်ထားကောင်းသူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ ကလေးတစ်ယောက်လို တစ်ကိုယ်ကောင်းဆန်တတ်ပြီး စိတ်ကူးလည်းယဉ်တတ်သလို အငြင်းသန်တတ်ကြပါတယ်။ အရာရာကို မျက်မြင်ကိုယ်တွေ့မှ ယုံကြည်တတ်တဲ့ ရာသီဖွားတွေလည်းဖြစ်ပါတယ်။
မကာရရာသီဖွားတွေဟာ စက်မှုလုပ်ငန်း၊ အနုပညာလုပ်ငန်း၊ အလှဖန်တီးရှင်များ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆရာဝန်အလုပ်တွေမှာ အကျိုးပေးကြပါတယ်။ အချစ်ရေး အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်ကောင်းနဲ့တွေ့ရတတ်ပြီး အချစ်ကြီးသလောက် အမုန်းလည်းကြီးတတ်သူတွေ ဖြစ်ကြပါတယ်။
ဗြိစ္ဆာရာသီဖွားတွေနဲ့ ကရကဋ်ရာသီဖွားတွေက မကာရရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေ ဖြစ်ပါတယ်။
မကာရရာသီဖွားများအတွက် အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၈၊ ၁၃၊ ၂၂ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ အနက်ရောင်နဲ့ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ပတ္တမြား (Ruby) ကျောက်လေးပဲ ဖြစ်ပါတယ်။
မေလ ၂၁ရက်မှ ဇွန် ၂၀ရက်အတွင်း မွေးဖွားသူများကို မေထုန်ရာသီဖွား (Gemini) များလို့ သတ်မှတ်နိုင်ပါတယ်။
မေထုန်ရာသီဖွားတွေဟာ (၃)ဂဏန်းစွမ်းအားသက်ရောက်မှုရှိပြီး ဗုဒ္ဓဟူးဂြိုလ် (ဝါယော)လေဓာတ်ကြီးစိုးသော ရာသီခွင်ဖြစ်သည်။
မေထုန်ရာသီဖွားတွေဟာ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး ဉာဏ်ရည်ထက်မြတ်သူတွေလည်း ဖြစ်ကြပါတယ်။ ရိုးသားပွင့်လင်းပြီး သူတစ်ပါးအပေါ်ကြင်နာတတ်သူတွေလည်း ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ စိတ်နှစ်ခွဖြစ်တတ်ပြီး ဝါသနာပါရာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်ကြပါတယ်။ သူတို့ရဲ့အကြိုက်ကိုတော့ ကြိုတင်ခန့်မှန်းရခက်ပြီး အပြောင်းအလဲမြန်သူတွေလည်း ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေမှာ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေများပြီး အရာရာကို စူးစမ်းလိုစိတ်များကြပြီး အယုံမလွယ်တတ်သူတွေလည်း ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး မျက်နှာသွင်ပြင်ကလည်း စွဲမက်ဖွယ် သွင်ပြင်ရှိကြပါတယ်။ သူတို့အားစိတ်ဓာတ် ကြံခိုင်ပြီး သစ္စာရှိသူတွေ ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာအခြားသူတွေအပေါ် အစအနောက်သန်ပြီး ဟာသဉာဏ်ရွှင်သူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ မေထုန်ရာသီဖွားတွေဟာ ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ ခရီးထွက်ရတာဝါသနာပါပြီး စာဖတ်ရတာနဲ့ ဂီတာသံစဉ်တွေကို နှစ်ခြိုက်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ သင်ယူရတာကို နှစ်သက်ပြီး လုပ်ငန်းခွင်နယ်ပယ်မှာလည်း ကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ သမာရိုးကျလုပ်ရိုးလုပ်ဟန်တွေထက် ကိုယ်ပိုင်ဟန်နဲ့ လုပ်ကိုင်တွေးခေါ်ကြံဆရတာတွေကို သဘောကျကြပါတယ်။
မေထုန်ရာသီဖွားတွေဟာ အရာရာမှာ စိတ်မြန်လက်မြန်ရှိကြပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာတော့ တွေဝေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဒီဇိုင်နာ၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ သရုပ်ဆောင်မင်းသားမင်းသမီးအဖြစ်ကျော်ကြားတဲ့ အနုပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေ အကျိုးပေးပါတယ်။
မေထုန်ရာသီဖွားတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင်တော့ အလွန်စန်းပွင့်တတ်ပြီး ရည်းစားလည်း များတတ်ပါတယ်။ ချစ်သူအပေါ်မှာ နွဲ့ဆိုးဆိုးတတ်ပြီး အချော့ကြိုက်ကြတဲ့သူတွေပါ။
မေထုန်ရာသီဖွားတွေဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်နှစ်သက်ပြီး ချုပ်ချယ်မှုကိုတော့ မကြိုက်ကြပါဘူး။ အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ကုံရာသီနဲ့ ဓနုရာသီဖွားတွေ ဖြစ်ကြပါတယ်။ အကျိုးပေးတဲ့အရောင်တွေကတော့ အစမ်းရောင်နဲ့ အဝါရောင်တွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၅၊ ၇၊ ၁၄၊ ၂၃ တို့ဖြစ်ပါတယ်။
မေထုန်ရာသီဖွားတွေအတွက် တစ်သက်တာအတွက် ဆောင်ထားသင့်တဲ့ ကံကောင်းစေတဲ့ အဆောင်ကျောက်ကတော့ Agate ဆိုတဲ့ ဌာပနာကျောက်ပဲ ဖြစ်ပါတယ်။
မေထုန်ရာသီဖွားတွေဟာ နူးညံ့သိမ်မွေ့ ၊ သိလိုစိတ်ပြင်းပြ(စပ်စု)၊ ကြင်နာတတ်၊ လိုက်လျောညီထွေစွာနေတတ်၊ သင်လွယ်တတ်လွယ်။ စိတ်ကတော့နူးနူးညံ့ညံ့လေးရှိနေတယ်၊ တစ်ခုခုဆိုသင်ယူလေ့လာတာ တတ်လွယ်တယ်မြန်တယ်၊ ကိုယ့် အကြံအဉာဏ်ကို သူများကိုပြောပြတတ်တယ်၊ ထောက်ပြတတ်တယ်၊ ဆရာကြီးလုပ်တတ်တယ်၊ ပြီးတော့ အရမ်းစပ်စုတတ်တယ်၊ တစ်ခုခုဆို အရမ်းသိချင်တယ်၊ အရမ်းစုံစမ်းရေးလုပ်တတ်တဲ့အကျင့်တွေရှိပါတယ်၊ လိုက်လျောညီထွေနေတတ်တယ်။
မေထုန်ရာသီဖွားတွေဟာ တခုခုဆို စိတ်လှုပ်ရှာပြီးကြောက်တတ်၊ တွေဝေပြီး စိတ်မပိုင်းဖြတ်နိုင်ကြ။ အရမ်းကြောက်တတ်တယ်၊ တစ်ခုခုဆို လန့်တတ်တယ်၊ သူများတွေထက်ကိုပိုကြောက်တတ်တယ်၊ တစ်ခုခုဆို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချတတ်ဘူး၊ ပစ္စည်းတစ်ခုဝယ်မယ်ဆိုလည်းဘာဝယ်ရမှန်းမသိဘူး။ ဆုံးဖြတ်ချက်မြန်မြန်လည်း မချတတ်ဘူး။
မေထုန်ရာသီဖွားများသည် ဘာမဆိုစိတ်ဝင်စားတတ်၏။ မိတ်ဖွဲ့ကောင်း၏။ အပေါင်းအသင်းအလွန်မက်၏။ အပေါင်းအဖော်နှင့် နေရမှပျော်တတ်၏။စိတ်ထိခိုက်လွယ်၏။ အငမ်းမရဖြစ်တတ်၏။ တဇွတ်ထိုးလုပ်တတ်၏။ စိတ်နှစ်ခွရှိ၏။ ဘယ်ကိစ္စမဆို စိတ်ဒွိဟနှင့် ဆုံးဖြတ်ရခက်နေတတ်၏။ သို့သော် အသိဉာဏ်ထက်မြက်ကြ၏။ ယောက်ျားပီသသော စိတ်ဓါတ်ရှိ၏။
မေထုန်ရာသီဖွားများ အမျိုးသမီးများမှာလည်း ထက်မြက်ကြ၏။ ယောက်ျားဆန်၏။ မလိမ်တတ် မညာတတ်။ ဘယ်အခက်အခဲမျိုးကိုမှ နောက်မဆုတ်တတ်။ လွတ်လပ်မှုကိုမြတ်နိုး၏။ စည်းကမ်း၊ ဘောင်တို့ကို လုံးဝမကြိုက်၊ အထူးလွတ်လပ်လို၏။ ငွေကိုပြင်းထန်စွာရှာတတ်၏။ လောင်းကစားဘက် ရောက်သွားတတ်၏။ သူဋ္ဌေးဖြစ် ခွေးဖြစ်ကြံတတ်၏။ သုံးစရာရှိက သုံးပစ်တတ်၏။ ကုန်သွားကလည်း မနှမြောတတ်။ ရွှေတစ်နေ့ ငွေတစ်နေ့ ဖြစ်၏။
မေထုန်ရာသီဖွားတို့သည် လောဘကြီးတတ်၏။ အတွေးအခေါ်ဉာဏ်ထက်သလောက် အစွန်းရောက်တတ်၏။ အပြုသမားဖြစ်လျှင်လည်း သူများထက်ပို၍ ထူးခြားစွာအများကောင်းကျိုး ဆောင်ရွက်တတ်၏။ အပြုသမားမဖြစ်က အဖျက်သမားကြီးဖြစ်တတ်၏။ လောင်းကစားမှုကို အထုံဝါသနာ အစွဲကြီးစွာ ပါလာတတ်ပြီး တစ်ချီကောင်းပွပေါက်ကြံတတ်၏။ သစ်လွင်တောက်ပမှု၊ သန့်ရှင်းသန့်ရပ်မှုကို နှစ်သက်၏။ သူတစ်ပါးအပေါ် အယုံအကြည်နည်းပါး၏။
မေထုန်ရာသီဖွားတို့သည် အမြဲတမ်း စရိုက်နှစ်မျိုးဖြစ်နေတတ်၏။ ဘာသာရေးတွင် ပါရမီထူးတတ်ပြီး အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်နိုင်စွမ်းသော ပါရမီထူးရှိ၏။ စိတ်မြန်၊ ကိုယ်မြန်ရှိ၏။ သူတစ်ပါးမတွေးသောရှုထောင့်မှ ထူးခြားထက်မြက်စွာ တွေးတတ်ပြီး ချက်ချင်းထလုပ်တတ်၏။ အပေါ်ယံသိမ်မွေ့သလောက် အတွင်းစိတ်မာကြောခိုင်ခန့်၏။ မဟုတ်မခံမာနကြီး၏။ သူတစ်ပါးတို့အတွက် ပြဿနာ၊ အခက်အခဲများရင်ဆိုင်ရခြင်းမျိုး မကြာခဏ ကြုံတတ်၏။ စိတ်မြန်ကိုယ်မြန်လုပ်ခြင်းကို အမြဲရှောင်ပါ။
မေထုန်ရာသီဖွားတို့သည် အဖော်အပေါင်းကို နှစ်သက်သော်ငြား သူတစ်ပါးတို့အပေါ်တွင် သံသယစိတ်၊ မယုံကြည်သောစိတ်ကြောင့် တစ်ကိုယ်တည်း အထီးကျန်စွာနေတတ်၏။ အလုပ်တစ်ခု မပြီးစီးမီ နောက်ထပ်တစ်ခုကို ရွေးချယ်ရန် ပေါ်လာတတ်၏။ သူတစ်ပါးအပေါ် အလွယ်တကူ မယုံတတ်သော်လည်း ယုံမိပြီဆိုက ထိုသူပြောသမျှ အမှားကိုပင် အမှန်ထင်ကာ ယုံတတ်၏။ ကိစ္စတစ်ခုဖြစ်လာက အနီးကပ်လူပြောသမျှ ယုံမိတတ်၏။ဘဝတွင် ကိုယ်ကျိုးသက်သက်မကြည့်၊ စိတ်လိုက်မာန်ပါ ထင်ရာစိုင်းတတ်ခြင်း၊ အများအတွက် ဆောင်ရွက်နိုင်ခြင်းတို့သည် မေထုန်ရာသီဖွားတို့၏ သဘာဝများသာဖြစ်၏။
ဇွန်လိုင်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်းမွေးဖွားသူတို့ကို သိဟ်ရာသီဖွား (Leo) များဟု သတ်မှတ်နိုင်သည်။
သိဟ်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော တေဇောဓာတ် (မီးဓာတ်)ကြီးစိုးပြီး တနင်္ဂနွေဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၁) ဂဏန်းစွမ်းအား သက်ရောက်မှုရှိသည်။
သိဟ်ရာသီဖွားတွေဟာ ဩဇာအာဏာရှိသူများဖြစ်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတွေ ဖြစ်ကြပါတယ်။ ဉာဏ်ရည်ထက်မြတ်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေတတ်သူတွေ ဖြစ်ကြပါတယ်။ လူကြီးလူကောင်းဆန်ပြီး အနေအထိုင်အေးဆေးကြပါတယ်။ နွေးထွေးကြင်နာတတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ သနားကြင်နာစိတ်ရှိပြီး ပေးကမ်းစွန့်ကြဲလိုစိတ်ရှိကြသူတွေလည်း ဖြစ်ကြပါတယ်။
သိဟ်ရာသီဖွားတွေဟာ ခေါင်းဆောင်ကောင်းအရည်အချင်းနဲ့ပြည့်ဝပြီး အများရဲ့ လေးစားအားကျခြင်းကို ခံရသူတွေလည်း ဖြစ်ကြပါတယ်။ မှန်ကန်တဲ့လမ်းကိုလျှောက်ပြီး စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက်အဖြစ် ဦးဆောင်လမ်းပြပေးနိုင်သူတွေဖြစ်အောင် အမြဲကြိုးစားနေတဲ့ ရာသီခွင်လည်း ဖြစ်ပါတယ်။ ပင်ကိုယ်ပါရမီထူးသူတွေဖြစ်တာကြောင့်လည်း အလုပ်လုပ်ကိုင်တဲ့နေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တိကျသေချာစွာလုပ်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။
သိဟ်ရာသီဖွားတွေဟာ အပေါ်ယံထင်မြင်သုံးသပ်ချက်တွေကို မနှစ်သက်ပါဘူး။ တိကျခိုင်လုံတဲ့အယူအဆတွေကိုသာ လက်ခံကြတဲ့သူတွေဖြစ်ပြီး အသေးအဖွဲ့ကိစ္စရပ်တွေကိုဆို လှည့်မကြည့်တတ်ကြပါဘူး။
သိဟ်ရာသီဖွားတွေဟာ ဒေါသ၊ မာန်မာနကြီးပြီး ခေါင်းမာတတ်ကြပါတယ်။ မျက်နှာအမူအရာ ဟန်မဆောင်တတ်ဘဲ စိတ်အလိုမကျရင် မျက်နှာတွင် သိသိသာသာပေါ်လာတတ်ပါတယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတတ်ပေမယ့် စိတ်ရှုပ်လွယ်တတ်ပါတယ်။ အရာရာကို မျိုသိပ်တတ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကိုတောင် ဖွင့်မပြောတတ်ကြပါဘူး။ ပင်ပန်းသောကတွေကို အခြားသူတွေကိုမပေးတတ်ဘဲ ကိုယ်တိုင် နေ့ရက်တိုင်းကို အပူပင်ကင်းကင်းနဲ့ပဲ ဖြတ်သန်းချင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ လက်ရှိသူတို့ဘဝရဲ့ဖြစ်တည်မှုကိုသာ အကြိုက်အနှစ်သက်ဆုံးဖြစ်ပြီး အကောင်းဆုံးလို့ခံယူတတ်သူတွေလည်း ဖြစ်ကြပါတယ်။
သိဟ်ရာသီဖွားတွေဟာ အရာရာကို သတိနဲ့ယှဉ်ပြီး ပြုမူလုပ်ဆောင်တတ်ကြပြီး ပတ်ဝန်းကျင်ကို အမြဲမပြတ် လေ့လာတတ်သူတွေလည်း ဖြစ်ကြပါတယ်။ အများအကျိုးကို သယ်ပိုးရွက်ဆောင်ရတာတွေမှာလည်း ဝါသနာပါတဲ့ ရာသီခွင်ဖြစ်ပါတယ်။
သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာတော့ သူတို့ဆိုးသမျှ အနွံတာခံပြီး သည်းခံတဲ့သူမျိုးကိုသာ ချစ်သူအဖြစ်ရွေးတတ်ကြပါတယ်။ အချစ်ကြီးသလို အမျက်လည်းကြီးတတ်ပြီး ကိစ္စအသေးအဖွဲ့လေးကအစ ချစ်သူအပေါ် အရမ်းဂရုစိုက်တတ်လွန်းတာကြောင့် နားလည်မှုလွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ လက်ရှိချစ်သူကိုသာ တစ်ဘဝလုံးလက်တွဲသွားချင်ကြတဲ့ရာသီဖွားတွေလည်း ဖြစ်ကြပါတယ်။ အကျိုးပေးပြီး လိုက်ဖက်တဲ့ ရာသီခွင်တွေကတော့ ကုမ်ရာသီနဲ့ မေထုန်ရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။
သိဟ်ရာသီဖွားတွေဟာ ကျောင်းဆရာ၊ စာရေးဆရာ၊ စစ်ဘက်၊ ငါးမွေးမြူရေးနဲ့ ဆရာဝန်စတဲ့ အလုပ်အကိုင်တွေအကျိုးပေးပြီး ရွှေရောင်၊ အဝါရောင်နဲ့၊ လိမ္မော်ရောင်တွေက သိဟ်ရာသီဖွားတွေအတွက် အထူးအကျိုးပေးတဲ့အရောင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၉၊ ၁၀၊ ၁၃ စတဲ့ ဂဏန်းတွေဖြစ်ပြီး တစ်သက်တာအတွက် ကံကောင်းစေတဲ့အဆောင်ကျောက်ကတော့ ဖရဲအူကျောက်လို့ခေါ်တဲ့ (Tourmaline)ပဲ ဖြစ်ပါတယ်။
သိဟ်ရာသီဖွားတွေဟာ နက္ခတ်ရာသီ(၁၂)ပါးအနက် ပဉ္စမမြောက် ရာသီခွင်ဖြစ်သည်။ ကောင်းကင်မှ ကြယ်များ၏ပုံသဏ္ဍာန်သည် ခြင်္သေ့တစ်ကောင်၏ပုံ ပေါ်ထွန်းနေသော ရာသီဖြစ်သည်။
သိဟ်ရာသီဖွားတွေကို တနင်္ဂနွေဂြိုလ်မှ စိုးမိုးထားသည်။ ဓါတ်သဘာဝအရ တေဇောဓါတ် (မီးဓါတ်) ကြီးစိုးသည်။ သိဟ်ရာသီဖွားများသည် ဂုဏ်ကျက်သရေရှိသူများ ဖြစ်၏။ အစစအရာရာ ခေါင်းဆောင်လိုစိတ်ရှိ၏။ အစစ စွန့်ဦးတီထွင်ကြံဆနိုင်သော အစွမ်းသတ္တိနှင့် ပြည့်စုံ၏။ စိတ်အားထက်သန်သူများ ဖြစ်ကြ၏။ မိမိကိုယ်ကို အလွန် အထင်ကြီးတတ်ကြ၏။ မည်သည့်ကိစ္စမဆို လိုသည်ထက်ပို၍ ပြောလို၊ လုပ်လို၊ သုံးစွဲလိုတတ်ကြ၏။ ပညာရှိ သုခမိန်ဖြစ်တတ်၏။ ရဲရင့်ထက်မြက်၏။ ရဲရင့်တည်ကြည်၏။ ယောက်ျားပီသ၏။
သိဟ်ရာသီဖွား အမျိုးသမီးများသည်လည်း ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ သစ္စာရှိတတ်ကြ၏။ ကတိသစ္စာကို အလွန်တန်ဖိုးထားတတ်ကြ၏။ ထက်မြက်ရုံသာမက စိတ်ဓါတ်ပြင်းထန်သူများဖြစ်၏။သူတစ်ပါးက မိမိအား မြောက်စားခြင်း၊ နေရာပေးခြင်း၊ ဆရာတင်ခြင်း၊ ဦးစားပေးခြင်း ဖြစ်လာက အချိန်ကုန် ငွေကုန်ခံ၍ ကိုယ်ကျိုးစွန့်၍ အားပါးတရ လုပ်တတ်၏။ အမုန်းခံစရာရှိက အမုန်းခံ၍ အားကြိုးမာန်တက် ဆောင်ရွက်ပေးတတ်၏။ ကိုယ့်ကို မြှောက်ပင့်မှန်းသိသိနှင့်ပင် သာယာနေတတ်၏။ ဟန်နှင့် ပန်နှင့် နေတတ်၏။အသေးအဖွဲကိစ္စများကို ငွေမည်မျှရပါစေ စိတ်မဝင်စား။ စမတ်ကျကျနှင့် လူအထင်ကြီးမည့်ကိစ္စများကိုဆိုလျှင် ငွေရနည်းသည်ဖြစ်စေ လုပ်ကိုင်လို၏။
သိဟ်ရာသီဖွားတို့၏ အားနည်းချက်မှာ ဘာပဲလုပ်လုပ် မလိုအပ်ဘဲ အကျယ်ချဲ့ခြင်း၊ အချိန်ဆွဲခြင်း၊ ဇီဇာကြောင်ခြင်း၊ သူတစ်ပါးအကြံလက်မခံခြင်း၊ သူတစ်ပါးစကားနားထောင် အကြံယူက အောက်ကျသည်၊ သိက္ခာကျသည်ဟု မာနတင်းကာ အကြံကောင်းများ လက်လွတ်ခံခြင်းတို့ပင်ဖြစ်၏။ သို့သော် သိဟ်ရာသီဖွားတို့သည် အမြင်ထူးခြား၏။ ဘယ်တော့မှ နောက်မတွန့်တတ်။ လူဖြောင့်စိတ်တိုများဖြစ်၏။ စိတ်မြန်သည်။ အားမနာတတ်။ မခံချင်စိတ်ကြီးမားသဖြင့် ခက်ထန်သည်။ မှန်သည်ထင်က မည်သူ့ကိုမှ သည်းမခံတတ်။
သိဟ်ရာသီဖွားတွေဟာ ရာသက်ပန် တစ်ခုတည်းသောဝါဒကို စွဲကိုင်ထားတတ်၏။ လူတွင်ကျယ်လုပ်လို၏။ လူရိုသေအောင်လည်း နေတတ်၏။ ထို့အပြင် သူများတကာနှင့် အမြင်မတူတတ်။ ကိုယ်ကိုင်စွဲသော ဝါဒအတိုင်း ခံယူလျှောက်လှမ်းတတ်၏။ ငြင်းခုံစရာရှိက အခိုင်အခန့်ငြင်းခုံ၏။ ဆန့်ကျင်စရာရှိက ရဲရဲဆန့်ကျင်၏။ ဥပဒေကိုဖြစ်စေ၊ စည်းကမ်းဘောင်များကိုဖြစ်စေ၊ အသစ်ပြုပြင် ပြောင်းလဲပစ်လိုသူများဖြစ်ကြ၏။ အခွင့်အရေးကိုလည်း မရရအောင် ယူတတ်ကြ၏။ မှန်သည်ထင်က ပြောရဲ၊ လုပ်ရဲသောသတ္တိရှိ၏။ သို့သော် သူတစ်ပါးကို ရန်လိုသောစိတ်မရှိ။
သိဟ်ရာသီဖွားတွေဟာ ကိုယ့်အပေါ် လျှို့ဝှက်ရန်သူများ ရှိနေတတ်ကြ၏။စီးပွားရေးဘက်တွင် အားနည်းတတ်ကြ၏။ စိတ်ထိခိုက်လွယ်၏။ တစ်ယောက်တည်းကြိတ်ပြီးမွန်းကြပ်နေအောင် ခံစားရခြင်းမျိုး မကြာခဏကြုံရတတ်၏။ သူတစ်ပါးကို အားပေးစကား မပြောတတ်သလို ကိုယ်တိုင်ခံစားစရာရှိက ဖြေမဆည်နိုင်အောင် ခံစားချက်ကြီးတတ်၏။ ဘဝတွင် ကျွမ်းကျင်မှုတွေများပြီး ရွေးချယ်ရခက်နေသော အနေအထားတို့များစွာ ကြုံတတ်၏။ ဂမ္ဘီရပါရမီ ရင့်သန်၏။
သိဟ်ရာသီဖွားတွေဟာ စည်းကမ်းဘောင်အတွင်း နေမှကောင်း၏။ တစ်ခုခုစည်းဖောက်မိက သူတစ်ပါးထက် အထိနာတတ်၏။ ဥပမာ- ဥပဒေနှင့်မကင်းသော အလုပ်တို့ လုပ်မိက သူများထက်ပိုထိတတ်၏။ တွန်းတိုက်ပြီး ကြိုးစားရချိန်တွင် အားမာန်အပြည့်ရှိသလောက် အောင်မြင်သွားချိန်တွင် စိတ်ပျံ့လွင့်ပြီး အပျော်အပါးဘက် လိုက်သွားတတ်၏။ ဘဝသက်တာတွင် ငွေကိုအားတိုက် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ကြိုးစားပြီးရှာရတတ်၏။
သိဟ်ရာသီဖွားတွေဟာ စိတ်သဘောထားကောင်းမွန်ခြင်း၊ အကင်းပါးခြင်း၊ လိမ္မာပါးနပ်စွာ ပြောဆိုပြုလုပ်တတ်ခြင်း၊ စာပေဗဟုသုတ အသိဉာဏ်နှင့်ပြည့်စုံခြင်းတို့ကြောင့် ဘဝတွင် လူတစ်လုံး သူတစ်လုံးဖြစ်အောင်ကြီးမြင့်တတ်ကြ၏။
စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၂၂) ရက်နေ့အတွင်း မွေးဖွားသူတို့ကို တူရာသီဖွား (Libra) များဟု သတ်မှတ်နိုင်သည်။
တူရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ် (လေဓာတ်)ကြီးစိုးပြီး သောကြာဂြိုလ်မှ ပိုင်စိုးသော ရာသီခွင်ဖြစ်သည်။ (၆)ဂဏန်း စွမ်းအားသက်ရောက်မှုရှိသည်။
တူရာသီဖွားတွေဟာ စိတ်ခံစားမှုကို အထူးဦးစားပေးပြီး အများနဲ့ပူးပေါင်းဆောင်ရွက်လိုစိတ်ပြင်းပြတဲ့ ရာသီဖွားတွေ ဖြစ်ကြပါတယ်။
တူရာသီဖွားတွေဟာ စကားပြောဆိုရာမှာလည်း စကားကြွယ်ပြီး လိမ္မာပါးနပ်မှုရှိတာကြောင့် လူအများနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ လူချစ်လူခင်ပေါများကြပါတယ်။
တူရာသီဖွားတွေဟာ မျှမျှတတတွေးခေါ်တက်ပြီး တရားသောနည်းဖြင့် ဆုံးဖြတ်တတ်တဲ့ ရာသီခွင်တွေလည်း ဖြစ်ပါတယ်။
တူရာသီဖွားတွေဟာ အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်မှုရှိပြီး ထူးချွန်တဲ့ ခေါင်းဆောင်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ဦးဆောင်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။
တူရာသီဖွားတွေဟာ ဘယ်တော့မှ တစ်ယောက်တည်းမနေတတ်ဘဲ သူငယ်ချင်းအပေါင်းအသင်းတွေကို ခင်တွယ်သူတွေလည်း ဖြစ်ကြပါတယ်။ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဒုတိယမိသားစုလို့ သတ်မှတ်တဲ့အထိ အပေါင်းအသင်းခင်သူတွေပါ။ ဒါပေမဲ့ သူတို့ဟာ လူစုလူဝေး လူရှုပ်တဲ့နေရာတွေကိုတော့ ရှောင်တတ်ကြပါတယ်။
တူရာသီဖွားတွေဟာ ကိစ္စတစ်ခု လုပ်တော့မယ်ဆို အမြဲ ဒွိဟဖြစ်တတ်ပြီး လုပ်သင့်လား မလုပ်သင့်ဘူးလား အမြဲတွေဝေသူတွေပါ။
တူရာသီဖွားတွေဟာ စာဖတ်ဝါသနာပါပြီး နူးညံတဲ့စိတ်ခံစားချက်ရှိသူတွေပါ။ အလှအပကိုလည်း ခံစားတတ်ပြီး အနုပညာအမြင်ရှိသူတွေပါ။
တူရာသီဖွားတွေဟာ ဘဝကို တည်ငြိမ်အေးချမ်းစွာနဲ့ အောင်မြင်မှုရရှိရန် ကြိုးစားကြံစည်တတ်ကြသူတွေ ဖြစ်ပါတယ်။
တူရာသီဖွားတွေဟာ မျှော်လင့်ချက်ရည်မှန်းချက်ကြီးမားစွာနဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်တတ်ကြသူတွေလည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ အတွေးလွန်ပြီး လေထဲအိမ်ဆောက်သလိုဖြစ်တတ်တာမျိုးကိုတော့ သတိပြုဖို့လိုပါတယ်။
တူရာသီဖွားတွေဟာ ကံ ကံ၏အကျိုး စေတနာကောင်းခြင်းရဲ့ အကျိုးတွေကို ယုံကြည်ကြပြီး တူသောအကျိုးပေးခြင်းကို လက်ခံကြသူတွေဖြစ်တာကြောင့် အခြားသူများအပေါ် အမြဲအကောင်းဆုံးလုပ်ဆောင်ပေးတတ်ကြပါတယ်။
တူရာသီဖွားတွေဟာ လုပ်ငန်းခွင်မှာ အများကို နေရာပေးတတ်ခြင်း၊ မှန်ကန်ခြင်း၊ တိကျခြင်း၊ ကြိုတင်ခန့်မှန်းမှုကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်ရာမှာလည်း အောင်မြင်ကြပါတယ်။
တူရာသီဖွားတွေအတွက် အခြားအကျိုးပေးတဲ့လုပ်ငန်းတွေကတော့ တရားရေးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာစတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေကြေးအသုံးကြမ်းပြီး အပျော်အပါး၊ လောင်းကစားမှာ ဝါသနာပါတတ်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါတယ်။
တူရာသီဖွားတွေဟာ အချစ်ရေးမှာတော့ မေတ္တာစိတ်ကြီးမားပြီး ခံစားချက်ပြင်းထန်သူတွေဖြစ်ကြပါတယ်။ အေးတိအေးစက်နေတတ်ပြီးချစ်သူကို အမြဲအားမလိုအားမရနဲ့ သံသယစိတ်များသူတွေ ဖြစ်ကြပါတယ်။
တူရာသီဖွားတွေအတွက် အကျိုးပေးတဲ့ရာသီခွင်တွေကတော့ ဓနုရာသီဖွားတွေနဲ့ မိဿရာသီဖွားတွေ ဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၄၊ ၆၊ ၁၃၊ ၁၅၊ ၂၄ ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ ပန်းရောင်နဲ့ အစိမ်းရောင်ပဲဖြစ်ပါတယ်။
တူရာသီဖွားတွေအတွက်တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်မျက်လေးကတော့ ဒုက်ထာကျောက်ဆိုတဲ့ (Lapis Lazuli) ကျောက်လေးပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့အတွင်း မွေးဖွားသူတို့ကို မိန်ရာသီဖွား (Pisces) များဟု သတ်မှတ်နိုင်သည်။
မိန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး (၃)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။
မိန်ရာသီဖွားတွေဟာ မေတ္တာ ဂရုဏာကြီးမားတဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိသူတွေ ဖြစ်ကြပါတယ်။
မိန်ရာသီဖွားတို့သည် အနုပညာရသကို ခံစားဖန်တီးနိုင်စွမ်းရှိပြီး ဂီတကို စီး‌မြောခံစားနိုင်စွမ်းရှိခြင်းနဲ့အတူ တူရိယာတစ်ခုခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူတွေလည်း ဖြစ်ပါတယ်။
မိန်ရာသီဖွားတို့သည် ဉာဏ်အမြှော်အမြင်နဲ့ ပြည့်စုံတဲ့အပြင် ကိစ္စတစ်ခုခုကို ကြိုတင်ခန့်မှန်းရာမှာလည်း ကျွမ်းကျင်ကြပါတယ်။
မိန်ရာသီဖွားတွေဟာ အရှက်အကြောက်လည်း ကြီးတတ်ကြတဲ့အပြင် လူတိုင်းကို အယုံလွယ်လွန်းတာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့ တွေ့ကြုံရတတ်ပါတယ်။
မိန်ရာသီဖွားတွေဟာ စိတ်ထားနူးညံ့ပြီး စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေလည်း ဖြစ်ကြပါတယ်။
မိန်ရာသီဖွားတို့သည် စိတ်ဓာတ်ကျလွယ်၊ တက်လွယ်တဲ့အပြင် အတွေးလွန်တက်တာကြောင့်လည်း ဝမ်းနည်းအထီးကျန်စိတ်ကို ဖြစ်စေတတ်ပါတယ်။
မိန်ရာသီဖွားတွေဟာ အရာရာကို အကောင်းကြိုက်ပြီး အအိပ်လည်းမက်ကြပါတယ်။ တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့ရာသီခွင်တွေဖြစ်သလို အချစ်ကြီးတဲ့သူတွေလည်း ဖြစ်ပါတယ်။